လူအခွင့်အရေးချိုးဖောက်မှုတွေအတွက် အစ္စရေးစစ်တပ်ကို ပိတ်ဆို့မှုတွေချမှတ်ဖို့ အမေရိကန်အစိုးရ စဉ်းစားနေ

 1884

ဂျန်ဇက် (NP News) – ဧပြီ ၂၂

အမေရိကန်နိုင်ငံဟာ အစ္စရေးစစ်တပ်ကို လူအခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုတွေချမှတ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်ဟာ အနောက်ဘက်ကမ်းခြေမှာ လူအခွင့်ရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်အစိုးရက ပိတ်ဆို့မှုချမှတ်ဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က အနောက်ဘက်ကမ်းခြေမှာ လူအခွင့်အရေးချိုးဖောက်မှု တွေရှိနေတဲ့ အစ္စရေးစစ်တပ်ကို စစ်ရေးအကူအညီပေးမှုတွေလျော့ချဖြတ်တောက်တာမျိုး လုပ်ဆောင်မှာဖြစ်တယ် လို့ ပြောဆိုခဲ့ပေမယ့် အသေးစိတ်အခြေအနေတွေကို ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိခဲ့ပါဘူး၊
အစ္စရေးစစ်တပ်ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းကတည်းက လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာခဲ့ကြောင်း မကြာသေးမီက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "အနောက်ဘက်ကမ်းခြေမှာ အစ္စရေးရဲ့စစ်တပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှု တွေကို ဘာတွေလုပ်ဆောင်မယ်ဆိုတာကို မကြာခင်တွေ့မြင်ရမှာပါ။ ကျွန်တော်တို့ဟာ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်သွားမယ်" လို့ ပြောပါတယ်။

အစ္စရေးနိုင်ငံရှိ အမေရိကန်သံရုံးဟာ အနောက်ဘက်ကမ်းခြေမှာ အစ္စရေးစစ်သားတွေ လူအခွင့်အရေး ချိုးဖောက်ခဲ့ တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ၂ဝ၂၂ ခုနှစ်နောက်ပိုင်းကတည်းက စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ အမေရိကန်ဟာ အစ္စရေးနိုင်ငံ တည်ထောင်ခဲ့ပြီးနောက်ပိုင်းကတည်းက အရှေ့အလယ်ပိုင်းဒေသမှာ အဓိကအရေးပါတဲ့ မဟာမိတ်နိုင်ငံဖြစ်ပါတယ်။

ဒါပေမယ့် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းအရပ်သားတွေ သေဆုံးမှုတွေအတွက် သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

Zawgyi Version;
လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္ အစၥေရးစစ္တပ္ကို ပိတ္ဆို႔မႈေတြခ်မွတ္ဖို႔ အေမရိကန္အစိုးရ စဥ္းစားေန
ဂ်န္ဇက္ (NP News) – ဧၿပီ ၂၂

အေမရိကန္ႏိုင္ငံဟာ အစၥေရးစစ္တပ္ကို လူအခြင့္ေရးခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္ၿပီး ပိတ္ဆို႔မႈေတြခ်မွတ္ဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။ အစၥေရးစစ္တပ္ဟာ အေနာက္ဘက္ကမ္းေျခမွာ လူအခြင့္ေရးခ်ိဳးေဖာက္မႈေတြ ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ၿပီးေနာက္ အေမရိကန္အစိုးရက ပိတ္ဆို႔မႈခ်မွတ္ဖို႔ စီစဥ္ေနျခင္း ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္က အေနာက္ဘက္ကမ္းေျခမွာ လူအခြင့္အေရးခ်ိဳးေဖာက္မႈ ေတြရွိေနတဲ့ အစၥေရးစစ္တပ္ကို စစ္ေရးအကူအညီေပးမႈေတြေလ်ာ့ခ်ျဖတ္ေတာက္တာမ်ိဳး လုပ္ေဆာင္မွာျဖစ္တယ္ လို႔ ေျပာဆိုခဲ့ေပမယ့္ အေသးစိတ္အေျခအေနေတြကို ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိခဲ့ပါဘူး၊
အစၥေရးစစ္တပ္ဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ နဲ႔ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္းကတည္းက လူအခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိလာခဲ့ေၾကာင္း မၾကာေသးမီက သတင္းေတြထြက္ေပၚခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက "အေနာက္ဘက္ကမ္းေျခမွာ အစၥေရးရဲ႕စစ္တပ္ရဲ႕ လူအခြင့္အေရးခ်ိဳးေဖာက္မႈ ေတြကို ဘာေတြလုပ္ေဆာင္မယ္ဆိုတာကို မၾကာခင္ေတြ႕ျမင္ရမွာပါ။ ကြၽန္ေတာ္တို႔ဟာ ဆုံးျဖတ္ထားၿပီး ျဖစ္ပါတယ္။ လာမယ့္ရက္ပိုင္းအတြင္း သတင္းထုတ္ျပန္သြားမယ္" လို႔ ေျပာပါတယ္။

အစၥေရးႏိုင္ငံရွိ အေမရိကန္သံ႐ုံးဟာ အေနာက္ဘက္ကမ္းေျခမွာ အစၥေရးစစ္သားေတြ လူအခြင့္အေရး ခ်ိဳးေဖာက္ခဲ့ တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြကို ၂ဝ၂၂ ခုႏွစ္ေနာက္ပိုင္းကတည္းက စုံစမ္းစစ္ေဆးခဲ့ေၾကာင္း သိရပါတယ္။ အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကေတာ့ စြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားပါတယ္။ အေမရိကန္ဟာ အစၥေရးႏိုင္ငံ တည္ေထာင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက အေရွ႕အလယ္ပိုင္းေဒသမွာ အဓိကအေရးပါတဲ့ မဟာမိတ္ႏိုင္ငံျဖစ္ပါတယ္။

ဒါေပမယ့္ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ပါလက္စတိုင္းအရပ္သားေတြ ေသဆုံးမႈေတြအတြက္ သေဘာထားကြဲလြဲမႈေတြျဖစ္ခဲ့ဖူးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.