ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အဆိုပြုချက်အားလုံးကို ငြင်းဆန်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော

 338

ဂျန်ဇက် (NP News) – ဧပြီ ၂၂

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးပြန်လွတ်မြောက်အောင် အဆိုပြုခဲ့တဲ့ အဆိုပြုချက်အားလုံးကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ငြင်းဆန်ခဲ့ကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်မယ့်အပြင် နယ်မြေသိမ်းယူမှုတွေနဲ့ နာကျင်ထိခိုက်မှုတွေဖြစ်အောင် ပိုမိုလုပ်ဆောင်မယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်က "ဖမ်းဆီးခံထားရသူတွေကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ဟားမက်စ်အဖွဲ့ဟာ အစ္စရေးအစိုးရရဲ့ကမ်းလှမ်းမှုအားလုံးကို ငြင်းဆန်ခဲ့တယ်။ ဟားမက်စ်အဖွဲ့ဟာ ကျွန်တော်တို့ ကို အကွဲအပြဲဖြစ်အောင်လုပ်ဆောင်နေတယ်။ အစ္စရေးအစိုးရကို တိုက်ရိုက်ဖိအားပေးဖို့ လုပ်ဆောင်ခဲ့တယ်။ ပြန်ပေးဆွဲခံထားရသူတွေအားလုံး ပြန်လွတ်မြောက်ရေးက အခက်အခဲတွေရှိလာနေတယ်။ ကျွန်တော်တို့ဟာ ဟားမက်စ်အဖွဲ့ကို အပြီးသတ်အနိုင်ယူဖို့၊ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးပြန်လွတ်မြောက်ဖို့တစ်ခုတည်းသော နည်းလမ်းက စစ်ရေးနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့ ဖိအားပေးရမှာဖြစ်တယ်" လို့ ပြောပါတယ်။

ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနိုင်ငံကို ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တိုက်ခိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၂၅ဝ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖမ်းဆီးခဲ့သူတွေက အချို့က ပြန်လွတ်မြောက်ခဲ့ပေမယ့် အချို့က သေဆုံးခဲ့ပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့ လက်ထဲမှာ ဖမ်းဆီးခံရသူတွေ ကျန်ရှိနေသေးကြောင်း သိရပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲမှာ ဖမ်းဆီးခံထားရသူအနည်းဆုံး ၁၂၉ ဦး ကျန်နေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေက တားမြစ်မှုတွေရှိခဲ့ ပေမယ့် ဂါဇာဒေသ တောင်ပိုင်းကို ဆက်လက်တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဂါဇာဒေသတောင်ပိုင်း ရာဖယ်မြို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရေးနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ အစ္စရေး နိုင်ငံကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ဖြစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕က အဆိုျပဳခ်က္အားလုံးကို ျငင္းဆန္ခဲ့ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) – ဧၿပီ ၂၂

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဖမ္းဆီးခံထားရသူအားလုံး အျမန္ဆုံးျပန္လြတ္ေျမာက္ေအာင္ အဆိုျပဳခဲ့တဲ့ အဆိုျပဳခ်က္အားလုံးကို ဟားမက္စ္လက္နက္ကိုင္အဖြဲ႕က ျငင္းဆန္ခဲ့ေၾကာင္း၊ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို ဖိအားေပးမႈေတြ ပိုမိုလုပ္ေဆာင္မယ့္အျပင္ နယ္ေျမသိမ္းယူမႈေတြနဲ႔ နာက်င္ထိခိုက္မႈေတြျဖစ္ေအာင္ ပိုမိုလုပ္ေဆာင္မယ္လို႔ သတိေပးေျပာဆိုလိုက္ပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က "ဖမ္းဆီးခံထားရသူေတြကို မိခင္ႏိုင္ငံကို ျပန္လည္ေခၚယူဖို႔ ဆုံးျဖတ္ထားတယ္။ ဒါေပမယ့္ ဟားမက္စ္အဖြဲ႕ဟာ အစၥေရးအစိုးရရဲ႕ကမ္းလွမ္းမႈအားလုံးကို ျငင္းဆန္ခဲ့တယ္။ ဟားမက္စ္အဖြဲ႕ဟာ ကြၽန္ေတာ္တို႔ ကို အကြဲအၿပဲျဖစ္ေအာင္လုပ္ေဆာင္ေနတယ္။ အစၥေရးအစိုးရကို တိုက္႐ိုက္ဖိအားေပးဖို႔ လုပ္ေဆာင္ခဲ့တယ္။ ျပန္ေပးဆြဲခံထားရသူေတြအားလုံး ျပန္လြတ္ေျမာက္ေရးက အခက္အခဲေတြရွိလာေနတယ္။ ကြၽန္ေတာ္တို႔ဟာ ဟားမက္စ္အဖြဲ႕ကို အၿပီးသတ္အႏိုင္ယူဖို႔၊ ဖမ္းဆီးခံထားရသူေတြ အျမန္ဆုံးျပန္လြတ္ေျမာက္ဖို႔တစ္ခုတည္းေသာ နည္းလမ္းက စစ္ေရးနဲ႔ သံတမန္ေရးနည္းလမ္းေတြနဲ႔ ဖိအားေပးရမွာျဖစ္တယ္" လို႔ ေျပာပါတယ္။

ဟားမက္စ္လက္နက္ကိုင္အုပ္စုေတြဟာ အစၥေရးႏိုင္ငံကို ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာ ၇ ရက္ေန႔က စတင္တိုက္ခိုက္ခိုက္ခဲ့ၿပီးေနာက္ လူေပါင္း ၂၅ဝ ေက်ာ္ကို ဖမ္းဆီးခဲ့ပါတယ္။ အဲဒီဖမ္းဆီးခဲ့သူေတြက အခ်ိဳ႕က ျပန္လြတ္ေျမာက္ခဲ့ေပမယ့္ အခ်ိဳ႕က ေသဆုံးခဲ့ၿပီး ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ လက္ထဲမွာ ဖမ္းဆီးခံရသူေတြ က်န္ရွိေနေသးေၾကာင္း သိရပါတယ္။

ဟားမက္စ္လက္နက္ကိုင္အဖြဲ႕လက္ထဲမွာ ဖမ္းဆီးခံထားရသူအနည္းဆုံး ၁၂၉ ဦး က်န္ေနဆဲျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ဟာ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက တားျမစ္မႈေတြရွိခဲ့ ေပမယ့္ ဂါဇာေဒသ ေတာင္ပိုင္းကို ဆက္လက္တိုက္ခိုက္ဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။

ဂါဇာေဒသေတာင္ပိုင္း ရာဖယ္ၿမိဳ႕ကို ဆက္လက္ထိုးစစ္ဆင္တိုက္ခိုက္ေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ အစၥေရး ႏိုင္ငံၾကားမွာလည္း သေဘာထားကြဲလြဲမႈေတြ ျဖစ္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.