မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်အများအပြားကို ထပ်မံ စမ်းသပ်ပစ်လွှတ်

 882

Pika (NP News) – ဧပြီ ၂၂

ဧပြီလ(၂၂)ရက်မှာ မြောက်ကိုရီးယားဟာ ၎င်းရဲ့နိုင်ငံအရှေ့ဖက်ကမ်းရိုးတန်းပင်လယ်ပြင်ထဲကို ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ပြောကြားခဲ့ပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်တွေဟာ ဂျပန်နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန်အပြင်ဘက်ကို ကျရောက်သွားခဲ့ပုံပေါ်တယ်လို့ NHK ရုပ်သံလိုင်းက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေဖြစ်တယ်လို့ ဂျပန်အစိုးရ တာဝန်ရှိသူတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး NTV ရုပ်သံလိုင်းက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ပဲ့ထိန်းဒုံးကျည်တွေဟာ အကွာအဝေးကီလိုမီတာ(၃၀၀)လောက်အထိ ပျံသန်းခဲ့ပြီး ပင်လယ်ထဲကို ကျသွားတယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်ရုံးက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား၏ စပိုင်ဂြိုလ်တုတည်ဆောက်မှုနဲ့ ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွေ ကြီးထွားလာတာကို ဆွေးနွေးဖို့အတွက် ဧပြီလ(၂၂)ရက်မှာ အမေရိကန်အာကာသကွပ်ကဲမှုဌာန ဗိုလ်ချုပ်ကြီး စတီဖင်ဝှိုက်တင်းနဲ့ တောင်ကိုရီးယားထိပ်တန်းစစ်ဘက်အရာရှိ ရေတပ်ဗိုလ်ချုပ် Kim Myung-soo တို့ တွေ့ဆုံခဲ့ပြီးနောက် ဒီလိုပစ်လွှတ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ရုရှားသမ္မတပူတင် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံခဲ့ပြီး နောက် မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် စစ်လက်နက်ပစ္စည်းတွေ ရုရှားကို ပေးပို့ခဲ့တယ် လို့ စွပ်စွဲပြောဆိုခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း နှစ်နိုင်ငံလုံးက အဲဒီစွပ်စွဲပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဒါ့အပြင် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်အတွက် ဒီဇိုင်းထုတ်ထားတဲ့ ကြီးမားတဲ့ဒုံးကျည်ထိပ်ဖူးကို စမ်းသပ်ခဲ့ တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်အစီအစဉ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ထားပေမယ့် လည်း အဲဒီအထဲမှာ ပဲ့ထိန်းဒုံးကျည်တွေ ပါဝင်ခြင်းမျိုးတော့ မရှိဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို ထပ္မံ စမ္းသပ္ပစ္လႊတ္
Pika (NP News) – ဧၿပီ ၂၂

ဧၿပီလ(၂၂)ရက္မွာ ေျမာက္ကိုရီးယားဟာ ၎ရဲ႕ႏိုင္ငံအေရွ႕ဖက္ကမ္း႐ိုးတန္းပင္လယ္ျပင္ထဲကို ပဲ့ထိန္းဒုံးက်ည္ အမ်ားအျပား ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ ပဲ့ထိန္းဒုံးက်ည္လို႔ ယူဆရတဲ့ဒုံးက်ည္အမ်ားအျပားကို ပစ္လႊတ္ခဲ့တယ္လို႔ ဂ်ပန္ ကမ္းေျခေစာင့္တပ္ဖြဲ႕ကလည္း ေျပာၾကားခဲ့ပါတယ္။ အဲဒီပဲ့ထိန္းဒုံးက်ည္ေတြဟာ ဂ်ပန္ႏိုင္ငံရဲ႕ သီးသန႔္ စီးပြားေရးဇုန္အျပင္ဘက္ကို က်ေရာက္သြားခဲ့ပုံေပၚတယ္လို႔ NHK ႐ုပ္သံလိုင္းက ေျပာၾကားခဲ့ပါတယ္။
ေျမာက္ကိုရီးယားက ပစ္လႊတ္လိုက္တဲ့ဒုံးက်ည္ေတြဟာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြျဖစ္တယ္လို႔ ဂ်ပန္အစိုးရ တာဝန္ရွိသူေတြရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး NTV ႐ုပ္သံလိုင္းက ေဖာ္ျပခဲ့ပါတယ္။ ေျမာက္ကိုရီးယားက ပစ္လႊတ္လိုက္တဲ့ပဲ့ထိန္းဒုံးက်ည္ေတြဟာ အကြာအေဝးကီလိုမီတာ(၃၀၀)ေလာက္အထိ ပ်ံသန္းခဲ့ၿပီး ပင္လယ္ထဲကို က်သြားတယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္႐ုံးက ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယား၏ စပိုင္ၿဂိဳလ္တုတည္ေဆာက္မႈနဲ႔ ႐ုရွားနဲ႔ ေျမာက္ကိုရီးယားၾကား စစ္ဘက္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္မႈေတြ ႀကီးထြားလာတာကို ေဆြးေႏြးဖို႔အတြက္ ဧၿပီလ(၂၂)ရက္မွာ အေမရိကန္အာကာသကြပ္ကဲမႈဌာန ဗိုလ္ခ်ဳပ္ႀကီး စတီဖင္ဝႈိက္တင္းနဲ႔ ေတာင္ကိုရီးယားထိပ္တန္းစစ္ဘက္အရာရွိ ေရတပ္ဗိုလ္ခ်ဳပ္ Kim Myung-soo တို႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ ဒီလိုပစ္လႊတ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလမွာ ႐ုရွားသမၼတပူတင္ နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းတို႔ ေတြ႕ဆုံခဲ့ၿပီး ေနာက္ ေျမာက္ကိုရီးယားဟာ ယူကရိန္းစစ္ပြဲမွာ အသုံးျပဳဖို႔အတြက္ စစ္လက္နက္ပစၥည္းေတြ ႐ုရွားကို ေပးပို႔ခဲ့တယ္ လို႔ စြပ္စြဲေျပာဆိုခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ႏွစ္ႏိုင္ငံလုံးက အဲဒီစြပ္စြဲေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

ဒါ့အျပင္ မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ဒုံးက်ည္အတြက္ ဒီဇိုင္းထုတ္ထားတဲ့ ႀကီးမားတဲ့ဒုံးက်ည္ထိပ္ဖူးကို စမ္းသပ္ခဲ့ တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေျပာဆိုခဲ့ပါတယ္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီဟာ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားလက္နက္အစီအစဥ္ေတြအေပၚ ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေဆာင္ထားေပမယ့္ လည္း အဲဒီအထဲမွာ ပဲ့ထိန္းဒုံးက်ည္ေတြ ပါဝင္ျခင္းမ်ိဳးေတာ့ မရွိဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.