မဲဆောက်မြို့သို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့သူ မြန်မာနိုင်ငံသားများ နေရပ်ပြန်

 679

ဂျန်ဇက် (NP News) – ဧပြီ ၂၂

ကရင်ပြည်နယ် မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားမှုလျော့နည်းလာမှုနှင့်အတူ စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်လာ ခြင်းကြောင့် မဲဆောက်မြို့သို့ နေရပ်စွန့်ခွာလာခဲ့သော မြန်မာနိုင်ငံသားအချို့ မိခင်နိုင်ငံဘက်ခြမ်းသို့ပြန်သွားခဲ့ပြီ ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

မြဝတီမြို့တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဧပြီ ၂၁ ရက်က မြန်မာနိုင်ငံသား ၃၀၀၀ နီးပါးသည် မဲဆောက်မြို့သို့ နေရပ်စွန့်ခွာလာခဲ့ကြောင်း၊ သို့သော်လည်း ဧပြီ ၂၂ ရက်တွင် မဲဆောက်မြို့သို့ရောက်ရှိနေသည့် မြန်မာနေရပ်စွန့်ခွာသူများအနက်မှ ၁၀၀၀ ကျော် ပြန်သွားခဲ့ကြောင်း ထိုင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန် ဆာအန်ဆီရက်က ပြောဆိုသည်။

ထိုင်းဒုတိယဗိုလ်ချုပ်ကြီးက ဧပြီ ၂၂ ရက်တွင် မြဝတီမြို့တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးက ဆွေးနွေးနေကြောင်း ထိုင်းနှင့် မြန်မာအမှတ်(၁) ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ထားပြီး ကုန်သွယ်မှုများ ပြန်လည်လုပ်ကိုင်နေကြောင်း ပြောသည်။

ထိုင်းအမှတ်(၃)တပ်မသည် မြန်မာနှင့် ထိုင်းနယ်စပ်ဒေသတစ်လျှောက်အခြေအနေများကို အနီးကပ် စောင့်ကြည့် နေကြောင်း ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန် ဆာအန်ဆီရက် က ပြောသည်။

မြဝတီမြို့တွင်တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုများကြောင့် မဲဆောက်မြို့ရှိ အိမ်တစ်လုံး ကို ကျည်ဆံထိမှန်မှုများရှိခဲ့ကြောင်း၊ မဲဆောက်မြို့ရှိ အိမ်ကျည်ဆံထိမှန်မှုများအတွက် ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းဒုတိယဗိုလ်ချုပ်ကြီးက ပြောသည်။

Zawgyi Version;
မဲေဆာက္ၿမိဳ႕သို႔ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့သူ ျမန္မာႏိုင္ငံသားမ်ား ေနရပ္ျပန္
ဂ်န္ဇက္ (NP News) – ဧၿပီ ၂၂

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ တိုက္ပြဲျဖစ္ပြားမႈေလ်ာ့နည္းလာမႈႏွင့္အတူ ေစ့စပ္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္လာ ျခင္းေၾကာင့္ မဲေဆာက္ၿမိဳ႕သို႔ ေနရပ္စြန႔္ခြာလာခဲ့ေသာ ျမန္မာႏိုင္ငံသားအခ်ိဳ႕ မိခင္ႏိုင္ငံဘက္ျခမ္းသို႔ျပန္သြားခဲ့ၿပီ ျဖစ္ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ျမဝတီၿမိဳ႕တြင္ တိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဧၿပီ ၂၁ ရက္က ျမန္မာႏိုင္ငံသား ၃၀၀၀ နီးပါးသည္ မဲေဆာက္ၿမိဳ႕သို႔ ေနရပ္စြန႔္ခြာလာခဲ့ေၾကာင္း၊ သို႔ေသာ္လည္း ဧၿပီ ၂၂ ရက္တြင္ မဲေဆာက္ၿမိဳ႕သို႔ေရာက္ရွိေနသည့္ ျမန္မာေနရပ္စြန႔္ခြာသူမ်ားအနက္မွ ၁၀၀၀ ေက်ာ္ ျပန္သြားခဲ့ေၾကာင္း ထိုင္းစစ္တပ္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ပရာဆန္ ဆာအန္ဆီရက္က ေျပာဆိုသည္။

ထိုင္းဒုတိယဗိုလ္ခ်ဳပ္ႀကီးက ဧၿပီ ၂၂ ရက္တြင္ ျမဝတီၿမိဳ႕တြင္ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားႏွင့္ပတ္သက္ၿပီး ႏွစ္ဖက္စလုံးက ေဆြးေႏြးေနေၾကာင္း ထိုင္းႏွင့္ ျမန္မာအမွတ္(၁) ခ်စ္ၾကည္ေရးတံတားကို ျပန္လည္ဖြင့္လွစ္ထားၿပီး ကုန္သြယ္မႈမ်ား ျပန္လည္လုပ္ကိုင္ေနေၾကာင္း ေျပာသည္။

ထိုင္းအမွတ္(၃)တပ္မသည္ ျမန္မာႏွင့္ ထိုင္းနယ္စပ္ေဒသတစ္ေလွ်ာက္အေျခအေနမ်ားကို အနီးကပ္ ေစာင့္ၾကည့္ ေနေၾကာင္း ထိုင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ပရာဆန္ ဆာအန္ဆီရက္ က ေျပာသည္။

ျမဝတီၿမိဳ႕တြင္တိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အျပန္အလွန္ပစ္ခတ္မႈမ်ားေၾကာင့္ မဲေဆာက္ၿမိဳ႕ရွိ အိမ္တစ္လုံး ကို က်ည္ဆံထိမွန္မႈမ်ားရွိခဲ့ေၾကာင္း၊ မဲေဆာက္ၿမိဳ႕ရွိ အိမ္က်ည္ဆံထိမွန္မႈမ်ားအတြက္ ဆန႔္က်င္ကန႔္ကြက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ထိုင္းဒုတိယဗိုလ္ခ်ဳပ္ႀကီးက ေျပာသည္။

Related news

© 2021. All rights reserved.