တောင်ကြီးမြို့ မြစိမ်းတောင်ဘုန်းကြီးကျောင်းအနီးတွင် တောမီးလောင်မှုဖြစ်ပွား

 1344

သန့်ဇင် (NP News) - ဧပြီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မြစိမ်းတောင်ဘုန်းကြီးကျောင်းအနီးတွင်တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တောမီးလောင်မှုသည် ယမန်နေ့(ဧပြီလ ၂၁ရက်)၊ ည ၈နာရီ ၂၅မိနစ်အချိန်ခန့်တွင် တောင်ကြီးမြို့၊ သစ်တော်ရပ်ကွက်၊ မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်းနှင့် နဂါးကန်ဘုန်းတော်ကြီးကျောင်းကြားရှိ တောင်ကြောတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်စဉ်နှစ်တိုင်းလောင်နေကြအတိုင်း တောမီးလောင်တာပါ။ တောဆိုတော့ သစ်ရွက်ခြောက်တွေကနေစလောင်တာပေါ့။ အများကြီးလောင်သွားတာလည်းမဟုတ်ပါဘူး။ တောင်ကြောလေးတစ်ခုလောင်သွားတာပါ။ မြို့ကနေလှမ်းကြည့်တော့ တောင်ပေါ်လည်းဖြစ်တယ်။ လေကလည်းတိုက်နေတော့ မီးတောက်ကမြင့်တယ်လို့ထင်ရတာပါ။ ကြိုးဝိုင်းသစ်တောဘက်လည်း မရောက်ပါဘူး။” ဟု တောင်းကြီးမြို့ခံတစ်ဦးက NP News ကိုပြောသည်။

၎င်းတောမီးလောင်မှုကို ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ တောင်ကြီးမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များက (၄)နာရီကျော်ခန့်ကြာ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

zawgyi version
ေတာင္ႀကီးၿမိဳ႕ ျမစိမ္းေတာင္ဘုန္းႀကီးေက်ာင္းအနီးတြင္ ေတာမီးေလာင္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဧၿပီ ၂၂

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ ျမစိမ္းေတာင္ဘုန္းႀကီးေက်ာင္းအနီးတြင္ေတာမီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေတာမီးေလာင္မႈသည္ ယမန္ေန႔(ဧၿပီလ ၂၁ရက္)၊ ည ၈နာရီ ၂၅မိနစ္အခ်ိန္ခန႔္တြင္ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာ္ရပ္ကြက္၊ ျမစိမ္းေတာင္ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ နဂါးကန္ဘုန္းေတာ္ႀကီးေက်ာင္းၾကားရွိ ေတာင္ေၾကာတစ္ခု၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ႏွစ္စဥ္ႏွစ္တိုင္းေလာင္ေနၾကအတိုင္း ေတာမီးေလာင္တာပါ။ ေတာဆိုေတာ့ သစ္႐ြက္ေျခာက္ေတြကေနစေလာင္တာေပါ့။ အမ်ားႀကီးေလာင္သြားတာလည္းမဟုတ္ပါဘူး။ ေတာင္ေၾကာေလးတစ္ခုေလာင္သြားတာပါ။ ၿမိဳ႕ကေနလွမ္းၾကည့္ေတာ့ ေတာင္ေပၚလည္းျဖစ္တယ္။ ေလကလည္းတိုက္ေနေတာ့ မီးေတာက္ကျမင့္တယ္လို႔ထင္ရတာပါ။ ႀကိဳးဝိုင္းသစ္ေတာဘက္လည္း မေရာက္ပါဘူး။” ဟု ေတာင္းႀကီးၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

၎ေတာမီးေလာင္မႈကို ရွမ္းျပည္နယ္မီးသတ္ဦးစီးမႉး႐ုံးမွ မီးျငႇိမ္းသတ္ယာဥ္(၃)စီး၊ ေတာင္ႀကီးၿမိဳနယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၂)စီး၊ သေႏၶမီးသတ္တပ္ဖြဲဝင္မ်ား၊ အရန္မီးသတ္ဖြဲ႕ဝင္မ်ားက (၄)နာရီေက်ာ္ခန႔္ၾကာ ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.