ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှစတင်သော အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဟု RCSS အသိပေး

 1728

Pearl (NP News) - ဧပြီ ၂၂

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှစတင်သော အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ က ယနေ့ (ဧပြီလ ၂၂ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

RCSS/SSA ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွဲ့အစည်းလှုပ်ရှားထိန်းချုပ်ရာ နယ်မြေများအတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံခြင်း၊ တပ်မဟာနယ်မြေအသီးသီးတွင် စစ်ပညာသင်ယူနေသော တပ်သားသစ်များနှင့်တွေ့ဆုံခြင်းတို့ကို မတ်လနှင့် ဧပြီလအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်အနေဖြင့် စစ်ပညာသင်ယူနေသည့် လူငယ်များကို အမျိုးသားရေးဆိုင်ရာ တာဝန်များ၊ ရှမ်းပြည်နှင့် ဇာတိရပ်ရွာအပေါ် တန်ဖိုးထားမှုများ မှန်ကန်စွာ သိမြင်စေရန်၊ မိမိကိုယ်ကို နှင့် မိမိရပ်ရွာကို ကိုယ်တိုင်ကာကွယ်နိုင်သည်အထိ အခြေခံစစ်ပညာကို စနစ်တကျသင်ကြားတတ်မြောက်ရန်အတွက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ကော်မတီက ဆိုသည်။

ထို့ပြင် ဖြတ်သန်းခဲ့ပြီးသော နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် သဘောတူညီချက်များကို လက်တွေ့စတင်အကောင်အထည်ဖော်ရန်၊ အထူး သဖြင့် ဒေသန္တရအဆင့်မှ အခြေခံတကျ ပြင်ဆင်တည်ဆောက်နိုင်ရန်အတွက် သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

RCSS/SSA ထိန်းချုပ်ရာ နယ်မြေဒေသအတွင်းရှိ အခြေခံ စစ်ပညာ သင်တန်းများ၌ တပ်သားသစ် (၆၀၀၀)ဦး သင်တန်းတတ်ရောက်နေကြောင်းလည်း သိရသည်။ လက်ရှိတွင် RCSS အနေဖြင့် ဒေသအတွင်းတည်ငြိမ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ဖြင့် အောက်ခြေမှစတင်သော အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သော ကာလအတွင်း၌ RCSS ထိန်းချုပ်ရာဒေသများတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်ကြီး ယွက်စစ်အနေဖြင့် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော RCSS လက်နက်ကိုင်အဖွဲ့သည် လက်ရှိ နစက အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

zawgyi version
ကိုယ္ပိုင္ျပ႒ာန္းခြင့္တို႔ျဖင့္ ေအာက္ေျခမွစတင္ေသာ အုပ္ခ်ဳပ္မႈျပဳျပင္ေျပာင္းလဲေရးကို စတင္ေဆာင္႐ြက္ေနၿပီဟု RCSS အသိေပး
Pearl (NP News) - ဧၿပီ ၂၂

ကိုယ္ပိုင္ျပ႒ာန္းခြင့္တို႔ျဖင့္ ေအာက္ေျခမွစတင္ေသာ အုပ္ခ်ဳပ္မႈျပဳျပင္ေျပာင္းလဲေရးကို စတင္ေဆာင္႐ြက္ေနၿပီဟု ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ က ယေန႔ (ဧၿပီလ ၂၂ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။

RCSS/SSA ၏ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က အဖြဲ႕အစည္းလႈပ္ရွားထိန္းခ်ဳပ္ရာ နယ္ေျမမ်ားအတြင္းရွိ ျပည္သူမ်ားႏွင့္ေတြ႕ဆုံျခင္း၊ တပ္မဟာနယ္ေျမအသီးသီးတြင္ စစ္ပညာသင္ယူေနေသာ တပ္သားသစ္မ်ားႏွင့္ေတြ႕ဆုံျခင္းတို႔ကို မတ္လႏွင့္ ဧၿပီလအတြင္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္အေနျဖင့္ စစ္ပညာသင္ယူေနသည့္ လူငယ္မ်ားကို အမ်ိဳးသားေရးဆိုင္ရာ တာဝန္မ်ား၊ ရွမ္းျပည္ႏွင့္ ဇာတိရပ္႐ြာအေပၚ တန္ဖိုးထားမႈမ်ား မွန္ကန္စြာ သိျမင္ေစရန္၊ မိမိကိုယ္ကို ႏွင့္ မိမိရပ္႐ြာကို ကိုယ္တိုင္ကာကြယ္ႏိုင္သည္အထိ အေျခခံစစ္ပညာကို စနစ္တက်သင္ၾကားတတ္ေျမာက္ရန္အတြက္ ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္ဟု အထက္ပါ ေကာ္မတီက ဆိုသည္။

ထို႔ျပင္ ျဖတ္သန္းခဲ့ၿပီးေသာ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားမွ ထြက္ေပၚလာသည့္ သေဘာတူညီခ်က္မ်ားကို လက္ေတြ႕စတင္အေကာင္အထည္ေဖာ္ရန္၊ အထူး သျဖင့္ ေဒသႏၲရအဆင့္မွ အေျခခံတက် ျပင္ဆင္တည္ေဆာက္ႏိုင္ရန္အတြက္ သြားေရာက္ခဲ့ျခင္း ျဖစ္သည္ဟုလည္း ထုတ္ျပန္ထားသည္။

RCSS/SSA ထိန္းခ်ဳပ္ရာ နယ္ေျမေဒသအတြင္းရွိ အေျခခံ စစ္ပညာ သင္တန္းမ်ား၌ တပ္သားသစ္ (၆၀၀၀)ဦး သင္တန္းတတ္ေရာက္ေနေၾကာင္းလည္း သိရသည္။ လက္ရွိတြင္ RCSS အေနျဖင့္ ေဒသအတြင္းတည္ၿငိမ္ေရး၊ ဖက္ဒရယ္ဒီမိုကေရစီ နည္းလမ္းတက် တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ တို႔ျဖင့္ ေအာက္ေျခမွစတင္ေသာ အုပ္ခ်ဳပ္မႈျပဳျပင္ေျပာင္းလဲေရးကို စတင္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ ၿပီးခဲ့ေသာ ကာလအတြင္း၌ RCSS ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို စတင္အေကာင္အထည္ေဖာ္ရန္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္အေနျဖင့္ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ဦးေဆာင္ေသာ RCSS လက္နက္ကိုင္အဖြဲ႕သည္ လက္ရွိ နစက အစိုးရႏွင့္ ၿငိမ္းခ်မ္းေရး ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ထားသည့္ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုလည္းျဖစ္သည္။

Related news

© 2021. All rights reserved.