ဂျူးဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသော ပါလက်စတိုင်းထောက်ခံသူများကို သမ္မတဘိုင်ဒင် ရှုတ်ချ

 610

ALynn (NP News) - ဧပြီ ၂၃

ကိုလံဘီယာတက္ကသိုလ်မှာ ပါလက်စတိုင်းလိုလားသည့် တက်ကြွလှုပ်ရှားသူတွေက ဂျူးဆန့်ကျင်ရေးဝါဒကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြသလိုက်သည့်လုပ်ရပ်အတွက် အမေရိကန်သမ္မတ ဘိုင်ဒင်က ရှုတ်ချခဲ့သည်။

တနင်္ဂနွေနေ့ (ဧပြီလ ၂၁ ရက်) တွင် ဂျူးလူမျိုးတို့၏ လွတ်လပ် ရေးအထိမ်းအမှတ်အဖြစ် ကြေညာချက်တွင် ဘိုင်ဒင် က “ကျွန်ုပ်တို့၏ ကျောင်းများ၊ အသိုင်းအဝိုင်းများ နှင့် အွန်လိုင်းများတွင် ဂျူးမုန်းတီးရေးဝါဒ မြင့်တက်လာခြင်းကို ဆန့်ကျင်ရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။
“မကြာသေးမီရက်များအတွင်း၌ ဂျူးများအပေါ် နှောင့်ယှက်မှုများနှင့် အကြမ်းဖက်မှုများကို တွေ့ခဲ့ရကြောင်း၊ ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း ဂျူးဆန့်ကျင်ရေးဝါဒသည် ရှုတ်ချဖွယ်ဖြစ်ပြီး၊ ၎င်းသည် ကောလိပ်ကျောင်းများ (သို့မဟုတ်) ကျွန်ုပ်တို့နိုင်ငံ၏ မည်သည့်နေရာတွင်မျှ လုံးဝ မရှိစေရ" ဟု ဘိုင်ဒင်က မှတ်ချက်ပြုခဲ့သည်။

သီတင်းပတ်ကုန်က နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်ဝန်းအတွင်း ဂျူးကျောင်းသားများအား နှောင့်ယှက် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပြီးနောက် ထိုကဲ့သို့ သမ္မတဘိုင်ဒင်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာတွင် မျှဝေထားသည့် ဗီဒီယိုဖိုင်အရ တက်ကြွလှုပ်ရှားသူများက ဂျူးကျောင်းသားများကို “ပိုလန်ကို ပြန်သွားကြဖို့” နှင့် “အောက်တိုဘာ ၇ ရက်ဟာ မင်းတို့အတွက် နေ့တိုင်းဖြစ်နေမှာပါ” ဟူ၍ ပြောဆိုနေကြသည်ကို တွေ့ရသည်။

တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ဆန္ဒပြ တက်ကြွလှုပ်ရှားသူအုပ်စုက “ပေါက်ကွဲခြင်းမျိုးမလုပ်ခဲ့ ကြောင်း” နှင့် “မုန်းတီးမှု (သို့မဟုတ်) တစ်ယူသန်မှု” နှင့်ဆိုင်သည့် မည်သည့်လုပ်ရပ်ကိုမဆို ရှုတ်ချကြောင်း ပြောကြားခဲ့ သည်။

အမေရိကန်၏ ဂုဏ်သိက္ခာအရှိဆုံး တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည့် ကိုလံဘီယာသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး ဂါဇာတွင် အစ္စရေးစစ်ပွဲ စတင်ချိန်မှစ၍ ကျောင်းသား လှုပ်ရှားမှု၏ အဓိကနေရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ကြာသပတေးနေ့က နယူးယောက် ရဲဌာနသည် ကျောင်းဝင်းအတွင်း ဝင်ရောက်ကာ ကျောင်းသားများ တည်ဆောက်ထားသည့်စခန်းတစ်ခုကို ရှင်းလင်းပြီးနောက် ပါလက်စတိုင်းလိုလားသော ဆန္ဒပြသူ ၁ဝဝ ကျော်ကို ဖမ်းဆီးခဲ့သည်။

Zawgyi Version;
ဂ်ဴးဆန႔္က်င္ေရးဆႏၵျပခဲ့ၾကေသာ ပါလက္စတိုင္းေထာက္ခံသူမ်ားကို သမၼတဘိုင္ဒင္ ရႈတ္ခ်
ALynn (NP News) - ဧၿပီ ၂၃

ကိုလံဘီယာတကၠသိုလ္မွာ ပါလက္စတိုင္းလိုလားသည့္ တက္ႂကြလႈပ္ရွားသူေတြက ဂ်ဴးဆန႔္က်င္ေရးဝါဒကို ေျပာင္ေျပာင္တင္းတင္း ထုတ္ေဖာ္ျပသလိုက္သည့္လုပ္ရပ္အတြက္ အေမရိကန္သမၼတ ဘိုင္ဒင္က ရႈတ္ခ်ခဲ့သည္။

တနဂၤေႏြေန႔ (ဧၿပီလ ၂၁ ရက္) တြင္ ဂ်ဴးလူမ်ိဳးတို႔၏ လြတ္လပ္ ေရးအထိမ္းအမွတ္အျဖစ္ ေၾကညာခ်က္တြင္ ဘိုင္ဒင္ က “ကြၽႏ္ုပ္တို႔၏ ေက်ာင္းမ်ား၊ အသိုင္းအဝိုင္းမ်ား ႏွင့္ အြန္လိုင္းမ်ားတြင္ ဂ်ဴးမုန္းတီးေရးဝါဒ ျမင့္တက္လာျခင္းကို ဆန႔္က်င္ရန္ လိုအပ္ေၾကာင္း” ေျပာၾကားခဲ့သည္။
“မၾကာေသးမီရက္မ်ားအတြင္း၌ ဂ်ဴးမ်ားအေပၚ ေႏွာင့္ယွက္မႈမ်ားႏွင့္ အၾကမ္းဖက္မႈမ်ားကို ေတြ႕ခဲ့ရေၾကာင္း၊ ထိုကဲ့သို႔ ေျပာင္ေျပာင္တင္းတင္း ဂ်ဴးဆန႔္က်င္ေရးဝါဒသည္ ရႈတ္ခ်ဖြယ္ျဖစ္ၿပီး၊ ၎သည္ ေကာလိပ္ေက်ာင္းမ်ား (သို႔မဟုတ္) ကြၽႏ္ုပ္တို႔ႏိုင္ငံ၏ မည္သည့္ေနရာတြင္မွ် လုံးဝ မရွိေစရ" ဟု ဘိုင္ဒင္က မွတ္ခ်က္ျပဳခဲ့သည္။

သီတင္းပတ္ကုန္က နယူးေယာက္ရွိ ကိုလံဘီယာ တကၠသိုလ္ဝန္းအတြင္း ဂ်ဴးေက်ာင္းသားမ်ားအား ေႏွာင့္ယွက္ ၿခိမ္းေျခာက္မႈမ်ား ျဖစ္ေပၚလာၿပီးေနာက္ ထိုကဲ့သို႔ သမၼတဘိုင္ဒင္၏ မွတ္ခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

ဆိုရွယ္မီဒီယာတြင္ မွ်ေဝထားသည့္ ဗီဒီယိုဖိုင္အရ တက္ႂကြလႈပ္ရွားသူမ်ားက ဂ်ဴးေက်ာင္းသားမ်ားကို “ပိုလန္ကို ျပန္သြားၾကဖို႔” ႏွင့္ “ေအာက္တိုဘာ ၇ ရက္ဟာ မင္းတို႔အတြက္ ေန႔တိုင္းျဖစ္ေနမွာပါ” ဟူ၍ ေျပာဆိုေနၾကသည္ကို ေတြ႕ရသည္။

တနဂၤေႏြေန႔က ထုတ္ျပန္ခ်က္တစ္ခုတြင္ ဆႏၵျပ တက္ႂကြလႈပ္ရွားသူအုပ္စုက “ေပါက္ကြဲျခင္းမ်ိဳးမလုပ္ခဲ့ ေၾကာင္း” ႏွင့္ “မုန္းတီးမႈ (သို႔မဟုတ္) တစ္ယူသန္မႈ” ႏွင့္ဆိုင္သည့္ မည္သည့္လုပ္ရပ္ကိုမဆို ရႈတ္ခ်ေၾကာင္း ေျပာၾကားခဲ့ သည္။

အေမရိကန္၏ ဂုဏ္သိကၡာအရွိဆုံး တကၠသိုလ္မ်ားထဲမွ တစ္ခုျဖစ္သည့္ ကိုလံဘီယာသည္ ေအာက္တိုဘာ ၇ ရက္ တိုက္ခိုက္မႈအၿပီး ဂါဇာတြင္ အစၥေရးစစ္ပြဲ စတင္ခ်ိန္မွစ၍ ေက်ာင္းသား လႈပ္ရွားမႈ၏ အဓိကေနရာတစ္ခုအျဖစ္ ေပၚထြက္လာခဲ့သည္။ ၾကာသပေတးေန႔က နယူးေယာက္ ရဲဌာနသည္ ေက်ာင္းဝင္းအတြင္း ဝင္ေရာက္ကာ ေက်ာင္းသားမ်ား တည္ေဆာက္ထားသည့္စခန္းတစ္ခုကို ရွင္းလင္းၿပီးေနာက္ ပါလက္စတိုင္းလိုလားေသာ ဆႏၵျပသူ ၁ဝဝ ေက်ာ္ကို ဖမ္းဆီးခဲ့သည္။

Related news

© 2021. All rights reserved.