အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါ်တက် ဓာတ်ပုံရိုက်နေစဉ် တရုတ်ခရီးသွားတစ်ဦး ချောက်ကမ်းပါးမှ ပြုတ်ကျ သေဆုံး

 4388

ရောင်နီ (NP News) - ဧပြီ ၂၂

ရင်သပ်ရှုမောဖွယ် မီးပြာလွင့်တဲ့ အပြာရောင်အလင်းတန်းဖြစ်စဉ်ကြောင့် လူသိများတဲ့ Kawah Ijen အင်ဒိုနီးရှား မီးတောင်တစ်ခုပေါ်မှာ ဓာတ်ပုံရိုက်နေတဲ့ တရုတ်အမျိုးသမီးတစ်ဦး ဧပြီ ၂၀ ရက်က ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။

မစ္စဟန်လီဟုန် (၃၁ နှစ်) နဲ့ သူမရဲ့ခင်ပွန်း ကျန်ယန် (၃၂ နှစ်) တို့ဟာ အရှေ့ဂျာဗားပြည်နယ်ရှိ မီးတောင် ခရီးသွားလုပ်ငန်း ပန်းခြံတစ်ခုဖြစ်တဲ့ အီဂျန်ကို လမ်းညွှန်ခရီးနဲ့ ထွက်လာကြပြီး နေထွက်ချိန်ကြည့်ရှုဖို့အတွက် မီးတောင်ဝ အစွန်းသို့တက်ခဲ့ကြတယ်လို့ Hongxing သတင်းက ဖော်ပြပါတယ်။

သူတို့ရဲ့ဧည့်လမ်းညွှန်က မီးတောင်ဝပေါ်က အန္တရာယ်တွေအကြောင်း သူတို့စုံတွဲကို သတိပေးခဲ့သေးတယ်လို့ ပြောပါတယ်။ ပထမ မစ္စဟုန် ဟာ ချောက်ကမ်းပါးစွန်းမှ ၂ မီတာမှ ၃ မီတာအကွာမှာ ဓာတ်ပုံရိုက်နေခဲ့ရာမှ ပိုလှပတဲ့ရှုခင်းကို ရိုက်ကူးဖို့ ခြေထောက်နောက်ဆုတ်ရင်း ရိုက်ကူးနေစဉ် သူဝတ်ဆင်ထားတဲ့ အဝတ်ရှည်ကို မတော်တဆ နင်းမိပြီး ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ၀တ်စုံ (သို့မဟုတ်) စကတ် ဝတ်ထားထားသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဆိုပါအမျိုးသမီးဟာ အမြင့် ၇၅ မီတာမှ ပြုတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုကို မတော်တဆမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါပါတယ်။

အထီးကျန်မီးတောင်လို့ အဓိပ္ပာယ်ရတဲ့ Kawah Ijen (ခေါ်) အဆိုပါ မီးတောင်ဟာ ခရီးသွားများနဲ့ မိုင်းတွင်း လုပ်သားများအတွက် ရေပန်းစားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ မီးတောင်ရှင်ပေါင်း ၁၃၀ ခန့်ရှိပြီး မြေသြဇာကောင်းသော လယ်ယာစိုက်ပျိုးရေး မြေဆီလွှာကြောင့် မီးတောင်များအနီး နေထိုင်သူ သန်းနဲ့ချီပြီး ရှိပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံမွာ မီးေတာင္ေပၚတက္ ဓာတ္ပုံ႐ိုက္ေနစဥ္ တ႐ုတ္ခရီးသြားတစ္ဦး ေခ်ာက္ကမ္းပါးမွ ျပဳတ္က် ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၂၂

ရင္သပ္ရႈေမာဖြယ္ မီးျပာလြင့္တဲ့ အျပာေရာင္အလင္းတန္းျဖစ္စဥ္ေၾကာင့္ လူသိမ်ားတဲ့ Kawah Ijen အင္ဒိုနီးရွား မီးေတာင္တစ္ခုေပၚမွာ ဓာတ္ပုံ႐ိုက္ေနတဲ့ တ႐ုတ္အမ်ိဳးသမီးတစ္ဦး ဧၿပီ ၂၀ ရက္က ေခ်ာက္ကမ္းပါးေပၚမွ ျပဳတ္က် ေသဆုံးသြားခဲ့ပါတယ္။

မစၥဟန္လီဟုန္ (၃၁ ႏွစ္) နဲ႔ သူမရဲ႕ခင္ပြန္း က်န္ယန္ (၃၂ ႏွစ္) တို႔ဟာ အေရွ႕ဂ်ာဗားျပည္နယ္ရွိ မီးေတာင္ ခရီးသြားလုပ္ငန္း ပန္းၿခံတစ္ခုျဖစ္တဲ့ အီဂ်န္ကို လမ္းၫႊန္ခရီးနဲ႔ ထြက္လာၾကၿပီး ေနထြက္ခ်ိန္ၾကည့္ရႈဖို႔အတြက္ မီးေတာင္ဝ အစြန္းသို႔တက္ခဲ့ၾကတယ္လို႔ Hongxing သတင္းက ေဖာ္ျပပါတယ္။

သူတို႔ရဲ႕ဧည့္လမ္းၫႊန္က မီးေတာင္ဝေပၚက အႏၲရာယ္ေတြအေၾကာင္း သူတို႔စုံတြဲကို သတိေပးခဲ့ေသးတယ္လို႔ ေျပာပါတယ္။ ပထမ မစၥဟုန္ ဟာ ေခ်ာက္ကမ္းပါးစြန္းမွ ၂ မီတာမွ ၃ မီတာအကြာမွာ ဓာတ္ပုံ႐ိုက္ေနခဲ့ရာမွ ပိုလွပတဲ့ရႈခင္းကို ႐ိုက္ကူးဖို႔ ေျခေထာက္ေနာက္ဆုတ္ရင္း ႐ိုက္ကူးေနစဥ္ သူဝတ္ဆင္ထားတဲ့ အဝတ္ရွည္ကို မေတာ္တဆ နင္းမိၿပီး ေခ်ာက္ကမ္းပါးေပၚကေန ျပဳတ္က်ခဲ့တယ္လို႔ သိရပါတယ္။ သူမဟာ ၀တ္စုံ (သို႔မဟုတ္) စကတ္ ဝတ္ထားထားသလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ အဆိုပါအမ်ိဳးသမီးဟာ အျမင့္ ၇၅ မီတာမွ ျပဳတ္က်ကာ ေသဆုံးခဲ့ျခင္းျဖစ္ၿပီး ေသဆုံးမႈကို မေတာ္တဆမႈတစ္ခုအျဖစ္ သတ္မွတ္ခဲ့ၾကပါပါတယ္။

အထီးက်န္မီးေတာင္လို႔ အဓိပၸာယ္ရတဲ့ Kawah Ijen (ေခၚ) အဆိုပါ မီးေတာင္ဟာ ခရီးသြားမ်ားနဲ႔ မိုင္းတြင္း လုပ္သားမ်ားအတြက္ ေရပန္းစားတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ အင္ဒိုနီးရွားမွာ မီးေတာင္ရွင္ေပါင္း ၁၃၀ ခန႔္ရွိၿပီး ေျမၾသဇာေကာင္းေသာ လယ္ယာစိုက္ပ်ိဳးေရး ေျမဆီလႊာေၾကာင့္ မီးေတာင္မ်ားအနီး ေနထိုင္သူ သန္းနဲ႔ခ်ီၿပီး ရွိပါတယ္။

Related news

© 2021. All rights reserved.