ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား တာဝန်မှ အနားယူခွင့်ပြု

 2078

Pearl (NP News) - ဧပြီ ၂၃

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နစကမှ အမိန့်အမှတ် ၃၃ / ၂၀၂၄ ဖြင့် ယမန်နေ့ (ဧပြီလ ၂၂ ရက်) တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီးတွင် ဒုတိယသမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ခန့်အပ်ထားသူ ဖြစ်သည်။

ထို့ပြင် တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်တွင်လည်း ဒုတိယသမ္မတအဖြစ် ဆက်လက် တာဝန်ယူဆောင်ရွက်နေခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့တွင် ကျင်းပသော ကာလုံအစည်းအဝေးသို့ တတ်ရောက်ခဲ့သူလည်းဖြစ်သည်။

zawgyi version
ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူအား တာဝန္မွ အနားယူခြင့္ျပဳ
Pearl (NP News) - ဧၿပီ ၂၃

ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူအား တာဝန္မွ အနားယူခြင့္ျပဳလိုက္ေၾကာင္း နစကမွ အမိန႔္အမွတ္ ၃၃ / ၂၀၂၄ ျဖင့္ ယမန္ေန႔ (ဧၿပီလ ၂၂ ရက္) တြင္ ထုတ္ျပန္ထားသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၄၁၉ အရ ဒုတိယသမၼတဦးဟင္နရီဗန္ထီးယူအား က်န္းမာေရးအရ တာဝန္မွ အနားယူခြင့္ျပဳလိုက္ေၾကာင္း ထုတ္ျပန္ထားျခင္းျဖစ္သည္။ ဦးဟင္နရီဗန္ထီးယူသည္ ၂၀၁၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအၿပီးတြင္ ဒုတိယသမၼတအျဖစ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)က ခန႔္အပ္ထားသူ ျဖစ္သည္။

ထို႔ျပင္ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္တြင္လည္း ဒုတိယသမၼတအျဖစ္ ဆက္လက္ တာဝန္ယူေဆာင္႐ြက္ေနခဲ့ၿပီး ၂၀၂၃ ခုႏွစ္ ဇူလိုင္လ ၃၁ရက္ေန႔တြင္ က်င္းပေသာ ကာလုံအစည္းအေဝးသို႔ တတ္ေရာက္ခဲ့သူလည္းျဖစ္သည္။

Related news

© 2021. All rights reserved.