အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အစ္စရေးထောက် လှမ်းရေးအကြီးအကဲ ရာထူးမှနုတ်ထွက်

 2464

ALynn (NP News) - ဧပြီ ၂၃

အစ္စရေး ထောက်လှမ်းရေး အကြီးအကဲ Aharon Haliva သည် အစ္စရေးတောင်ပိုင်းရှိ Qassam တပ်မဟာများနှင့် အခြားသော ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များ၏ အောက်တိုဘာ ၇ တိုက်ခိုက်မှုကို တားဆီးရန် ပျက်ကွက်မှုများကြောင့် ရာထူးမှ နုတ်ထွက်သည့် ပထမဆုံး အရာရှိ ဖြစ်လာခဲ့သည်။

"ကျွန်ုပ်၏ကွပ်ကဲမှုအောက်ရှိ ထောက်လှမ်းရေးရုံးသည် ကျွန်ုပ်တို့အား အပ်နှင်းထားသော တာဝန်ကို မကျေပွန်ခဲ့ပါ”ဟု Haliva က တနင်္လာနေ့တွင် အစ္စရေးစစ်တပ် အကြီးအကဲထံ လိပ်မူသောစာတွင် ရေးသားဖော်ပြခဲ့သည်။ Haliva သည် အစ္စရေးစစ်တပ်၌ (၃၈)နှစ်ကြာ တာဝန်ထမ်းဆောင်နေပြီး ၎င်း၏နေရာတွင် အစားထိုးမည့်သူတွေ့ရှိပါက ရာထူးမှနုတ်ထွက်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ဖြစ်စေသည့် အခြေအနေအားလုံးကို အသေးစိတ်၊ ကျယ်ကျယ်ပြန့်ပြန့် နှင့် တိကျစွာဆုံးဖြတ်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ကိုလည်း ၎င်းကတောင်းဆိုခဲ့သည်။

ထိုနေ့တွင် ဟားမတ်စ်၏ Qassam တပ်မဟာသည် အံ့အားသင့်ဖွယ် တိုက် ခိုက်မှုကိုစတင်ခဲ့ပြီး လူပေါင်း ၁,၁၃၀ ကျော် သေဆုံးကာ ၂၄၀ ခန့်ကို ဖမ်း ဆီးထားခဲ့သည်။ တောင်ပိုင်းရှိ ပြည်သူများအား တိုက်ခိုက်ခံရခြင်းသည် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံတည်ထောင်ပြီးနောက်ပိုင်း ထောက်လှမ်းရေးကဏ္ဍ၏ အဆိုးရွားဆုံးပျက်ကွက်မှုအဖြစ် သတ်မှတ်သည်။ အစ္စရေးသည် ဂါဇာတွင် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုဖြင့်တုံ့ပြန်ခဲ့ပြီး ယခုအချိန်အထိ လူပေါင်း ၃၄,၀၀၀ ကျော်သေဆုံးပြီး နေထိုင်သူ ၂ ဒသမ ၂ သန်းအနက် အများစုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

Haliva အပါအဝင် အကြီးတန်း စစ်ခေါင်းဆောင် အများစုသည် အောက်တို ဘာ ၇ ရက် အဖြစ်အပျက်ကို မကာကွယ်နိုင်ခဲ့သည့်အတွက် တာဝန်ယူကြရမည်ဖြစ်ပြီး ဂါဇာစစ်ပွဲပြီးဆုံးချိန်တွင်လည်း တာဝန်ခံရမည့်သူများရှိနေ သည်။ ဂါဇာတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့ကြား အပြန်အလှန်ပစ်ခတ်မှုများ၊ အီရန်နှင့် တင်းမာမှုများ တစ်ချိန်လုံး မြင့်မားလာနေချိန်တွင် Haliva က ယခုလို လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍မူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ Halavi အနေဖြင့် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းသည် တာဝန်ခံမှုအတွက် အချိန်ရောက်လာပြီဟု အချက်ပြလာခြင်းဖြစ်ကြောင်း သုံးသပ်သူ များက ဆိုသည်။

zawgyi version
ေအာက္တိုဘာ ၇ ရက္ တိုက္ခိုက္ခံရမႈႏွင့္ပတ္သက္၍ အစၥေရးေထာက္ လွမ္းေရးအႀကီးအကဲ ရာထူးမွႏုတ္ထြက္
ALynn (NP News) - ဧၿပီ ၂၃

အစၥေရး ေထာက္လွမ္းေရး အႀကီးအကဲ Aharon Haliva သည္ အစၥေရးေတာင္ပိုင္းရွိ Qassam တပ္မဟာမ်ားႏွင့္ အျခားေသာ ပါလက္စတိုင္း လက္နက္ကိုင္အဖြဲ႕မ်ား၏ ေအာက္တိုဘာ ၇ တိုက္ခိုက္မႈကို တားဆီးရန္ ပ်က္ကြက္မႈမ်ားေၾကာင့္ ရာထူးမွ ႏုတ္ထြက္သည့္ ပထမဆုံး အရာရွိ ျဖစ္လာခဲ့သည္။

"ကြၽႏ္ုပ္၏ကြပ္ကဲမႈေအာက္ရွိ ေထာက္လွမ္းေရး႐ုံးသည္ ကြၽႏ္ုပ္တို႔အား အပ္ႏွင္းထားေသာ တာဝန္ကို မေက်ပြန္ခဲ့ပါ”ဟု Haliva က တနလၤာေန႔တြင္ အစၥေရးစစ္တပ္ အႀကီးအကဲထံ လိပ္မူေသာစာတြင္ ေရးသားေဖာ္ျပခဲ့သည္။ Haliva သည္ အစၥေရးစစ္တပ္၌ (၃၈)ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ေနၿပီး ၎၏ေနရာတြင္ အစားထိုးမည့္သူေတြ႕ရွိပါက ရာထူးမွႏုတ္ထြက္မည္ျဖစ္ ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ျပင္ ေအာက္တိုဘာ ၇ ရက္ တိုက္ခိုက္မႈကို ျဖစ္ေစသည့္ အေျခအေနအားလုံးကို အေသးစိတ္၊ က်ယ္က်ယ္ျပန႔္ျပန႔္ ႏွင့္ တိက်စြာဆုံးျဖတ္ရန္အတြက္ စုံစမ္းစစ္ေဆးေရး ေကာ္မတီတစ္ရပ္ ဖြဲ႕စည္းဖို႔ကိုလည္း ၎ကေတာင္းဆိုခဲ့သည္။

ထိုေန႔တြင္ ဟားမတ္စ္၏ Qassam တပ္မဟာသည္ အံ့အားသင့္ဖြယ္ တိုက္ ခိုက္မႈကိုစတင္ခဲ့ၿပီး လူေပါင္း ၁,၁၃၀ ေက်ာ္ ေသဆုံးကာ ၂၄၀ ခန႔္ကို ဖမ္း ဆီးထားခဲ့သည္။ ေတာင္ပိုင္းရွိ ျပည္သူမ်ားအား တိုက္ခိုက္ခံရျခင္းသည္ ၁၉၄၈ ခုႏွစ္တြင္ အစၥေရးႏိုင္ငံတည္ေထာင္ၿပီးေနာက္ပိုင္း ေထာက္လွမ္းေရးက႑၏ အဆိုး႐ြားဆုံးပ်က္ကြက္မႈအျဖစ္ သတ္မွတ္သည္။ အစၥေရးသည္ ဂါဇာတြင္ ျပင္းထန္ေသာ ဗုံးႀကဲတိုက္ခိုက္မႈျဖင့္တုံ႔ျပန္ခဲ့ၿပီး ယခုအခ်ိန္အထိ လူေပါင္း ၃၄,၀၀၀ ေက်ာ္ေသဆုံးၿပီး ေနထိုင္သူ ၂ ဒသမ ၂ သန္းအနက္ အမ်ားစုမွာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရသည္။

Haliva အပါအဝင္ အႀကီးတန္း စစ္ေခါင္းေဆာင္ အမ်ားစုသည္ ေအာက္တို ဘာ ၇ ရက္ အျဖစ္အပ်က္ကို မကာကြယ္ႏိုင္ခဲ့သည့္အတြက္ တာဝန္ယူၾကရမည္ျဖစ္ၿပီး ဂါဇာစစ္ပြဲၿပီးဆုံးခ်ိန္တြင္လည္း တာဝန္ခံရမည့္သူမ်ားရွိေန သည္။ ဂါဇာတြင္ အစၥေရး၏ ထိုးစစ္ဆင္မႈမ်ား ဆက္လက္ျဖစ္ပြားေနၿပီး ဟစ္ဇ္ဘိုလာႏွင့္ အစၥေရးတို႔ၾကား အျပန္အလွန္ပစ္ခတ္မႈမ်ား၊ အီရန္ႏွင့္ တင္းမာမႈမ်ား တစ္ခ်ိန္လုံး ျမင့္မားလာေနခ်ိန္တြင္ Haliva က ယခုလို လုပ္ေဆာင္ခဲ့ျခင္းႏွင့္ပတ္သက္၍မူ ရွင္းရွင္းလင္းလင္းမသိရေသးေပ။ Halavi အေနျဖင့္ ရာထူးမွႏုတ္ထြက္ရန္ ဆုံးျဖတ္လိုက္ျခင္းသည္ တာဝန္ခံမႈအတြက္ အခ်ိန္ေရာက္လာၿပီဟု အခ်က္ျပလာျခင္းျဖစ္ေၾကာင္း သုံးသပ္သူ မ်ားက ဆိုသည္။

Related news

© 2021. All rights reserved.