အမေရိကန်ရဲ့ အကူအညီပေးရေးအစီအစဉ်အသစ်က ရုရှားကို ရပ်တန့်နိုင်မည်မဟုတ်ဟု ယူကရိန်းနိုင်ငံသားများယုံကြည်နေ

 1629

Pika (NP News) - ဧပြီ ၂၃

အမေရိကန်ရဲ့ စစ်ရေးအကူအညီအသစ်ဟာ ယူကရိန်းရဲ့ခုခံမှုကို တောင့် တင်းလာစေနိုင်ပေမယ့်လည်း ရုရှားနိုင်ငံကို တားဆီးဖို့လုံလောက်မှာ မဟုတ်ဘူးလို့ ယူကရိန်းအရာရှိတွေနဲ့ စစ်ရေးလေ့လာသုံးသပ်သူတွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဟာ ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ် ဥပဒေမူကြမ်း အမေရိကန်ဒေါ်လာ(၆၁)ဘီလျံကို ဧပြီလ(၂၀)ရက်နေ့က အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီဥပဒေမူကြမ်းဟာ အထက်လွှတ်တော်ရဲ့ အတည်ပြုမှုနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ လက်မှတ်ရေးထိုးမှုတို့ကို လိုအပ်ပါသေးတယ်။ အမေရိကန်ရဲ့ အကူအညီပေးရေးအစီအစဉ်အသစ်ကြောင့် ရုရှားကို နိုင်နိုင်ခြေရှိသေးတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောဆိုထားပေမယ့်လည်း ယူကရိန်းအရာရှိအများအပြားကတော့ ဇီလန်စကီးနဲ့ ဆန့်ကျင်ဖက်တွေကိုပဲပြောဆိုထားပါတယ်။

ယူကရိန်းအရာရှိတွေက 'ဒီစစ်ရေးအကူအညီအသစ်ဟာ ရှေ့တန်းစစ်မြေ မျက်နှာပြင်မှာ ယူကရိန်းရဲ့အခြေအနေတွေကို သိသိသာသာပြောင်းလဲစေမှာတော့ မဟုတ်ပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ ခဲယမ်းမီးကျည်ပြတ်လပ်မှုတွေကို ကြုံတွေ့နေရတာလို့လည်း သိရပါတယ်။ အမေရိကန်ထုတ် စစ်လက်နက်ပစ္စည်းတွေကြောင့် ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ ဖြစ်ပွားနေတဲ့အခြေအနေတွေဟာ တိုးတက်မှုတွေရှိလာနိုင်တယ်လို့ ယူကရိန်းစစ်သားအချို့က ပြောဆိုထားပါတယ်။

ယူကရိန်းအကြီးတန်းအရာရှိတစ်ဦးက 'ဒီစစ်လက်နက်ပစ္စည်းတွေဟာ ရုရှားရဲ့တိုက်ခိုက်မှုတွေ နှေးကွေးသွားစေဖို့ ကူညီပေးနိုင်ပေမယ့်လည်း ရုရှားရဲ့တိုက်ခိုက်မှုတွေကိုတော့ ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့အကူအညီပေးရေး အစီအ စဉ်အသစ်ဟာ ယူကရိန်းနိုင်ငံသားတွေ ပိုမိုသေဆုံးတာတွေပဲဖြစ်စေမယ်လို့ ရုရှားဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။ ရုရှားအစိုးရပြောရေး ဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကို့ဗ်က 'အမေရိကန်က ယူကရိန်းကိုပေးမယ့် အကူအညီပေးရေးအစီအစဉ်အသစ်ဟာ စစ်မြေပြင်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီအကူအညီပေးရေးအစီအစဉ်အသစ်ဟာ ယူကရိန်းနိုင်ငံသားတွေ ပိုမိုသေဆုံးတာကိုပဲဖြစ်စေမှာပါ'လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
အေမရိကန္ရဲ႕ အကူအညီေပးေရးအစီအစဥ္အသစ္က ႐ုရွားကို ရပ္တန႔္ႏိုင္မည္မဟုတ္ဟု ယူကရိန္းႏိုင္ငံသားမ်ားယုံၾကည္ေန
Pika (NP News) - ဧၿပီ ၂၃

အေမရိကန္ရဲ႕ စစ္ေရးအကူအညီအသစ္ဟာ ယူကရိန္းရဲ႕ခုခံမႈကို ေတာင့္ တင္းလာေစႏိုင္ေပမယ့္လည္း ႐ုရွားႏိုင္ငံကို တားဆီးဖို႔လုံေလာက္မွာ မဟုတ္ဘူးလို႔ ယူကရိန္းအရာရွိေတြနဲ႔ စစ္ေရးေလ့လာသုံးသပ္သူေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ဟာ ယူကရိန္းအတြက္ အကူအညီေပးေရးအစီအစဥ္အသစ္ ဥပေဒမူၾကမ္း အေမရိကန္ေဒၚလာ(၆၁)ဘီလ်ံကို ဧၿပီလ(၂၀)ရက္ေန႔က အတည္ျပဳေပးခဲ့တာပဲျဖစ္ပါတယ္။ ဒါေပမဲ့လည္း အဲဒီဥပေဒမူၾကမ္းဟာ အထက္လႊတ္ေတာ္ရဲ႕ အတည္ျပဳမႈနဲ႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ လက္မွတ္ေရးထိုးမႈတို႔ကို လိုအပ္ပါေသးတယ္။ အေမရိကန္ရဲ႕ အကူအညီေပးေရးအစီအစဥ္အသစ္ေၾကာင့္ ႐ုရွားကို ႏိုင္ႏိုင္ေျခရွိေသးတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ေျပာဆိုထားေပမယ့္လည္း ယူကရိန္းအရာရွိအမ်ားအျပားကေတာ့ ဇီလန္စကီးနဲ႔ ဆန႔္က်င္ဖက္ေတြကိုပဲေျပာဆိုထားပါတယ္။

ယူကရိန္းအရာရွိေတြက 'ဒီစစ္ေရးအကူအညီအသစ္ဟာ ေရွ႕တန္းစစ္ေျမ မ်က္ႏွာျပင္မွာ ယူကရိန္းရဲ႕အေျခအေနေတြကို သိသိသာသာေျပာင္းလဲေစမွာေတာ့ မဟုတ္ပါဘူး'လို႔ ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္မွာ ခဲယမ္းမီးက်ည္ျပတ္လပ္မႈေတြကို ႀကဳံေတြ႕ေနရတာလို႔လည္း သိရပါတယ္။ အေမရိကန္ထုတ္ စစ္လက္နက္ပစၥည္းေတြေၾကာင့္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္မွာ ျဖစ္ပြားေနတဲ့အေျခအေနေတြဟာ တိုးတက္မႈေတြရွိလာႏိုင္တယ္လို႔ ယူကရိန္းစစ္သားအခ်ိဳ႕က ေျပာဆိုထားပါတယ္။

ယူကရိန္းအႀကီးတန္းအရာရွိတစ္ဦးက 'ဒီစစ္လက္နက္ပစၥည္းေတြဟာ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြ ေႏွးေကြးသြားေစဖို႔ ကူညီေပးႏိုင္ေပမယ့္လည္း ႐ုရွားရဲ႕တိုက္ခိုက္မႈေတြကိုေတာ့ ရပ္တန႔္သြားေအာင္ လုပ္ေဆာင္ႏိုင္မွာ မဟုတ္ပါဘူး'လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕အကူအညီေပးေရး အစီအ စဥ္အသစ္ဟာ ယူကရိန္းႏိုင္ငံသားေတြ ပိုမိုေသဆုံးတာေတြပဲျဖစ္ေစမယ္လို႔ ႐ုရွားဘက္က ထုတ္ျပန္ေျပာဆိုထားပါတယ္။ ႐ုရွားအစိုးရေျပာေရး ဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စကို႔ဗ္က 'အေမရိကန္က ယူကရိန္းကိုေပးမယ့္ အကူအညီေပးေရးအစီအစဥ္အသစ္ဟာ စစ္ေျမျပင္မွာျဖစ္ပြားေနတဲ့ အေျခအေနေတြကို ေျပာင္းလဲေပးႏိုင္မွာ မဟုတ္ပါဘူး။ ဒီအကူအညီေပးေရးအစီအစဥ္အသစ္ဟာ ယူကရိန္းႏိုင္ငံသားေတြ ပိုမိုေသဆုံးတာကိုပဲျဖစ္ေစမွာပါ'လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.