AFC Futsal Cup 2024 ပြိုင်ပွဲတွင် ဂိုးကွာခြားချက်ကြောင့် မြန်မာ့လက်ရွေး စင်ဖူဆယ်အသင်း အုပ်စုမှထွက်ခဲ့ရ

 840

သန့်ဇင် (NP News) - ဧပြီ ၂၃

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် AFC Futsal Cup 2024 ပြိုင်ပွဲတွင် ဂိုးကွာခြားချက်ကြောင့် အုပ်စုမှထွက်ခဲ့ရကြောင်း သိရသည်။

AFC Futsal Cup 2024 ပြိုင်ပွဲများကို ဧပြီ ၁၇ ရက်မှစတင်ကာ ဧပြီလ ၂၈ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ်အသင်းနှင့် တရုတ်အသင်းတို့နှင့် အုပ်စု(က)တွင် ယှဉ်ပြိုင်ကစားခဲ့ရကြောင်း သိရသည်။

ထိုသို့ယှဉ်ပြိုင်ကစားရာတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် ဗီယက်နမ်အသင်းကို သရေကစားနိုင်ခဲ့သော်လည်း အိမ်ရှင်ထိုင်းအသင်းကို ၅ဂိုး၊ ဂိုးမရှိဆိုသောရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ပြီး တရုတ်အသင်းကို ၃ဂိုး၊ ၁ဂိုးဖြင့်အနိုင်ရခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အုပ်စုပထမအဖြစ် ထိုင်းအသင်းက ရမှတ်(၉)မှတ်၊ ဗီယက်နမ်အသင်းက အုပ်စုဒုတိယအဖြစ် ရမှတ်(၄)မှတ်ရရှိကာ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် ရမှတ် ၁ မှတ်ဖြင့် အုပ်စုတတိယနေရာသို့ရရှိခြင်းကြောင့် အုပ်စုဖြင့်သာ ကျေနပ်ခဲ့ရသည်။

"မြန်မာအသင်းအနေနဲ့ ဒုတိယအဆင့်ကို မတက်ရောက်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ ဒီနေ့ပွဲကို အကောင်းဆုံးကစားနိုင်ခဲ့လို့ ကစားသမားအဖွဲ့နဲ့ အုပ်ချုပ်နည်းပြ အဖွဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ပွဲမှာ အခွင့်အရေးတွေ အများကြီး ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ အခုဆိုရင် လူငယ်တွေ အနေနဲ့ ဖူဆယ်အားကစားနည်းကို ပိုမို စိတ်ဝင်စားလာကြမယ်လို့ မျှော်လင့်ပါတယ်"ဟု မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနည်းပြချုပ် Mr. Bunlert Charoenwong က သုံးသပ်ပြောကြားခဲ့သည်။

သို့သော် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် AFC Futsal Cup 2024 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၆ အသင်းအနက် အဆင့် ၁၀ တွင်လည်း ကောင်း အုပ်စုထွက်ခွါအသင်း(၈)သင်းတွင် အဆင့်(၂)နေရာဖြင့်လည်း ကောင်း အကောင်းဆုံးစွမ်းဆောင်ရည်များပြသခဲ့သည်ကို တွေ့ရသည်။

zawgyi version
AFC Futsal Cup 2024 ၿပိဳင္ပြဲတြင္ ဂိုးကြာျခားခ်က္ေၾကာင့္ ျမန္မာ့လက္ေ႐ြး စင္ဖူဆယ္အသင္း အုပ္စုမွထြက္ခဲ့ရ
သန႔္ဇင္ (NP News) - ဧၿပီ ၂၃

ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းသည္ AFC Futsal Cup 2024 ၿပိဳင္ပြဲတြင္ ဂိုးကြာျခားခ်က္ေၾကာင့္ အုပ္စုမွထြက္ခဲ့ရေၾကာင္း သိရသည္။

AFC Futsal Cup 2024 ၿပိဳင္ပြဲမ်ားကို ဧၿပီ ၁၇ ရက္မွစတင္ကာ ဧၿပီလ ၂၈ ရက္အထိ ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းအေနျဖင့္ အိမ္ရွင္ထိုင္းအသင္း၊ ဗီယက္နမ္အသင္းႏွင့္ တ႐ုတ္အသင္းတို႔ႏွင့္ အုပ္စု(က)တြင္ ယွဥ္ၿပိဳင္ကစားခဲ့ရေၾကာင္း သိရသည္။

ထိုသို႔ယွဥ္ၿပိဳင္ကစားရာတြင္ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းအေနျဖင့္ ဗီယက္နမ္အသင္းကို သေရကစားႏိုင္ခဲ့ေသာ္လည္း အိမ္ရွင္ထိုင္းအသင္းကို ၅ဂိုး၊ ဂိုးမရွိဆိုေသာရလဒ္ျဖင့္ရႈံးနိမ့္ခဲ့ၿပီး တ႐ုတ္အသင္းကို ၃ဂိုး၊ ၁ဂိုးျဖင့္အႏိုင္ရခဲ့သည္။

အဆိုပါၿပိဳင္ပြဲတြင္ အုပ္စုပထမအျဖစ္ ထိုင္းအသင္းက ရမွတ္(၉)မွတ္၊ ဗီယက္နမ္အသင္းက အုပ္စုဒုတိယအျဖစ္ ရမွတ္(၄)မွတ္ရရွိကာ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းအေနျဖင့္ ရမွတ္ ၁ မွတ္ျဖင့္ အုပ္စုတတိယေနရာသို႔ရရွိျခင္းေၾကာင့္ အုပ္စုျဖင့္သာ ေက်နပ္ခဲ့ရသည္။

"ျမန္မာအသင္းအေနနဲ႔ ဒုတိယအဆင့္ကို မတက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။ ၿပီးေတာ့ ဒီေန႔ပြဲကို အေကာင္းဆုံးကစားႏိုင္ခဲ့လို႔ ကစားသမားအဖြဲ႕နဲ႔ အုပ္ခ်ဳပ္နည္းျပ အဖြဲ႕အားလုံးကို ေက်းဇူးတင္ပါတယ္။ ဒီေန႔ပြဲမွာ အခြင့္အေရးေတြ အမ်ားႀကီး ရရွိခဲ့ေပမဲ့ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ အခုဆိုရင္ လူငယ္ေတြ အေနနဲ႔ ဖူဆယ္အားကစားနည္းကို ပိုမို စိတ္ဝင္စားလာၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္"ဟု ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းနည္းျပခ်ဳပ္ Mr. Bunlert Charoenwong က သုံးသပ္ေျပာၾကားခဲ့သည္။

သို႔ေသာ္ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းအေနျဖင့္ AFC Futsal Cup 2024 ၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲဝင္ ၁၆ အသင္းအနက္ အဆင့္ ၁၀ တြင္လည္း ေကာင္း အုပ္စုထြက္ခြါအသင္း(၈)သင္းတြင္ အဆင့္(၂)ေနရာျဖင့္လည္း ေကာင္း အေကာင္းဆုံးစြမ္းေဆာင္ရည္မ်ားျပသခဲ့သည္ကို ေတြ႕ရသည္။

Picture

09793492790

23/04/2024 20:55

မြန်မာအသင်းလည်းလေးမှတ်ရတာ

Related news

© 2021. All rights reserved.