မဏိပူရပြည်နယ်တွင် လူ့အခွင့်အရေး အလွဲသုံးစားမှုများ၊ မီဒီယာနှင့် လူနည်းစုတို့အပေါ် ထိပါးနှောင့်ယှက်မှုများရှိနေဟု အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာတွင် ဖော်ပြ

 372

Htay Oung (NP News) - ဧပြီ ၂၃

ယမန်နှစ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ သိသာထင်ရှားတဲ့ အခွင့်အရေး အလွဲသုံးစားမှုများနဲ့ ကျန်နိုင်ငံတစ်ဝှမ်းမှာလည်း လူနည်းစုမျိုးနွယ်များ၊ သတင်းထောက်များ၊ အစိုးရဆန့်ကျင်ရေး ပြောဆိုသူတို့အပေါ် နှောက်ယှက်ထိုးနှက်မှုများ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြား ရေးဌာနရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အကဲဖြတ်ချက် နှစ်ပတ်လည် အစီရင် ခံစာမှာ ဖော်ပြထားကြောင်း ရိုက်တာ သတင်းအေဂျင်စီက ယနေ့ (ဧပြီလ ၂၃ ရက်)မှာ ရေးသားပါတယ်။

(မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နဲ့ ထိစပ်နေတဲ့) မဏိပူရပြည်နယ်မှာ ကူကီး-ဇို(ချင်း) လူမျိုးစုတို့ရဲ့ အထူးအခွင့်အရေးများကို မေထေး (ကသည်း) မျိုးနွယ်စုတို့လည်း ခံစားခွင့်ရှိကြောင်း ယမန်နှစ် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် အဲ့ဒီလူမျိုးစု နှစ်စုနှစ်စုအကြား ကြောက်မက်ဖွယ် အဓိကရုန်း များ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ယမန်နှစ် မေလမှ နိုဝင်ဘာလအတွင်း မဏိပူရပြည်နယ်မှာ လူပေါင်း ၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဝါရှင်တန်ရှိ အိန္ဒိယသံရုံးက လောလောဆယ် မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

ကျန်အိန္ဒိယနိုင်ငံ ဒေသအသီးသီးတို့မှာ အစိုးရနဲ့ သူတို့ရဲ့ မဟာမိတ်များအပေါ် ဝေဖန်တဲ့ မီဒီယာများကို ဖိအားပေးခြင်း သို့မဟုတ် ထိပါးနှောင့်ယှက်တဲ့ ဖြစ်ရပ်များစွာတို့အကြောင်း သတင်းရရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အစီရင်ခံတင်ပြထားပါတယ်။

ဥပမာအားဖြင့် ၂၀၂၃- ခုနှစ်စောစောပိုင်းမှာ ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီအပေါ် ဝေဖန်တဲ့ မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင်ြ့ပီးနောက် အိန္ဒိယ ဝင်ငွေခွန်ဌာနက BBC ရုပ်သံဌာနရဲ့ ရုံးခန်းများကို စီးနင်း ရှာ ဖွေခဲ့ပါတယ်။ အိန္ဒိယအစိုးရကတော့ အဆိုပါရှာဖွေမှုဟာ သင်္ကာရှင်းကြောင်း သက်သေထူဖို့သာလျှင် ဖြစ်တယ်လို့ အဲဒီအချိန် ပြောဆိုခဲ့ပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RWB အဆိုအရ ၂၀၂၃ ခုနှစ် အိန္ဒိယနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းဟာ နိုင်ငံပေါင်း ၁၈၀ အနက် ၁၆၁ နေရာမှာ ရပ်တည်ခဲ့ပြီး တောင်အာရှနိုင်ငံသမိုင်းတလျှောက် အနိမ့်ဆုံးအဆင့်ဖြစ်တယ်လို့ သိရှိရပါတယ်။

အိန္ဒိယရှိ ဘာသာရေးလူနည်းစုတို့အပေါ် အကြမ်းဖက်ရန် တောင်းဆိုမှုများနဲ့ သတင်းမှားများ ဖြန့်ဝေခြင်း အပါအဝင် ခွဲခြားဆက်ဆံမှုများကို တွေ့ရှိရတယ်လို့ အမေရိကန်အကဲဖြတ်အဖွဲ့က ဆိုပါတယ်။ လာမယ့် ဇွန်လ ၁ ရက်နေ့ထိ ကျင်းပမယ့် ရွေးကောက်ပွဲတွင် တတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်းအတွက် ရွေးကောက်ခံရဖို့ မျှော်လင့်နေတဲ့ မိုဒီကတော့ သူ မျက်နှာသာပေးထားသူတို့က လူနည်းစုများအပေါ် မတော် မတရား ပြုမူခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ သူနဲ့တကွ ပါတီရဲ့ မူဝါဒတွေဟာ အိန္ဒိယလူမျိုးများ အား လုံးအတွက် အကျိုးရှိစေရန် ရည်ရွယ်ထားတယ်လို့ ချေပပြောဆိုပါတယ်။

မိုဒီလက်ထက် အိန္ဒိယနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးရွားလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲနေကြပါတယ်။ မွတ်ဆလင်အများစုနေထိုင်ရာ ကက်ရ်ှမီးယားရဲ့ အထူးအဆင့်အတန်းကို ရုတ်သိမ်းခြင်း၊ စနစ်တကျ ခွဲခြားဆက်ဆံခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂက ကင်ပွန်းတပ်ခဲ့ရတဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ တရား မဝင် ဆောက်လုပ်မှုများကို ဖယ်ရှားခြင်း ဆိုင်းဘုတ်အောက်မှာ မွတ်စလင်မ်အိုးအိမ်မျာဒကို ဖြိုဖျက်ခဲ့ကြောင်း ထောက်ပြခဲ့ကြပါတယ်။

အမေရိကန်ရဲ့ အစီရင်ခံစာဟာ လတ်တလောနှစ်များမှ အကြောင်းအရာများ ပါရှိနေပါတယ်။ ဒါပေမယ့် တရုတ် ရဲ့သြဇာနယ်ပယ် ချဲ့ထွင်ရာမှာ အိန္ဒိယက ဟန်ချက်ညီအောင် ကူညီစေလိုတဲ့အတွက် အမေရိကန်အနေနဲ့ အိန္ဒိ ယကို လူသိရှင်ကြား ဝေဖန်ခြင်း မပြုမိအောင် ချုပ်တည်းထားပုံရတယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။

(Reuters., 23 April 2024,” US rights report on India cites abuses in Manipur, harassment of media and minorities” ကိုဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်)

zawgyi version
မဏိပူရျပည္နယ္တြင္ လူ႔အခြင့္အေရး အလြဲသုံးစားမႈမ်ား၊ မီဒီယာႏွင့္ လူနည္းစုတို႔အေပၚ ထိပါးေႏွာင့္ယွက္မႈမ်ားရွိေနဟု အေမရိကန္ႏိုင္ငံျခားေရးဌာနရဲ႕ အစီရင္ခံစာတြင္ ေဖာ္ျပ
Htay Oung (NP News) - ဧၿပီ ၂၃

ယမန္ႏွစ္ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း မဏိပူရျပည္နယ္မွာ သိသာထင္ရွားတဲ့ အခြင့္အေရး အလြဲသုံးစားမႈမ်ားနဲ႔ က်န္ႏိုင္ငံတစ္ဝွမ္းမွာလည္း လူနည္းစုမ်ိဳးႏြယ္မ်ား၊ သတင္းေထာက္မ်ား၊ အစိုးရဆန႔္က်င္ေရး ေျပာဆိုသူတို႔အေပၚ ေႏွာက္ယွက္ထိုးႏွက္မႈမ်ား ရွိေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခား ေရးဌာနရဲ႕ လူ႔အခြင့္အေရး ဆိုင္ရာ အကဲျဖတ္ခ်က္ ႏွစ္ပတ္လည္ အစီရင္ ခံစာမွာ ေဖာ္ျပထားေၾကာင္း ႐ိုက္တာ သတင္းေအဂ်င္စီက ယေန႔ (ဧၿပီလ ၂၃ ရက္)မွာ ေရးသားပါတယ္။

(ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးတို႔နဲ႔ ထိစပ္ေနတဲ့) မဏိပူရျပည္နယ္မွာ ကူကီး-ဇို(ခ်င္း) လူမ်ိဳးစုတို႔ရဲ႕ အထူးအခြင့္အေရးမ်ားကို ေမေထး (ကသည္း) မ်ိဳးႏြယ္စုတို႔လည္း ခံစားခြင့္ရွိေၾကာင္း ယမန္ႏွစ္ တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့ပါတယ္။ အဲဒီေနာက္ အဲ့ဒီလူမ်ိဳးစု ႏွစ္စုႏွစ္စုအၾကား ေၾကာက္မက္ဖြယ္ အဓိက႐ုန္း မ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး ယခုအခ်ိန္ထိ လူေပါင္း ၂၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီးျဖစ္ပါတယ္။

ယမန္ႏွစ္ ေမလမွ ႏိုဝင္ဘာလအတြင္း မဏိပူရျပည္နယ္မွာ လူေပါင္း ၆၀,၀၀၀ ေက်ာ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပး ခဲ့ရေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာနရဲ႕ အစီရင္ခံစာအရ သိရွိရပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဌာန အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး ဝါရွင္တန္ရွိ အိႏၵိယသံ႐ုံးက ေလာေလာဆယ္ မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။

က်န္အိႏၵိယႏိုင္ငံ ေဒသအသီးသီးတို႔မွာ အစိုးရနဲ႔ သူတို႔ရဲ႕ မဟာမိတ္မ်ားအေပၚ ေဝဖန္တဲ့ မီဒီယာမ်ားကို ဖိအားေပးျခင္း သို႔မဟုတ္ ထိပါးေႏွာင့္ယွက္တဲ့ ျဖစ္ရပ္မ်ားစြာတို႔အေၾကာင္း သတင္းရရွိတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက အစီရင္ခံတင္ျပထားပါတယ္။

ဥပမာအားျဖင့္ ၂၀၂၃- ခုႏွစ္ေစာေစာပိုင္းမွာ ဟိႏၵဴအမ်ိဳးသားေရးဝါဒီ ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီအေပၚ ေဝဖန္တဲ့ မွတ္တမ္း႐ုပ္ရွင္ကို ထုတ္လႊင္ျ့ပီးေနာက္ အိႏၵိယ ဝင္ေငြခြန္ဌာနက BBC ႐ုပ္သံဌာနရဲ႕ ႐ုံးခန္းမ်ားကို စီးနင္း ရွာ ေဖြခဲ့ပါတယ္။ အိႏၵိယအစိုးရကေတာ့ အဆိုပါရွာေဖြမႈဟာ သကၤာရွင္းေၾကာင္း သက္ေသထူဖို႔သာလွ်င္ ျဖစ္တယ္လို႔ အဲဒီအခ်ိန္ ေျပာဆိုခဲ့ပါတယ္။

နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႕ RWB အဆိုအရ ၂၀၂၃ ခုႏွစ္ အိႏၵိယႏိုင္ငံရဲ႕ သတင္းလြတ္လပ္ခြင့္ အၫႊန္းကိန္းဟာ ႏိုင္ငံေပါင္း ၁၈၀ အနက္ ၁၆၁ ေနရာမွာ ရပ္တည္ခဲ့ၿပီး ေတာင္အာရွႏိုင္ငံသမိုင္းတေလွ်ာက္ အနိမ့္ဆုံးအဆင့္ျဖစ္တယ္လို႔ သိရွိရပါတယ္။

အိႏၵိယရွိ ဘာသာေရးလူနည္းစုတို႔အေပၚ အၾကမ္းဖက္ရန္ ေတာင္းဆိုမႈမ်ားနဲ႔ သတင္းမွားမ်ား ျဖန႔္ေဝျခင္း အပါအဝင္ ခြဲျခားဆက္ဆံမႈမ်ားကို ေတြ႕ရွိရတယ္လို႔ အေမရိကန္အကဲျဖတ္အဖြဲ႕က ဆိုပါတယ္။ လာမယ့္ ဇြန္လ ၁ ရက္ေန႔ထိ က်င္းပမယ့္ ေ႐ြးေကာက္ပြဲတြင္ တတိယအႀကိမ္ ဝန္ႀကီးခ်ဳပ္သက္တမ္းအတြက္ ေ႐ြးေကာက္ခံရဖို႔ ေမွ်ာ္လင့္ေနတဲ့ မိုဒီကေတာ့ သူ မ်က္ႏွာသာေပးထားသူတို႔က လူနည္းစုမ်ားအေပၚ မေတာ္ မတရား ျပဳမူျခင္း မရွိေၾကာင္း ျငင္းဆိုထားပါတယ္။ သူနဲ႔တကြ ပါတီရဲ႕ မူဝါဒေတြဟာ အိႏၵိယလူမ်ိဳးမ်ား အား လုံးအတြက္ အက်ိဳးရွိေစရန္ ရည္႐ြယ္ထားတယ္လို႔ ေခ်ပေျပာဆိုပါတယ္။

မိုဒီလက္ထက္ အိႏၵိယႏိုင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေနဟာ ဆိုး႐ြားလာတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕မ်ားက စြပ္စြဲေနၾကပါတယ္။ မြတ္ဆလင္အမ်ားစုေနထိုင္ရာ ကက္ရ္ွမီးယားရဲ႕ အထူးအဆင့္အတန္းကို ႐ုတ္သိမ္းျခင္း၊ စနစ္တက် ခြဲျခားဆက္ဆံျခင္းျဖစ္တယ္လို႔ ကုလသမဂၢက ကင္ပြန္းတပ္ခဲ့ရတဲ့ ႏိုင္ငံသားျဖစ္ခြင့္ဥပေဒနဲ႔ တရား မဝင္ ေဆာက္လုပ္မႈမ်ားကို ဖယ္ရွားျခင္း ဆိုင္းဘုတ္ေအာက္မွာ မြတ္စလင္မ္အိုးအိမ္မ်ာဒကို ၿဖိဳဖ်က္ခဲ့ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္။

အေမရိကန္ရဲ႕ အစီရင္ခံစာဟာ လတ္တေလာႏွစ္မ်ားမွ အေၾကာင္းအရာမ်ား ပါရွိေနပါတယ္။ ဒါေပမယ့္ တ႐ုတ္ ရဲ႕ၾသဇာနယ္ပယ္ ခ်ဲ႕ထြင္ရာမွာ အိႏၵိယက ဟန္ခ်က္ညီေအာင္ ကူညီေစလိုတဲ့အတြက္ အေမရိကန္အေနနဲ႔ အိႏၵိ ယကို လူသိရွင္ၾကား ေဝဖန္ျခင္း မျပဳမိေအာင္ ခ်ဳပ္တည္းထားပုံရတယ္လို႔ ႏိုင္ငံေရး ကြၽမ္းက်င္သူမ်ားက ယုံၾကည္ၾကပါတယ္။

(Reuters., 23 April 2024,” US rights report on India cites abuses in Manipur, harassment of media and minorities” ကိုဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္)

Related news

© 2021. All rights reserved.