အီရန်ကို ကြီးမားတဲ့တုံ့ပြန်မှုမလုပ်ဖို့ အစ္စရေးကို အမေရိကန် နဲ့ မဟာမိတ်တွေ ဖိအားပေး

 2679

ဂျန်ဇက် (NP News) - ဧပြီ ၂၃

အမေရိကန် အစိုးရဟာ အီရန်နိုင်ငံကို ကြီးမားတဲ့တုံ့ပြန်တိုက်ခိုက်မှုမျိုး မလုပ်ဖို့ အစ္စရေးနိုင်ငံကို ဖိအားပေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။

အစ္စရေးဟာ ၎င်းတို့နိုင်ငံတိုက်ခိုက်ခံရပြီးနောက် အီရန်နိုင်ငံကို ကြီးမားတဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုမျိုးလုပ်ဆောင်ဖို့ စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်းအမေရိကန် နဲ့မဟာမိတ်များက အစ္စရေးနိုင်ငံရဲ့တုံ့ပြန်မှုတွေကို ကြီးမားတဲ့ တုံ့ပြန်မှုမျိုးမလုပ်ဆောင်ဖို့ ဝိုင်းဝန်းဖိအားပေးခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စရေးဟာ အီရန်နိုင်ငံကို ဒရုန်းတွေအပြင် ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးဟာ ကလေးကစားစရာအရုပ်နဲ့ တူညီတဲ့ ဒရုန်းတွေကိုအသုံးပြုခဲ့ပြီး အလွယ်တကူပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။

အစ္စရေးဟာ အီရန်နိုင်ငံတဝှမ်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေကို ပစ်မှတ်ထားပြီး ကြီးမားကျယ်ပြန့်တဲ့တိုက်ခိုက်မှုမျိုးလုပ်ဆောင်ဖို့ အစောပိုင်းက ရည်ရွယ်ခဲ့ကြောင်းသတင်းတွေကဖော်ပြထားပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဗြိတိန် နဲ့ ဂျာမနီတို့ဟာ အီရန်ကိုလက်တုံ့ပြန်ရာမှာအကန့်သတ်နဲ့သာတုံ့ပြန်ဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ဖိအားပေးခဲ့တာမျိုးတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေး စစ်တပ်ကတော့ နယူးယောက်တိုင်းမ် သတင်းဌာနရဲ့ဖော်ပြချက်တွေကို တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်းသိရပါတယ်။ အစ္စရေးဟာ ဧပြီလအစောပိုင်းတုန်းက ဆီးရီးယားနိုင်ငံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ဗိုလ်ချုပ်နှစ်ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်လာမှုနဲ့အတူ အီရန်က ဧပြီ ၁၃ ရက်နေ့မှာ အစ္စရေးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးကလည်း အီရန်ရဲ့တိုက်ခိုက်မှုတွေကို မကျေနပ်တဲ့အတွက် ဧပြီ ၁၉ရက်နေ့မှာ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

zawgyi version
အီရန္ကို ႀကီးမားတဲ့တုံ႔ျပန္မႈမလုပ္ဖို႔ အစၥေရးကို အေမရိကန္ နဲ႔ မဟာမိတ္ေတြ ဖိအားေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၃

အေမရိကန္ အစိုးရဟာ အီရန္ႏိုင္ငံကို ႀကီးမားတဲ့တုံ႔ျပန္တိုက္ခိုက္မႈမ်ိဳး မလုပ္ဖို႔ အစၥေရးႏိုင္ငံကို ဖိအားေပးျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း အေမရိကန္အေျခစိုက္ နယူးေယာက္တိုင္းမ္သတင္းဌာနက ေဖာ္ျပထားပါတယ္။

အစၥေရးဟာ ၎တို႔ႏိုင္ငံတိုက္ခိုက္ခံရၿပီးေနာက္ အီရန္ႏိုင္ငံကို ႀကီးမားတဲ့ လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ိဳးလုပ္ေဆာင္ဖို႔ စီစဥ္ခဲ့ေၾကာင္း၊ သို႔ေသာ္လည္းအေမရိကန္ နဲ႔မဟာမိတ္မ်ားက အစၥေရးႏိုင္ငံရဲ႕တုံ႔ျပန္မႈေတြကို ႀကီးမားတဲ့ တုံ႔ျပန္မႈမ်ိဳးမလုပ္ေဆာင္ဖို႔ ဝိုင္းဝန္းဖိအားေပးခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္သတင္းဌာနက ေဖာ္ျပထားပါတယ္။ အစၥေရးဟာ အီရန္ႏိုင္ငံကို ဒ႐ုန္းေတြအျပင္ ဒုံးက်ည္ေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက အစၥေရးဟာ ကေလးကစားစရာအ႐ုပ္နဲ႔ တူညီတဲ့ ဒ႐ုန္းေတြကိုအသုံးျပဳခဲ့ၿပီး အလြယ္တကူပစ္ခ်ႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။

အစၥေရးဟာ အီရန္ႏိုင္ငံတဝွမ္းရွိ စစ္ဘက္ဆိုင္ရာအေဆာက္အဦးေတြကို ပစ္မွတ္ထားၿပီး ႀကီးမားက်ယ္ျပန႔္တဲ့တိုက္ခိုက္မႈမ်ိဳးလုပ္ေဆာင္ဖို႔ အေစာပိုင္းက ရည္႐ြယ္ခဲ့ေၾကာင္းသတင္းေတြကေဖာ္ျပထားပါတယ္။ ဒါေပမဲ့ အေမရိကန္၊ ၿဗိတိန္ နဲ႔ ဂ်ာမနီတို႔ဟာ အီရန္ကိုလက္တုံ႔ျပန္ရာမွာအကန႔္သတ္နဲ႔သာတုံ႔ျပန္ဖို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ဖိအားေပးခဲ့တာမ်ိဳးေတြလည္းရွိခဲ့တယ္လို႔ ဆိုပါတယ္။

အစၥေရး စစ္တပ္ကေတာ့ နယူးေယာက္တိုင္းမ္ သတင္းဌာနရဲ႕ေဖာ္ျပခ်က္ေတြကို တစ္စုံတစ္ရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္းသိရပါတယ္။ အစၥေရးဟာ ဧၿပီလအေစာပိုင္းတုန္းက ဆီးရီးယားႏိုင္ငံကို ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ အီရန္ဗိုလ္ခ်ဳပ္ႏွစ္ဦး ေသဆုံးခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈအရွိန္ျမင့္တက္လာမႈနဲ႔အတူ အီရန္က ဧၿပီ ၁၃ ရက္ေန႔မွာ အစၥေရးကို ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ လက္တုံ႔ျပန္ခဲ့ပါတယ္။ အစၥေရးကလည္း အီရန္ရဲ႕တိုက္ခိုက္မႈေတြကို မေက်နပ္တဲ့အတြက္ ဧၿပီ ၁၉ရက္ေန႔မွာ တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.