ဂျပန်နိုင်ငံ Osaka Tennoji တိရစ္ဆာန်ရုံရှိ ရေမြင်းတစ်ကောင်ကို (၇)နှစ်ကြာမှ အမ မှန်းသိ

 1647

ရောင်နီ (NP News) - ဧပြီ ၂၄

ဂျပန်နိုင်ငံ၊ Osaka Tennoji တိရစ္ဆာန်ရုံရှိ ရေမြင်းတစ်ကောင်ကို (၇) နှစ်ကြာမှ အမ မှန်းသိခဲ့ရတယ်လို့ တိရစ္ဆာန်ရုံက အင်္ဂါနေ့ (ဧပြီ ၂၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။

အသက် ၁၂ နှစ်အရွယ် အဆိုပါ ရေမြင်းဟာ မက္ကဆီကိုနိုင်ငံရှိ Africam Safari တိရစ္ဆာန်ဥယျာဉ်မှ Osaka Tennoji တိရစ္ဆာန်ရုံကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ တိရစ္ဆာန်ရုံကို စရောက်ချင်းမှာ အဆိုပါ ရေမြင်းကို အထီးအဖြစ် အကောက်ခွန် စာရွက်စာတမ်း တာဝန်ရှိသူတွေက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်ရုံစောင့်တွေက ရေမြင်းရဲ့ လိင်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး အချိန်တော်တော်ကြာ ဝေခွဲမရ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့်၊ မစင်စွန့်ချိန်မှာ ပုံမှန်အထီးတွေရဲ့ အလေ့အကျင့်နဲ့ မတူပဲ အထီးလိင်အင်္ဂါလည်း မြင်သာခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပြင်ပအဖွဲ့အစည်းတစ်ခုမှာ DNA စစ်ဆေးခဲ့ရာမှ အမ ဖြစ်ကြောင်း DNA ထွက်လာခဲ့ခြင်း ဖြစ်တယ်လို့ တိရိစ္ဆာန်ရုံက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

zawgyi version
ဂ်ပန္ႏိုင္ငံ Osaka Tennoji တိရစာၦန္႐ုံရွိ ေရျမင္းတစ္ေကာင္ကို (၇)ႏွစ္ၾကာမွ အမ မွန္းသိ
ေရာင္နီ (NP News) - ဧၿပီ ၂၄

ဂ်ပန္ႏိုင္ငံ၊ Osaka Tennoji တိရစာၦန္႐ုံရွိ ေရျမင္းတစ္ေကာင္ကို (၇) ႏွစ္ၾကာမွ အမ မွန္းသိခဲ့ရတယ္လို႔ တိရစာၦန္႐ုံက အဂၤါေန႔ (ဧၿပီ ၂၃ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

အသက္ ၁၂ ႏွစ္အ႐ြယ္ အဆိုပါ ေရျမင္းဟာ မကၠဆီကိုႏိုင္ငံရွိ Africam Safari တိရစာၦန္ဥယ်ာဥ္မွ Osaka Tennoji တိရစာၦန္႐ုံကို ၂၀၁၇ ခုႏွစ္မွာ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ တိရစာၦန္႐ုံကို စေရာက္ခ်င္းမွာ အဆိုပါ ေရျမင္းကို အထီးအျဖစ္ အေကာက္ခြန္ စာ႐ြက္စာတမ္း တာဝန္ရွိသူေတြက အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ တိရစာၦန္႐ုံေစာင့္ေတြက ေရျမင္းရဲ႕ လိင္သတ္မွတ္ခ်က္နဲ႔ ပတ္သက္ၿပီး အခ်ိန္ေတာ္ေတာ္ၾကာ ေဝခြဲမရ ျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္၊ မစင္စြန႔္ခ်ိန္မွာ ပုံမွန္အထီးေတြရဲ႕ အေလ့အက်င့္နဲ႔ မတူပဲ အထီးလိင္အဂၤါလည္း ျမင္သာျခင္း မရွိခဲ့ပါဘူး။ ဒါေၾကာင့္ ျပင္ပအဖြဲ႕အစည္းတစ္ခုမွာ DNA စစ္ေဆးခဲ့ရာမွ အမ ျဖစ္ေၾကာင္း DNA ထြက္လာခဲ့ျခင္း ျဖစ္တယ္လို႔ တိရိစာၦန္႐ုံက ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

Picture

Kyaw Kyaw

24/04/2024 10:29

YCDC ကနို့စားနွားကို အထီးမွေးထားမိတာနဲ့ အတူတူပေါ့

Related news

© 2021. All rights reserved.