ဖင်လန်နိုင်ငံမှာ လုပ်ဆောင်မယ့်နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက ရန်စနေခြင်းမျိုးသာဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်

 444

Pika (NP News) - ဧပြီ ၂၄

ဖင်လန်နိုင်ငံမှာ ဧပြီလ(၂၆)ရက်နေ့မှာ စတင်လုပ်ဆောင်မယ့် နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ရုရှား-ဖင်လန်နယ်စပ်အနီးမှာ လုပ်ဆောင်မယ့် စစ်ရေးလေ့ကျင့်မှုတွေဟာ ရုရှားကို ရန်စနေခြင်းမျိုးဖြစ်တယ်လို့ ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဧပြီလ(၂၄)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မာရီယာဇာခါရိုဗာက 'ရုရှားနယ်စပ်အနီးမှာ လုပ်ဆောင်မယ့် နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ရန်စနေတာမျိုးပဲဖြစ်ပါတယ်။ သူတို့လုပ်ဆောင်ချင်တဲ့ အဓိကအကြောင်းအရာက အင်အားပြသပြီး ရုရှားကို စစ်ရေးအရဖိအားပေးဖို့ပါပဲ။ ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှု အန္တရာယ်တွေကို တိုးလာစေပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံများက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးမှုသည် ရုရှားနှင့်နေတိုးအဖွဲ့ကြား ထိပ်တိုက်တွေ့ဆုံမှုအန္တရာယ်များကို မြင့်တက်လာစေကြောင်း ရုရှားအစိုးရက ပြီးခဲ့သည့်လများအတွင်း သတိပေးပြောဆိုခဲ့သည်။ဒါ့ပြင် ရုရှားနှင့်နေတိုးအဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ အနောက်အုပ်စုနိုင်ငံတွေရဲ့ တာဝန်ရှိသူတွေကလည်း ယခင်ကသတိပေးပြောဆိုခဲ့ဖူးပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားနှင့်ဖြစ်ပွားလာနိုင်ခြေရှိသော စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒါ့ပြင် ယူကရိန်းကို နေတိုးအဖွဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့မယ်ဆိုရင် နျူကလီးယား စစ်ပွဲတွေဖြစ်ပွားလာနိုင်တဲ့ အလားအလာတွေ များနေတယ်လို့ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့ မတ်လမှာ သတိပေးပြောဆိုခဲ့ဖူးပါတယ်။

zawgyi version
ဖင္လန္ႏိုင္ငံမွာ လုပ္ေဆာင္မယ့္ေနတိုးအဖြဲ႕ရဲ႕ စစ္ေရးေလ့က်င့္မႈေတြက ရန္စေနျခင္းမ်ိဳးသာျဖစ္ေၾကာင္း ႐ုရွားအစိုးရေဝဖန္
Pika (NP News) - ဧၿပီ ၂၄

ဖင္လန္ႏိုင္ငံမွာ ဧၿပီလ(၂၆)ရက္ေန႔မွာ စတင္လုပ္ေဆာင္မယ့္ ေနတိုးအဖြဲ႕ရဲ႕ စစ္ေရးေလ့က်င့္မႈေတြနဲ႔ ႐ုရွား-ဖင္လန္နယ္စပ္အနီးမွာ လုပ္ေဆာင္မယ့္ စစ္ေရးေလ့က်င့္မႈေတြဟာ ႐ုရွားကို ရန္စေနျခင္းမ်ိဳးျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံျခား ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ဧၿပီလ(၂၄)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

မာရီယာဇာခါ႐ိုဗာက '႐ုရွားနယ္စပ္အနီးမွာ လုပ္ေဆာင္မယ့္ ေနတိုးအဖြဲ႕ရဲ႕ စစ္ေရးေလ့က်င့္မႈေတြဟာ ရန္စေနတာမ်ိဳးပဲျဖစ္ပါတယ္။ သူတို႔လုပ္ေဆာင္ခ်င္တဲ့ အဓိကအေၾကာင္းအရာက အင္အားျပသၿပီး ႐ုရွားကို စစ္ေရးအရဖိအားေပးဖို႔ပါပဲ။ ဒီစစ္ေရးေလ့က်င့္မႈေတြဟာ ျဖစ္ႏိုင္ေျခရွိတဲ့ စစ္ေရးအရ ထိပ္တိုက္ေတြ႕ဆုံမႈ အႏၲရာယ္ေတြကို တိုးလာေစပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

ယူကရိန္းႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲႏွင့္ပတ္သက္ၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီပံ့ပိုးေပးမႈသည္ ႐ုရွားႏွင့္ေနတိုးအဖြဲ႕ၾကား ထိပ္တိုက္ေတြ႕ဆုံမႈအႏၲရာယ္မ်ားကို ျမင့္တက္လာေစေၾကာင္း ႐ုရွားအစိုးရက ၿပီးခဲ့သည့္လမ်ားအတြင္း သတိေပးေျပာဆိုခဲ့သည္။ဒါ့ျပင္ ႐ုရွားႏွင့္ေနတိုးအဖြဲ႕ၾကား ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ပြားလာႏိုင္တယ္လို႔ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ တာဝန္ရွိသူေတြကလည္း ယခင္ကသတိေပးေျပာဆိုခဲ့ဖူးပါတယ္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ႐ုရွားႏွင့္ျဖစ္ပြားလာႏိုင္ေျခရွိေသာ စစ္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ထားဖို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးလြိဳက္ေအာ္စတင္က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ဒါ့ျပင္ ယူကရိန္းကို ေနတိုးအဖြဲ႕ တပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ခဲ့မယ္ဆိုရင္ န်ဴကလီးယား စစ္ပြဲေတြျဖစ္ပြားလာႏိုင္တဲ့ အလားအလာေတြ မ်ားေနတယ္လို႔ ႐ုရွားသမၼတပူတင္က ၿပီးခဲ့တဲ့ မတ္လမွာ သတိေပးေျပာဆိုခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.