အုတ်တွင်းမြို့နယ်တွင် ဘုရားထီးတင်ပွဲမှပြန်လာသည့် Light Truck ကားတစ်စီးတိမ်းမှောက်ခဲ့ရာ တစ်ဦးသေဆုံး၍ (၁၄)ဦးထိခိုက် ဒဏ်ရာရ

 593

သန့်ဇင် (NP News) - ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ဘုရားထီးတင်ပွဲမှ ပြန်လာသည့် Light Truck ကားတစ်စီးတိမ်းမှောက်ခဲ့ရာ တစ်ဦးသေဆုံး၍ (၁၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြတ်သောသူပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဧပြီလ ၂၄ ရက်)၊ မွန်းလွဲ ၂နာရီ ၅၀မိနစ်အချိန်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း၊ အုတ်တွင်းကျောက်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုရားထီးတင်ပြီးပြန်လာတဲ့ကားက နောက်ဘီးပေါက်ပြီး မှောက်တာ။ ကားပေါ်မှာပါတဲ့လူတွေဒဏ်ရာရပြီး အမျိုးသမီးတစ်ယောက်ကတော့ သေသွားတယ်”ဟု မြတ်သောသူပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူ (၁၅)ဦးအနက် အသက်(၅၀)ကျော်အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်း ပြီးသေဆုံးသွားခဲ့ပြီး ကျန်(၁၄)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတအသင်းများစုပေါင်းကာ အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
အုတ္တြင္းၿမိဳ႕နယ္တြင္ ဘုရားထီးတင္ပြဲမွျပန္လာသည့္ Light Truck ကားတစ္စီးတိမ္းေမွာက္ခဲ့ရာ တစ္ဦးေသဆုံး၍ (၁၄)ဦးထိခိုက္ ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဧၿပီ ၂၄

ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္တြင္ ဘုရားထီးတင္ပြဲမွ ျပန္လာသည့္ Light Truck ကားတစ္စီးတိမ္းေမွာက္ခဲ့ရာ တစ္ဦးေသဆုံး၍ (၁၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမတ္ေသာသူပရဟိတလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔(ဧၿပီလ ၂၄ ရက္)၊ မြန္းလြဲ ၂နာရီ ၅၀မိနစ္အခ်ိန္ခန႔္တြင္ အုတ္တြင္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္လမ္းေဟာင္း၊ အုတ္တြင္းေက်ာက္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘုရားထီးတင္ၿပီးျပန္လာတဲ့ကားက ေနာက္ဘီးေပါက္ၿပီး ေမွာက္တာ။ ကားေပၚမွာပါတဲ့လူေတြဒဏ္ရာရၿပီး အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ေသသြားတယ္”ဟု ျမတ္ေသာသူပရဟိတလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသူ (၁၅)ဦးအနက္ အသက္(၅၀)ေက်ာ္အမ်ိဳးသမီးတစ္ဦးမွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္း ၿပီးေသဆုံးသြားခဲ့ၿပီး က်န္(၁၄)ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ပရဟိတအသင္းမ်ားစုေပါင္းကာ အုတ္တြင္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.