ကွမ်းခြံကုန်းမြို့နယ်တွင် ရာအိမ်မှူးမိသားစုကို အကြမ်းဖက်သမားများက နေအိမ်အတွင်းဝင်ရောက်၍ သေနတ် ၊ ဓားများဖြင့် လုပ်ကြံမှုကြောင့် (၂)ဦး သေဆုံး

 1301

Pearl (NP News) - ဧပြီ၂၅

ကွမ်းခြံကုန်းမြို့နယ်တွင် ရာအိမ်မှူးမိသားစုကို အကြမ်းဖက်သမားများက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်၊ ဓားများဖြင့် လုပ်ကြံမှုကြောင့် (၂)ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ( ဧပြီ ၂၄ ရက်)၊ ည (၈)နာရီခန့်တွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအုပ်စု၊ ကသစ်ကုန်းပိုင်း၊ ကသစ်ကုန်းလမ်းရှိ ရာအိမ်မှူး ဦးသိန်းဝင်း၏ နေအိမ်သို့ အကြမ်းဖက်သမား (၅)ခန့်ကရောက်ရှိလာပြီး သေနတ်များ၊ ဓားများဖြင့် လုပ်ကြံသတ် ဖြတ်၍ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

"မိသားစုလိုက်ကို သတ်သွားတာ။ ရာအိမ်မှူးနဲ့ မြေးက ဆုံးတယ်။ သားပဲ ကျန်နေခဲ့တယ်။ သေနတ်အပြင် ဓားတွေနဲ့ပါမွှန်းတာ။ ဓားနဲ့ပါ လည်ပင်းကိုလှီးသွားတာ"ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူက NP News ကို ပြောသည်။

ထိုသို့ လုပ်ကြံခံရမှုကြောင့် ရာအိမ်မှူးဖြစ်သည် ဦးသိန်းဝင်း (၆၅)နှစ် နှင့် ၎င်း၏မြေးဖြစ်သူ မောင်အာကာလင်းဗိုလ် (၁၄)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရာအိမ်မှူး၏ သားဖြစ်သူ ဦးကျော်စိုးသန့် (၄၃)နှစ်တွင်လည်း ကျည်ထိမှန်ဒဏ်ရာ (၂)ချက်ရရှိခဲ့သဖြင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ ရာအိမ္မႉးမိသားစုကို အၾကမ္းဖက္သမားမ်ားက ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္ ၊ ဓားမ်ားျဖင့္ လုပ္ႀကံမႈေၾကာင့္ (၂)ဦး ေသဆုံး
Pearl (NP News) - ဧၿပီ၂၅

ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ ရာအိမ္မႉးမိသားစုကို အၾကမ္းဖက္သမားမ်ားက ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္၊ ဓားမ်ားျဖင့္ လုပ္ႀကံမႈေၾကာင့္ (၂)ဦး ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ယမန္ေန႔ ( ဧၿပီ ၂၄ ရက္)၊ ည (၈)နာရီခန႔္တြင္ ရန္ကုန္တိုင္း၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ အဂၤလုံးေက်း႐ြာအုပ္စု၊ ကသစ္ကုန္းပိုင္း၊ ကသစ္ကုန္းလမ္းရွိ ရာအိမ္မႉး ဦးသိန္းဝင္း၏ ေနအိမ္သို႔ အၾကမ္းဖက္သမား (၅)ခန႔္ကေရာက္ရွိလာၿပီး ေသနတ္မ်ား၊ ဓားမ်ားျဖင့္ လုပ္ႀကံသတ္ ျဖတ္၍ ထြက္ေျပးသြားခဲ့ေၾကာင္းသိရသည္။

"မိသားစုလိုက္ကို သတ္သြားတာ။ ရာအိမ္မႉးနဲ႔ ေျမးက ဆုံးတယ္။ သားပဲ က်န္ေနခဲ့တယ္။ ေသနတ္အျပင္ ဓားေတြနဲ႔ပါမႊန္းတာ။ ဓားနဲ႔ပါ လည္ပင္းကိုလွီးသြားတာ"ဟု လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူက NP News ကို ေျပာသည္။

ထိုသို႔ လုပ္ႀကံခံရမႈေၾကာင့္ ရာအိမ္မႉးျဖစ္သည္ ဦးသိန္းဝင္း (၆၅)ႏွစ္ ႏွင့္ ၎၏ေျမးျဖစ္သူ ေမာင္အာကာလင္းဗိုလ္ (၁၄)ႏွစ္တို႔တြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ရာအိမ္မႉး၏ သားျဖစ္သူ ဦးေက်ာ္စိုးသန႔္ (၄၃)ႏွစ္တြင္လည္း က်ည္ထိမွန္ဒဏ္ရာ (၂)ခ်က္ရရွိခဲ့သျဖင့္ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး က်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးအတြက္ တာဝန္ရွိသူမ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.