ထိုင်းနိုင်ငံမှာ အပူချိန်မြင့်မားမှုတွေကြောင့် ဒီနှစ်အတွင်း လူပေါင်း အနည်းဆုံး ၃ဝ သေဆုံး

 522

ဂျန်ဇက် (NP News) - ဧပြီ ၂၅

ထိုင်းအစိုးဟာ ရာသီဥတုပူပြင်းမှုနဲ့ပတ်သက်ပြီး ပြည်သူများကို ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းအစိုးရက ဒီနှစ်အတွင်းထိုင်းနိုင်ငံမှာ အပူဒဏ်ခံစားရမှုတွေကြောင့် အနည်းဆုံး လူပေါင်း ၃ဝ သေဆုံးခဲ့ကြောင်း ပြောပါတယ်။ ဘန်ကောက်မြို့အာဏာပိုင်တွေက ထိုင်းနိုင်ငံမှာ ရာသီဥတု အလွန်မင်းပူပြင်းလာနေပြီး ဘန်ကောက်မြို့ရဲ့အပူချိန်ဟာ ၅၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာဖွယ် ရှိနေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရဲ့အပူချိန်ဟာ လက်ရှိအချိန်မှာ ၄ဝ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိရှိနေပြီး အပူချိန်က ဆက်လက်မြင့်တက်လာဖွယ်ရှိနေတယ်လို့ ထိုင်းအစိုးရက သတိပေးထားပါတယ်။
ဒီသီတင်းပတ်အတွင်းမှာ အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသတွေမှာ အပူချိန်မြင့်တက်လာမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် အပူချိန်မြင့်တက်မှုတွကြောင့် စာသင်ကျောင်းတွေကို ယာယီပိတ် ထားရကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ အပူဒဏ်ခံစားရမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ဇန်နဝါရီလ ၁ ရက်ကနေ ဧပြီ ၁၇ ရက် အထိ လူ ၃ဝ ဦးအထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် လျော့နည်းနေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အလားတူ ကာလအတွင်း အပူဒဏ်ကြောင့် လူပေါင်း ၃၇ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါ တယ်။

အရှေ့တောင်အာရှဒေသတွေအတွင်း မတ်လ၊ ဧပြီလ နဲ့ ဧပြီလတို့မှာ အပူချိန်ဟာ အခြားလတွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုမြင့်မားလာနေကြောင်း သိရပါတယ်။ ကမ္ဘာ့အပူချိန်ဟာလည်း ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် ဒီနှစ်မှာ ပိုမိုမြင့်တက် လာခဲ့ပြီး အပူလိုင်းဟာ သက်ရောက်မှုများစွာဖြစ်လာဖွယ်ရှိနေကြောင်း ကမ္ဘာမိုးလေဝသဌာနက သတင်းထုတ်ပြန် ထားပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ အပူခ်ိန္ျမင့္မားမႈေတြေၾကာင့္ ဒီႏွစ္အတြင္း လူေပါင္း အနည္းဆုံး ၃ဝ ေသဆုံး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၅

ထိုင္းအစိုးဟာ ရာသီဥတုပူျပင္းမႈနဲ႔ပတ္သက္ၿပီး ျပည္သူမ်ားကို ႀကိဳတင္သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ေၾကာင္း သိရပါတယ္။
ထိုင္းအစိုးရက ဒီႏွစ္အတြင္းထိုင္းႏိုင္ငံမွာ အပူဒဏ္ခံစားရမႈေတြေၾကာင့္ အနည္းဆုံး လူေပါင္း ၃ဝ ေသဆုံးခဲ့ေၾကာင္း ေျပာပါတယ္။ ဘန္ေကာက္ၿမိဳ႕အာဏာပိုင္ေတြက ထိုင္းႏိုင္ငံမွာ ရာသီဥတု အလြန္မင္းပူျပင္းလာေနၿပီး ဘန္ေကာက္ၿမိဳ႕ရဲ႕အပူခ်ိန္ဟာ ၅၂ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္လာဖြယ္ ရွိေနတယ္လို႔ ေျပာပါတယ္။

ထိုင္းႏိုင္ငံၿမိဳ႕ေတာ္ ဘန္ေကာက္ရဲ႕အပူခ်ိန္ဟာ လက္ရွိအခ်ိန္မွာ ၄ဝ ဒသမ ၁ ဒီဂရီစင္တီဂရိတ္အထိရွိေနၿပီး အပူခ်ိန္က ဆက္လက္ျမင့္တက္လာဖြယ္ရွိေနတယ္လို႔ ထိုင္းအစိုးရက သတိေပးထားပါတယ္။
ဒီသီတင္းပတ္အတြင္းမွာ အာရွတိုက္ေတာင္ပိုင္းနဲ႔ အေရွ႕ေတာင္အာရွေဒသေတြမွာ အပူခ်ိန္ျမင့္တက္လာမႈေတြ ပိုမိုျဖစ္လာဖြယ္ရွိေနၿပီး ဖိလစ္ပိုင္ႏိုင္ငံမွာဆိုရင္ အပူခ်ိန္ျမင့္တက္မႈတြေၾကာင့္ စာသင္ေက်ာင္းေတြကို ယာယီပိတ္ ထားရေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံမွာ အပူဒဏ္ခံစားရမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ဇန္နဝါရီလ ၁ ရက္ကေန ဧၿပီ ၁၇ ရက္ အထိ လူ ၃ဝ ဦးအထိ ရွိခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ အလားတူကာလနဲ႔ႏႈိင္းယွဥ္ရင္ ေလ်ာ့နည္းေနေၾကာင္း သိရပါတယ္။ ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္အလားတူ ကာလအတြင္း အပူဒဏ္ေၾကာင့္ လူေပါင္း ၃၇ ဦး ေသဆုံးခဲ့ရတယ္လို႔ ဆိုပါ တယ္။

အေရွ႕ေတာင္အာရွေဒသေတြအတြင္း မတ္လ၊ ဧၿပီလ နဲ႔ ဧၿပီလတို႔မွာ အပူခ်ိန္ဟာ အျခားလေတြနဲ႔ ႏႈိင္းယွဥ္ရင္ ပိုမိုျမင့္မားလာေနေၾကာင္း သိရပါတယ္။ ကမာၻ႔အပူခ်ိန္ဟာလည္း ၿပီးခဲ့တဲ့ႏွစ္နဲ႔ႏႈိင္းယွဥ္ရင္ ဒီႏွစ္မွာ ပိုမိုျမင့္တက္ လာခဲ့ၿပီး အပူလိုင္းဟာ သက္ေရာက္မႈမ်ားစြာျဖစ္လာဖြယ္ရွိေနေၾကာင္း ကမာၻမိုးေလဝသဌာနက သတင္းထုတ္ျပန္ ထားပါတယ္။

Related news

© 2021. All rights reserved.