ရန်ကုန်တိုင်းအတွင်းက မြို့နယ် (၅)ခုတွင် ညမထွက်ရအမိန့်ကို တိုးမြှင့် ပြောင်းလဲသတ်မှတ်

 5747

စော (NP News)- ဧပြီလ ၂၆

ရန်ကုန်တိုင်းအတွင်းက မြို့နယ် (၅)ခုတွင် ညမထွက်ရအမိန့်ကို တိုးမြှင့် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါညမထွက်ရအမိန့် တိုးမြှင့်သတ်မှတ်ခြင်းကို ဧပြီလ ၂၅ ရက်က ကြေညာအသိပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ် (၅)ခု တွင်သာ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်(၅)ခုမှာ တွံတေးမြို့နယ်၊ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တို့ဖြစ်ပြီး ယခင်သတ်မှတ်ထားသည့် နံနက် (၁)နာရီမှ (၃)နာရီအတွင်းအစား ည (၁၀)နာရီမှ နံနက် (၅)နာရီအတွင်းဟု ‌ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်ပါတယ်။ ည (၁၀)နာရီကနေ မနက် (၅)နာရီအထိပါ။ တွံတေးရယ်၊ ဒလရယ်၊ ကော့မှူးရယ်၊ ကွမ်းခြံကုန်း ရယ်၊ နောက်ပြီး ဆိပ်ကြီးခနောင်တိုပါ” ဟု အထက်ပါနီးစပ်သူက ဆိုသည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် (ဧပြီလ ၂၄ ရက်)၊ ညပိုင်းအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၌ PDF များက ကွမ်းခြံကုန်းမြို့နယ်ရှိ ရာအိမ်မှူးတစ်ဦးကို သေနတ်၊ ဓားများဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ရာ ရာအိမ်မှူးနှင့် ၎င်း၏ မြေးဖြစ်သူတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခင်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် ညမထွက်ရအချိန်အား နံနက် (၁)နာရီမှ နံနက် (၃)နာရီ အတွင်း သတ်မှတ်အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

Zawgyi Version;
ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ (၅)ခုတြင္ ညမထြက္ရအမိန႔္ကို တိုးျမႇင့္ ေျပာင္းလဲသတ္မွတ္
ေစာ (NP News)- ဧၿပီလ ၂၆

ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ (၅)ခုတြင္ ညမထြက္ရအမိန႔္ကို တိုးျမႇင့္ ေျပာင္းလဲသတ္မွတ္ခဲ့ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါညမထြက္ရအမိန႔္ တိုးျမႇင့္သတ္မွတ္ျခင္းကို ဧၿပီလ ၂၅ ရက္က ေၾကညာအသိေပးခဲ့ျခင္းျဖစ္ၿပီး ၿမိဳ႕နယ္ (၅)ခု တြင္သာ ေျပာင္းလဲသတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿမိဳ႕နယ္(၅)ခုမွာ တြံေတးၿမိဳ႕နယ္၊ ဒလ၊ ကြမ္းၿခံကုန္း၊ ေကာ့မႉးႏွင့္ ဆိပ္ႀကီးခေနာင္တို ၿမိဳ႕နယ္တို႔ျဖစ္ၿပီး ယခင္သတ္မွတ္ထားသည့္ နံနက္ (၁)နာရီမွ (၃)နာရီအတြင္းအစား ည (၁၀)နာရီမွ နံနက္ (၅)နာရီအတြင္းဟု ‌ေျပာင္းလဲသတ္မွတ္ခဲ့ျခင္းျဖစ္သည္။

“ဟုတ္ပါတယ္။ ည (၁၀)နာရီကေန မနက္ (၅)နာရီအထိပါ။ တြံေတးရယ္၊ ဒလရယ္၊ ေကာ့မႉးရယ္၊ ကြမ္းၿခံကုန္း ရယ္၊ ေနာက္ၿပီး ဆိပ္ႀကီးခေနာင္တိုပါ” ဟု အထက္ပါနီးစပ္သူက ဆိုသည္။

အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ (ဧၿပီလ ၂၄ ရက္)၊ ညပိုင္းအခ်ိန္တြင္ ကြမ္းၿခံကုန္းၿမိဳ႕နယ္၌ PDF မ်ားက ကြမ္းၿခံကုန္းၿမိဳ႕နယ္ရွိ ရာအိမ္မႉးတစ္ဦးကို ေသနတ္၊ ဓားမ်ားျဖင့္ လုပ္ႀကံသတ္ျဖတ္ခဲ့ရာ ရာအိမ္မႉးႏွင့္ ၎၏ ေျမးျဖစ္သူတို႔ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ယခင္က ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အသီးသီးတြင္ ညမထြက္ရအခ်ိန္အား နံနက္ (၁)နာရီမွ နံနက္ (၃)နာရီ အတြင္း သတ္မွတ္အမိန႔္ထုတ္ျပန္ထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.