ကော့ဘိန်းကျေးရွာ နှင့် ဓမ္မသတ်ကျေးရွာတို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေ

 1665

Pearl (NP News) - ဧပြီ ၂၆

ကရင်ပြည်နယ်၊ ကော့ဘိန်းကျေးရွာ နှင့် မွန်ပြည်နယ်၊ ဓမ္မသတ်ကျေးရွာတို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီး မိုင်းရှင်းလင်းရေးများ ဆက် လက်ဆောင်ရွက်နေကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

KNU ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့)နှင့် PDF ပူးပေါင်းအဖွဲ့က ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ မတ်လ ၂၄ ရက်မှစ၍ အင်အားအများအပြားဖြင့် ဌာနဆိုင်ရာ အဆောက်အအုံများ၊ ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နယ်မြေခံလုံခြုံရေး တပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံခဲ့သော် လည်း မတ်လ ၂၅ ရက်နေ့တွင် ကော့ဘိန်းကျေးရွာမှလည်းကောင်း၊ မတ်လ ၂၇ ရက်တွင် ဓမ္မသတ်ကျေးရွာမှ လည်းကောင်းအသီးသီးခေတ္တဆုတ်ခွာခဲ့ရပြီး တရနာကျေးရွာ၌ တပ်မတော်အနေဖြင့် ပြန်လည်စုဖွဲ့ခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်စစ်ကြောင်းများက ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorism Operation)ကို ဧပြီလ ၁၁ ရက်နေ့မှစတင်၍ အဆင့်ဆင့်ခြေကုတ်ယူ၍ဆောင်ရွက်ခဲ့ရာ စုစုပေါင်းထိတွေ့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များထံမှ အလောင်းအချို့၊ လက် နက်ခဲယမ်းများ နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း တပ်မတော်ဘက်က အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ဓမ္မသတ်ကျေးရွာအား ဧပြီလ ၂၂ ရက်တွင်လည်းကောင်း၊ ကော့ဘိန်းကျေးရွာအား ဧပြီလ ၂၅ ရက်တွင်လည်းကောင်း၊ တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာထွက်ပြေးစဉ် လမ်းကြောင်းတစ်လျှောက်ရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ၊ ရဲစခန်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းစသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့သဖြင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

လက်ရှိတွင် ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ နေရပ်စွန့် ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး အဆိုပါကျေးရွာများ၌ တည်ငြိမ်အေးချမ်းပြီဖြစ်သည့် အတွက် ဒေသခံပြည်သူများသည်လည်း မိမိကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်လာကြပြီဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ေကာ့ဘိန္းေက်း႐ြာ ႏွင့္ ဓမၼသတ္ေက်း႐ြာတို႔ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ မိုင္းရွင္းလင္းေရးမ်ား လုပ္ေဆာင္ေန
Pearl (NP News) - ဧၿပီ ၂၆

ကရင္ျပည္နယ္၊ ေကာ့ဘိန္းေက်း႐ြာ ႏွင့္ မြန္ျပည္နယ္၊ ဓမၼသတ္ေက်း႐ြာတို႔ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီး မိုင္းရွင္းလင္းေရးမ်ား ဆက္ လက္ေဆာင္႐ြက္ေနေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

KNU ၊ NMSP AD (မြန္ခြဲထြက္အဖြဲ႕)ႏွင့္ PDF ပူးေပါင္းအဖြဲ႕က ကရင္ ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေကာ့ဘိန္းေက်း႐ြာ၊ မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ ဓမၼသတ္ေက်း႐ြာႏွင့္ အနီးပတ္ဝန္းက်င္ေက်း႐ြာမ်ားသို႔ မတ္လ ၂၄ ရက္မွစ၍ အင္အားအမ်ားအျပားျဖင့္ ဌာနဆိုင္ရာ အေဆာက္အအုံမ်ား၊ ရဲစခန္းမ်ားအား ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

နယ္ေျမခံလုံၿခဳံေရး တပ္ဖြဲ႕မ်ား၊ ရဲစခန္းမ်ားမွ အင္အားစုစည္း၍ ခုခံခဲ့ေသာ္ လည္း မတ္လ ၂၅ ရက္ေန႔တြင္ ေကာ့ဘိန္းေက်း႐ြာမွလည္းေကာင္း၊ မတ္လ ၂၇ ရက္တြင္ ဓမၼသတ္ေက်း႐ြာမွ လည္းေကာင္းအသီးသီးေခတၱဆုတ္ခြာခဲ့ရၿပီး တရနာေက်း႐ြာ၌ တပ္မေတာ္အေနျဖင့္ ျပန္လည္စုဖြဲ႕ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေကာ့ဘိန္းေက်း႐ြာ၊ ဓမၼသတ္ေက်း႐ြာႏွင့္အနီးပတ္ဝန္းက်င္ရွိ ေက်း႐ြာမ်ားသို႔ အၾကမ္းဖက္ေခ်မႈန္းေရးစစ္ဆင္ေရး (Counter - Terrorism Operation)ကို ဧၿပီလ ၁၁ ရက္ေန႔မွစတင္၍ အဆင့္ဆင့္ေျခကုတ္ယူ၍ေဆာင္႐ြက္ခဲ့ရာ စုစုေပါင္းထိေတြ႕ တိုက္ပြဲ ၇ ႀကိမ္ျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္မ်ားထံမွ အေလာင္းအခ်ိဳ႕၊ လက္ နက္ခဲယမ္းမ်ား ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ထိေတြ႕တိုက္ပြဲမ်ားအတြင္း တပ္မေတာ္ဘက္က အရာရွိ၊ စစ္သည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ္လည္း ဓမၼသတ္ေက်း႐ြာအား ဧၿပီလ ၂၂ ရက္တြင္လည္းေကာင္း၊ ေကာ့ဘိန္းေက်း႐ြာအား ဧၿပီလ ၂၅ ရက္တြင္လည္းေကာင္း၊ တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္ထိန္းခ်ဳပ္ထားႏိုင္ခဲ့ ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အၾကမ္းဖက္သမားမ်ား ျပန္လည္ဆုတ္ခြာထြက္ေျပးစဥ္ လမ္းေၾကာင္းတစ္ေလွ်ာက္ရွိ လူေနအိမ္မ်ားႏွင့္ ဌာနဆိုင္ရာ အေဆာက္အဦမ်ား၊ ရဲစခန္းမ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း၊ မိုင္းေထာင္ေဖာက္ခြဲျခင္းစသည့္ လုပ္ရပ္မ်ား လုပ္ေဆာင္ခဲ့သျဖင့္ ၿမိဳ႕တြင္းရွိ အေဆာက္အဦမ်ားစြာ ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္းလည္း သိရသည္။

လက္ရွိတြင္ ၎တို႔ေထာင္ထားခဲ့သည့္ မိုင္းမ်ားေၾကာင့္ ျပည္သူမ်ား ထိခိုက္ဒဏ္ရာရရွိမႈမရွိေစေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက မိုင္းရွင္းလင္းျခင္းလုပ္ငန္းမ်ားကို ေနရာအလိုက္၊ လမ္းမ်ားအလိုက္ စနစ္တက် ဆက္လက္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

မြန္ျပည္နယ္အစိုးရအဖြဲ႕၊ ကရင္ျပည္နယ္အစိုးရအဖြဲ႕တို႔ကလည္း ေကာ့ဘိန္းေက်း႐ြာ၊ ဓမၼသတ္ေက်း႐ြာႏွင့္ အနီးပတ္ဝန္းက်င္ ေက်း႐ြာမ်ားမွ ေနရပ္စြန႔္ ခြာ ေဒသခံျပည္သူမ်ား ျပန္လည္ဝင္ေရာက္ေနထိုင္ႏိုင္ေရး၊ ျပန္လည္ထူ ေထာင္ေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ႏိုင္ေရးအတြက္ စီမံေဆာင္႐ြက္လ်က္ရွိၿပီး အဆိုပါေက်း႐ြာမ်ား၌ တည္ၿငိမ္ေအးခ်မ္းၿပီျဖစ္သည့္ အတြက္ ေဒသခံျပည္သူမ်ားသည္လည္း မိမိေက်း႐ြာမ်ားသို႔ ျပန္လည္ဝင္ေရာက္ေနထိုင္လာၾကၿပီျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.