ဧပြီလမှစ၍ (၃)လအတွင်း ရန်ကုန်ရှိ အထင်ကရ စေတီဘုရား ၁ဝ ဆူတွင် တရုတ်နည်းပညာဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်စနစ် တပ်ဆင်မည်

 14039

ယွန်း (NP News) - ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောကြားချက်အရ ယခု ဧပြီလမှစ၍ (၃)လအတွင်း ရန်ကုန်ရှိ အထင်ကရ စေတီဘုရား ၁၀ ဆူတွင် တရုတ်နည်းပညာဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်စနစ် တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါဘုရား ၁၀ ဆူမှာ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီ၊ လောကချမ်းသာအဘယလာဘမုနိ ကျောက်တော် ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက်ကလော့စေတီ၊ ကျိုက္ကဆံစေတီ၊ ကမ္ဘာအေးစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ သန်လျင် ကျိုက်ခေါက်စေတီ နှင့် တွံတေးရွှေဆံတော်စေတီတော်တို့ဖြစ်ကြောင်း သိရသည်။

ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်(Pagoda Digital Directory) စနစ်သည် ခရီးသွားများအတွက် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်အသေးစိတ်အချက်အလက်များကို လေ့လာကြည်ညိုနိုင်စေရန် ကူညီပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် ပြည်ပခရီးသွားအရေအတွက် မြင့်တက်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့တွင် အထင်ကရစေတီဘုရားပေါင်း အဆူ ၃၀ ရှိပြီး အထက်ပါစေတီဘုရား ၁၀ ဆူတွင် Pagoda Digital Directory များ တပ်ဆင်ပြီးနောက် ကျန်ရှိသောစေတီဘုရားများတွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဧပြီ ၁ ရက်အထိ ရွှေတိဂုံစေတီတော်၏ အရပ်လေးမျက်နှာ၌ Pagoda Digital Directory များ တပ်ဆင် ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဧၿပီလမွစ၍ (၃)လအတြင္း ရန္ကုန္ရွိ အထင္ကရ ေစတီဘုရား ၁ဝ ဆူတြင္ တ႐ုတ္နည္းပညာျဖင့္ ဘုရားသမိုင္းႏွင့္ ဘုရားဖူးလမ္းၫႊန္စနစ္ တပ္ဆင္မည္
ယြန္း (NP News) - ဧၿပီ ၂၇

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ေျပာၾကားခ်က္အရ ယခု ဧၿပီလမွစ၍ (၃)လအတြင္း ရန္ကုန္ရွိ အထင္ကရ ေစတီဘုရား ၁၀ ဆူတြင္ တ႐ုတ္နည္းပညာျဖင့္ ဘုရားသမိုင္းႏွင့္ ဘုရားဖူးလမ္းၫႊန္စနစ္ တပ္ဆင္ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။

အဆိုပါဘုရား ၁၀ ဆူမွာ ဗိုလ္တေထာင္ေစတီ၊ ဆူးေလေစတီ၊ ေလာကခ်မ္းသာအဘယလာဘမုနိ ေက်ာက္ေတာ္ ႀကီးဘုရား၊ မယ္လမုေစတီ၊ က်ိဳက္ကေလာ့ေစတီ၊ က်ိဳကၠဆံေစတီ၊ ကမာၻေအးေစတီ၊ ေ႐ႊဘုန္းပြင့္ေစတီ၊ သန္လ်င္ က်ိဳက္ေခါက္ေစတီ ႏွင့္ တြံေတးေ႐ႊဆံေတာ္ေစတီေတာ္တို႔ျဖစ္ေၾကာင္း သိရသည္။

ဘုရားသမိုင္းႏွင့္ ဘုရားဖူးလမ္းၫႊန္(Pagoda Digital Directory) စနစ္သည္ ခရီးသြားမ်ားအတြက္ ဘုရားသမိုင္းႏွင့္ ဘုရားဖူးလမ္းၫႊန္အေသးစိတ္အခ်က္အလက္မ်ားကို ေလ့လာၾကည္ညိဳႏိုင္ေစရန္ ကူညီေပးႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ပခရီးသြားအေရအတြက္ ျမင့္တက္လာႏိုင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံမွ သိရသည္။

ရန္ကုန္ၿမိဳ႕တြင္ အထင္ကရေစတီဘုရားေပါင္း အဆူ ၃၀ ရွိၿပီး အထက္ပါေစတီဘုရား ၁၀ ဆူတြင္ Pagoda Digital Directory မ်ား တပ္ဆင္ၿပီးေနာက္ က်န္ရွိေသာေစတီဘုရားမ်ားတြင္ ဆက္လက္တပ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဧၿပီ ၁ ရက္အထိ ေ႐ႊတိဂုံေစတီေတာ္၏ အရပ္ေလးမ်က္ႏွာ၌ Pagoda Digital Directory မ်ား တပ္ဆင္ ၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.