အကောက်တောင်သို့ ဘုရားဖူးလာသည့် ဆယ်ကျော်သက်အရွယ် လူငယ်(၅)ဦး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ (၄)ဦး ရေနစ်သေဆုံး

 1378

သန့်ဇင် (NP News) - ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အကောက်တောင်သို့ ဘုရားဖူးလာသည့် ဆယ်ကျော်သက်အရွယ် လူငယ်(၅)ဦး ဧရာဝတီမြစ်အတွင်းသို့ ရေဆင်းကူးရာမှ (၄)ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း မေတ္တာမွန် လူမှုကူညီရေးပရဟိတအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၇ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်က ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအနီး၊ ဧရာဝတီမြစ်အတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က အကောက်တောင်ဘုရားဖူးလာရင်းနဲ့ မြစ်ထဲမှာ ရေဆင်းကူးကြတာပါ။ အဲဒီမှာ မြစ်ရဲ့စီးကျရေထဲကို ရောက်သွားပြီး နစ်သွားတာပေါ့။ မြစ်ထဲက ချောက်လို့လဲပြောလို့ရတာပေါ့။ အဲဒီထဲကို ကျသွားတာပါ။ ဆင်းကူး တုန်းကတော့ (၅)ယောက်ကူးကြတာ။ တစ်ယောက်က အသက်ရှင်ပေမယ့် (၄)ယောက်ကတော့ ဆုံးသွားတယ်” ဟု မေတ္တာမွန်လူမှုကူညီရေးပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ရေနစ်သေဆုံးသူလူငယ်များမှာ အသက်(၁၇)နှစ်ဝန်းကျင်အရွယ်ရှိသူများဖြစ်ပြီး မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှ အကောက်တောင်ဘုရားသို့ မိသားစုနှင့် အတူ ဘုရားဖူးလာကြသူများဖြစ်ကြောင်း သိရသည်။

“အဲဒီနေရာမှာ အခုလထဲမှာကို (၅)ယောက်ထိရှိသွားပြီ။ အခုနစ်တဲ့နေရာကနေ အကောက်တောင်ကို သွားမယ်ဆို နည်းနည်းတော့ လှမ်းသေးတယ်။ သောကြာဒူးရွာကနေ တောင်ခြေကိုတက်ပြီးမှ အကောက်တောင်ဘက်ကို ရောက်မှာ အခုဖြစ်တာက ရွာနားမှာ ဖြစ်တာပါ။ အရင်တည်းက အဲဒီနေရာက ရေမကူးဖို့ ပိတ်ထားတဲ့နေရာပါ။ အခုအချိန်ထိလည်း ပိတ်ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် သေဆုံးသူ လူငယ်(၄)ဦးကို မေတ္တာမွန်လူမှုကူညီရေးအသင်းက အင်ပင်မြို့သို့ ဆက်လက် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
အေကာက္ေတာင္သို႔ ဘုရားဖူးလာသည့္ ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္(၅)ဦး ဧရာဝတီျမစ္အတြင္း ေရဆင္းကူးရာ (၄)ဦး ေရနစ္ေသဆုံး
သန႔္ဇင္ (NP News) - ဧၿပီ ၂၇

ဧရာဝတီတိုင္းေဒသႀကီး၊ ႀကံခင္းၿမိဳ႕နယ္၊ အေကာက္ေတာင္သို႔ ဘုရားဖူးလာသည့္ ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္(၅)ဦး ဧရာဝတီျမစ္အတြင္းသို႔ ေရဆင္းကူးရာမွ (၄)ဦး ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း ေမတၱာမြန္ လူမႈကူညီေရးပရဟိတအဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၂၇ ရက္)၊ နံနက္ ၈ နာရီအခ်ိန္ခန႔္က ႀကံခင္းၿမိဳ႕နယ္၊ ေသာၾကာဒူးေက်း႐ြာအနီး၊ ဧရာဝတီျမစ္အတြင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔က အေကာက္ေတာင္ဘုရားဖူးလာရင္းနဲ႔ ျမစ္ထဲမွာ ေရဆင္းကူးၾကတာပါ။ အဲဒီမွာ ျမစ္ရဲ႕စီးက်ေရထဲကို ေရာက္သြားၿပီး နစ္သြားတာေပါ့။ ျမစ္ထဲက ေခ်ာက္လို႔လဲေျပာလို႔ရတာေပါ့။ အဲဒီထဲကို က်သြားတာပါ။ ဆင္းကူး တုန္းကေတာ့ (၅)ေယာက္ကူးၾကတာ။ တစ္ေယာက္က အသက္ရွင္ေပမယ့္ (၄)ေယာက္ကေတာ့ ဆုံးသြားတယ္” ဟု ေမတၱာမြန္လူမႈကူညီေရးပရဟိတအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေရနစ္ေသဆုံးသူလူငယ္မ်ားမွာ အသက္(၁၇)ႏွစ္ဝန္းက်င္အ႐ြယ္ရွိသူမ်ားျဖစ္ၿပီး ျမန္ေအာင္ၿမိဳ႕နယ္၊ အင္ပင္ၿမိဳ႕မွ အေကာက္ေတာင္ဘုရားသို႔ မိသားစုႏွင့္ အတူ ဘုရားဖူးလာၾကသူမ်ားျဖစ္ေၾကာင္း သိရသည္။

“အဲဒီေနရာမွာ အခုလထဲမွာကို (၅)ေယာက္ထိရွိသြားၿပီ။ အခုနစ္တဲ့ေနရာကေန အေကာက္ေတာင္ကို သြားမယ္ဆို နည္းနည္းေတာ့ လွမ္းေသးတယ္။ ေသာၾကာဒူး႐ြာကေန ေတာင္ေျခကိုတက္ၿပီးမွ အေကာက္ေတာင္ဘက္ကို ေရာက္မွာ အခုျဖစ္တာက ႐ြာနားမွာ ျဖစ္တာပါ။ အရင္တည္းက အဲဒီေနရာက ေရမကူးဖို႔ ပိတ္ထားတဲ့ေနရာပါ။ အခုအခ်ိန္ထိလည္း ပိတ္ထားပါတယ္” ဟု ၎က ဆက္ေျပာသည္။

လက္ရွိတြင္ ေသဆုံးသူ လူငယ္(၄)ဦးကို ေမတၱာမြန္လူမႈကူညီေရးအသင္းက အင္ပင္ၿမိဳ႕သို႔ ဆက္လက္ ပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.