တောင်ကိုရီးယားအဆိုတော် ဇီကို နဲ့ Blackpink အဖွဲ့ဝင် ဂျင်းနီ ရဲ့ Collab Single "SPOT!" ကိုရီးယားနဲ့ ကမ္ဘာတစ်ဝှမ်း တေးဂီတဇယားတွေမှာ ထိပ်ဆုံးမှ နေရာယူနေ

 1672

ရောင်နီ (NP News) - ဧပြီ ၂၈

တောင်ကိုရီးယား အဆိုတော် ဇီကိုနဲ့ BLACKPINK အဖွဲ့ဝင် ဂျင်းနီ ပူးတွဲသီဆိုထားတဲ့ Collab Single သီချင်း "SPOT" ဟာ တောင်ကိုရီးယားမှာသာမက ကမ္ဘာတစ်ဝှမ်းရှိ တေးဂီတဇယားတွေမှာပါ ထိပ်ဆုံးက နေရာယူနေ ပါတယ်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီက SPOT!” တေးသီချင်းဟာ Melon's Top 100 ထဲ ဝင်တဲ့အပြင် Bugs' နဲ့ Genie ပလက်ဖောင်းတွေမှာလည်း No 1 ထိ ရောက်ရှိခဲ့ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်၊ ထိုင်း၊ ချီလီ၊ အင်ဒိုနီးရှား အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အနည်းဆုံး ဒေသ ၃၁ ခုရဲ့ထိပ်တန်းသီချင်း များ ဇယားမှာပါ နံပါတ် ၁ ကို ချိတ်ဆွဲနိုင်ခဲ့ပါတယ်။

အဆိုပါ ဟစ်ဟော့တေးသီချင်းဟာ တောင်ကိုရီးယား ဂီတနယ်ပယ်မှာ အလွှမ်းမိုးနိုင်ဆုံး အဆိုတော် ၂ ဦး collab လုပ်ထားတဲ့ တေးသီချင်းဖြစ်တာကြောင့် လူငယ်ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဂျင်းနီရဲ့ vocal ကို ဇီကိုရဲ့ rap နဲ့ အားဖြည့်လိုက်တဲ့အခါ အကောင်းဆုံး collab သီချင်းအဖြစ် ထွက်ပေါ်လာခဲ့ပြီး အခု Youtube မှာလည်း popular အဖြစ်ဆုံး တေးသီချင်းဖြစ်လာခဲ့ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားအဆိုေတာ္ ဇီကို နဲ႔ Blackpink အဖြဲ႕ဝင္ ဂ်င္းနီ ရဲ႕ Collab Single "SPOT!" ကိုရီးယားနဲ႔ ကမာၻတစ္ဝွမ္း ေတးဂီတဇယားေတြမွာ ထိပ္ဆုံးမွ ေနရာယူေန
ေရာင္နီ (NP News) - ဧၿပီ ၂၈

ေတာင္ကိုရီးယား အဆိုေတာ္ ဇီကိုနဲ႔ BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီ ပူးတြဲသီဆိုထားတဲ့ Collab Single သီခ်င္း "SPOT" ဟာ ေတာင္ကိုရီးယားမွာသာမက ကမာၻတစ္ဝွမ္းရွိ ေတးဂီတဇယားေတြမွာပါ ထိပ္ဆုံးက ေနရာယူေန ပါတယ္။

ဧၿပီလ ၂၇ ရက္ေန႔ နံနက္ ၉ နာရီက SPOT!” ေတးသီခ်င္းဟာ Melon's Top 100 ထဲ ဝင္တဲ့အျပင္ Bugs' နဲ႔ Genie ပလက္ေဖာင္းေတြမွာလည္း No 1 ထိ ေရာက္ရွိခဲ့ပါတယ္။

ဒါ့အျပင္ ထိုင္ဝမ္၊ ထိုင္း၊ ခ်ီလီ၊ အင္ဒိုနီးရွား အပါအဝင္ ကမာၻတစ္ဝွမ္းရွိ အနည္းဆုံး ေဒသ ၃၁ ခုရဲ႕ထိပ္တန္းသီခ်င္း မ်ား ဇယားမွာပါ နံပါတ္ ၁ ကို ခ်ိတ္ဆြဲႏိုင္ခဲ့ပါတယ္။

အဆိုပါ ဟစ္ေဟာ့ေတးသီခ်င္းဟာ ေတာင္ကိုရီးယား ဂီတနယ္ပယ္မွာ အလႊမ္းမိုးႏိုင္ဆုံး အဆိုေတာ္ ၂ ဦး collab လုပ္ထားတဲ့ ေတးသီခ်င္းျဖစ္တာေၾကာင့္ လူငယ္ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။

ဂ်င္းနီရဲ႕ vocal ကို ဇီကိုရဲ႕ rap နဲ႔ အားျဖည့္လိုက္တဲ့အခါ အေကာင္းဆုံး collab သီခ်င္းအျဖစ္ ထြက္ေပၚလာခဲ့ၿပီး အခု Youtube မွာလည္း popular အျဖစ္ဆုံး ေတးသီခ်င္းျဖစ္လာခဲ့ပါတယ္။

Related news

© 2021. All rights reserved.