မြန်မာ နှင့် တရုတ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများ လုံခြုံရေးဆိုင်ရာကိစ္စ ဆွေးနွေး

 1903

Htay Oung (NP News) - ဧပြီ ၂၈

မြန်မာနဲ့ တရုတ်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများဟာ လုံခြုံရေးဆိုင်ရာကိစ္စတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရိုင်ဗြွန်းက ၂ဝ၂၄ ခုနှစ် ဧပြီ ၂၅ က ရေးသားခဲ့ပါတယ်။

သံတမန်ရေးရာ ထူးခြားချက်တစ်ရပ်အနေနဲ့ ကြာသပတေးနေ့ ပေကျင်းမြိုမှာ တရုတ်နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟွန်က မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့တွေ့ဆုံပြီး အဆင့်မြင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။

ဆင်ဟွာသတင်းဌာနအဆိုအရ အွန်လိုင်းလိမ်လည်မှုနဲ့ဆက်နွယ်တဲ့ ရာဇဝတ်မှုခင်းများကို နှိမ်နင်းရာမှာ တရုတ်နဲ့ မြန်မာအကြား ပူးပေါင်းကြိုးပမ်းမှုများမှတစ်ဆင့် ရရှိခဲ့တဲ့ ထူးခြားတိုးတက်မှုကို ဝမ်က မီးမောင်းထိုးပြခဲ့တယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံနဲ့ဆက်ဆံရေးအတွက် တရုတ်ရဲ့မဟာဗျူဟာမြောက် ချဉ်းကပ်မှုကို အလေးပေးပြောဆိုပြီး တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ရန် အသင့်ရှိတယ်လို့ တရုတ်ဝန်ကြီးက ဆိုပါတယ်။

လောင်းကစား၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ အခြားနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများကို တိုက်ဖျက်ရာမှာ ပူးတွဲကြိုးပမ်းမှုများ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် အစီအစဉ်များကို အထူးအလေးပေး ပြောဆိုပါ တယ်။
နှစ်နိုင်ငံလုံးနဲ့ ပိုမိုကျယ်ပြန့်တဲ့ဒေသအတွင်း တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကို ဖော်ဆောင်ရန် တရုတ်နိုင်ငံရဲ့ကတိကဝတ်ကို ဝန်ကြီးဝမ် ထပ်လောင်းပြောကြားပါတယ်။ ထိုနည်းတူ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်တို့အတွက် တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းမြှင့်တင်ရန် မြန်မာနိုင်ငံရဲ့ကတိကဝတ်ပြုမှုကို ဗိုလ်ချုပ်ကြီးရာပြည့်က အတည်ပြုပါတယ်။

ယခုဆွေးနွေးပွဲဟာ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ အတူတကွ ရင်ဆိုင်နေရတဲ့လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ ကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့အတွက် အပြန်အလှန် ကတိပြုကြောင်း ပြသနေပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်နိုင်ငံက နှုတ်ဆိတ်နေခြင်းဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကုန်းတွင်း ပိုင်းနဲ့အရေးပါတဲ့ နယ်စပ်တလျှောက် ဧရိယာအများအပြားတို့ကို တိုတောင်းတဲ့အချိန်အတွင်း လျှပ်တပြက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြပါတယ်။ အဲဒါတွေကို နစကအစိုးရအနေနဲ့ ထိထိရောက်ရောက် ဟန့်တားခြင်းမရှိခဲ့ဘူး လို့ စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်ကြပါတယ်။

အခုတော့ နေပြည်တော်နဲ့ ပေကျင်းတို့ဟာ ဖြိုခွင်းမှုတွေကို အတူတကွလုပ်ဆောင်နေပြီး တရုတ်နိုင်ငံကို ဖမ်းဆီး လွှဲပြောင်းပေးခဲ့သူ လူပေါင်းထောင်ချီ ရှိလာခဲ့တယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

(လာမည့် မေလဆန်းပိုင်း တရုတ်နိုင်ငံမှာ နစကနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့တွေ့ဆုံပြီး ဆွေးနွေးဖို့ ရှိကြောင်း သတင်းကြားသိရပါတယ်။ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးမယ်ဆိုတာနဲ့ ဆွေးနွေးပွဲမတိုင်မီ ဘယ်လို သဘောတူညီချက်များ ရရှိထားကြောင်းကိုတော့ ကျွန်တော့်အနေနဲ့ ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။
ဝါသနာပါလို့ ခန့်မှန်းလိုများကတော့ ဒီရက်ပိုင်း အနောက်တံခါးမှာ ကိုချေတို့ ဘာလုပ်နေလဲဆိုတာကလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ။ သတင်းဘာသာပြန်သူ)
#တရုတ်မြန်မာ_အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲ #ဝမ်ရှောင်ဟွန် #ဒုတိယဗိုလ်ချုပ်ကြီး_ရာပြည့်
..
(Dhaka Tribune., 25 April 2024, “Top-level talks on security between China, Myanmar” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ျမန္မာ ႏွင့္ တ႐ုတ္ႏိုင္ငံ အဆင့္ျမင့္အရာရွိႀကီးမ်ား လုံၿခဳံေရးဆိုင္ရာကိစၥ ေဆြးေႏြး
Htay Oung (NP News) - ဧၿပီ ၂၈

ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံမွ အဆင့္ျမင့္ အရာရွိႀကီးမ်ားဟာ လုံၿခဳံေရးဆိုင္ရာကိစၥတို႔ကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ဘဂၤလားေဒ့ရွ္အေျခစိုက္ ဒါကာထ႐ိုင္ႁဗြန္းက ၂ဝ၂၄ ခုႏွစ္ ဧၿပီ ၂၅ က ေရးသားခဲ့ပါတယ္။

သံတမန္ေရးရာ ထူးျခားခ်က္တစ္ရပ္အေနနဲ႔ ၾကာသပေတးေန႔ ေပက်င္းၿမိဳမွာ တ႐ုတ္ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္၊ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီး ဝမ္ေရွာင္ဟြန္က ျမန္မာႏိုင္ငံ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္နဲ႔ေတြ႕ဆုံၿပီး အဆင့္ျမင့္ေဆြးေႏြးပြဲျပဳလုပ္ခဲ့ပါတယ္။

ဆင္ဟြာသတင္းဌာနအဆိုအရ အြန္လိုင္းလိမ္လည္မႈနဲ႔ဆက္ႏြယ္တဲ့ ရာဇဝတ္မႈခင္းမ်ားကို ႏွိမ္နင္းရာမွာ တ႐ုတ္နဲ႔ ျမန္မာအၾကား ပူးေပါင္းႀကိဳးပမ္းမႈမ်ားမွတစ္ဆင့္ ရရွိခဲ့တဲ့ ထူးျခားတိုးတက္မႈကို ဝမ္က မီးေမာင္းထိုးျပခဲ့တယ္လို႔ သိရွိရပါတယ္။

ျမန္မာႏိုင္ငံနဲ႔ဆက္ဆံေရးအတြက္ တ႐ုတ္ရဲ႕မဟာဗ်ဴဟာေျမာက္ ခ်ဥ္းကပ္မႈကို အေလးေပးေျပာဆိုၿပီး တရားဥပေဒစိုးမိုးေရး၊ လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားမွာ ပူးေပါင္းေဆာင္႐ြက္မႈကို နက္ရႈိင္းစြာ ေဆာင္႐ြက္ရန္ အသင့္ရွိတယ္လို႔ တ႐ုတ္ဝန္ႀကီးက ဆိုပါတယ္။

ေလာင္းကစား၊ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈနဲ႔ အျခားနယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈခင္းမ်ားကို တိုက္ဖ်က္ရာမွာ ပူးတြဲႀကိဳးပမ္းမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ဖို႔အတြက္ အစီအစဥ္မ်ားကို အထူးအေလးေပး ေျပာဆိုပါ တယ္။
ႏွစ္ႏိုင္ငံလုံးနဲ႔ ပိုမိုက်ယ္ျပန႔္တဲ့ေဒသအတြင္း တည္ၿငိမ္ေရး၊ လုံၿခဳံေရးနဲ႔ သာယာဝေျပာေရးကို ေဖာ္ေဆာင္ရန္ တ႐ုတ္ႏိုင္ငံရဲ႕ကတိကဝတ္ကို ဝန္ႀကီးဝမ္ ထပ္ေလာင္းေျပာၾကားပါတယ္။ ထိုနည္းတူ တရားဥပေဒစိုးမိုးေရး၊ လုံၿခဳံေရးဆိုင္ရာကိစၥရပ္တို႔အတြက္ တ႐ုတ္ႏိုင္ငံနဲ႔အတူ ပူးေပါင္းျမႇင့္တင္ရန္ ျမန္မာႏိုင္ငံရဲ႕ကတိကဝတ္ျပဳမႈကို ဗိုလ္ခ်ဳပ္ႀကီးရာျပည့္က အတည္ျပဳပါတယ္။

ယခုေဆြးေႏြးပြဲဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ျမႇင့္တင္ဖို႔နဲ႔ အတူတကြ ရင္ဆိုင္ေနရတဲ့လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈမ်ား ကို ထိထိေရာက္ေရာက္ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ အျပန္အလွန္ ကတိျပဳေၾကာင္း ျပသေနပါတယ္။
ၿပီးခဲ့တဲ့ႏွစ္တုန္းက တ႐ုတ္ႏိုင္ငံက ႏႈတ္ဆိတ္ေနျခင္းျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြဟာ ကုန္းတြင္း ပိုင္းနဲ႔အေရးပါတဲ့ နယ္စပ္တေလွ်ာက္ ဧရိယာအမ်ားအျပားတို႔ကို တိုေတာင္းတဲ့အခ်ိန္အတြင္း လွ်ပ္တျပက္ တိုက္ခိုက္သိမ္းယူႏိုင္ခဲ့ၾကပါတယ္။ အဲဒါေတြကို နစကအစိုးရအေနနဲ႔ ထိထိေရာက္ေရာက္ ဟန႔္တားျခင္းမရွိခဲ့ဘူး လို႔ စစ္ေရး ႏိုင္ငံေရး ေလ့လာသုံးသပ္သူမ်ားက ေဝဖန္ၾကပါတယ္။

အခုေတာ့ ေနျပည္ေတာ္နဲ႔ ေပက်င္းတို႔ဟာ ၿဖိဳခြင္းမႈေတြကို အတူတကြလုပ္ေဆာင္ေနၿပီး တ႐ုတ္ႏိုင္ငံကို ဖမ္းဆီး လႊဲေျပာင္းေပးခဲ့သူ လူေပါင္းေထာင္ခ်ီ ရွိလာခဲ့တယ္လို႔ သတင္းမွာ ဆက္လက္ေဖာ္ျပပါတယ္။

(လာမည့္ ေမလဆန္းပိုင္း တ႐ုတ္ႏိုင္ငံမွာ နစကနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တို႔ေတြ႕ဆုံၿပီး ေဆြးေႏြးဖို႔ ရွိေၾကာင္း သတင္းၾကားသိရပါတယ္။ ဘယ္လိုအေၾကာင္းအရာေတြ ေဆြးေႏြးမယ္ဆိုတာနဲ႔ ေဆြးေႏြးပြဲမတိုင္မီ ဘယ္လို သေဘာတူညီခ်က္မ်ား ရရွိထားေၾကာင္းကိုေတာ့ ကြၽန္ေတာ့္အေနနဲ႔ ခန႔္မွန္းႏိုင္ျခင္း မရွိပါဘူး။
ဝါသနာပါလို႔ ခန႔္မွန္းလိုမ်ားကေတာ့ ဒီရက္ပိုင္း အေနာက္တံခါးမွာ ကိုေခ်တို႔ ဘာလုပ္ေနလဲဆိုတာကလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ။ သတင္းဘာသာျပန္သူ)
#တ႐ုတ္ျမန္မာ_အဆင့္ျမင့္အရာရွိႀကီးမ်ားေဆြးေႏြးပြဲ #ဝမ္ေရွာင္ဟြန္ #ဒုတိယဗိုလ္ခ်ဳပ္ႀကီး_ရာျပည့္

(Dhaka Tribune., 25 April 2024, “Top-level talks on security between China, Myanmar” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.