အမေရိကန်လေတပ်၏ MQ-9 ဒရုန်းတစ်စင်း ယီမင်နိုင်ငံမှာ ပျက်ကျ

 1457

Pika (NP News) - ဧပြီ ၂၈

အမေရိကန်လေတပ်က MQ-9ဒရုန်းတစ်စင်းဟာ ဧပြီလ(၂၆)ရက်နေ့ အစောပိုင်းမှာ ယီမင်နိုင်ငံမှာ ပျက်ကျခဲ့တယ် လို့ သတင်းရင်းမြစ်တစ်ခုက Al Arabiya သတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

MQ-9 ဒရုန်းပျက်ကျမှု ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီ လို့ အဲဒီသတင်းရင်းမြစ်က ထပ်မံပြောကြားခဲ့ပါတယ်။ ဒါ့အပြင် MQ-9 ဒရုန်းပျက်ကျမှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာမျိုးတွေ မရှိဘူးလို့လည်း သိရပါတယ်။

အမေရိကန်အခြေစိုက် General Atomics Aeronautical Systems ကုမ္ပဏီက ထုတ်လုပ်တဲ့ MQ-9 ဒရုန်းဟာ အမေရိကန်ဒေါ်လာသန်း(၃၀)ကျော် တန်ဖိုးရှိပြီး အမြင့်ပေ(၅)သောင်းအထိ ပျံသန်းနိုင်စွမ်းရှိတယ်လို့လည်း သိရပါတယ်။ အီရန်ကျောထောက်နောက်ခံပြုဟူသီလက်နက်ကိုင်အဖွဲ့ဟာ အေဒင်ပင်လယ်ကွေ့ကို ပဲ့ထိန်း ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီးခဲ့တဲ့နောက်မှာတော့ ယီမင်နိုင်ငံတွင်းက ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ဒရုန်းနှစ်စင်းကို ညွန့်ပေါင်းတပ်ဖွဲ့တွေက ဖျက်ဆီးပစ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဧပြီလ(၂၆)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်လွှတ်လိုက်တဲ့ဒုံးကျည်ကြောင့် သင်္ဘောထိခိုက်ပျက်စီးတာမျိုးတွေ၊ လူထိခိုက် ဒဏ်ရာရရှိတာမျိုးတွေ မရှိခဲ့ဘူးလို့ အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ပြောကြားခဲ့ပါတယ်။

(CENTCOM) က “ဟူသီလက်နက်ကိုင်အဖွဲ့က ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ပြီး နာရီပိုင်းအကြာမှာ အမေရိကန် ဦးဆောင်တဲ့ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံအတွင်းမှာရှိတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ဒရုန်းနှစ်စင်းကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်” လို့ သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
အေမရိကန္ေလတပ္၏ MQ-9 ဒ႐ုန္းတစ္စင္း ယီမင္ႏိုင္ငံမွာ ပ်က္က်
Pika (NP News) - ဧၿပီ ၂၈

အေမရိကန္ေလတပ္က MQ-9ဒ႐ုန္းတစ္စင္းဟာ ဧၿပီလ(၂၆)ရက္ေန႔ အေစာပိုင္းမွာ ယီမင္ႏိုင္ငံမွာ ပ်က္က်ခဲ့တယ္ လို႔ သတင္းရင္းျမစ္တစ္ခုက Al Arabiya သတင္းဌာနကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

MQ-9 ဒ႐ုန္းပ်က္က်မႈ ဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္ကို စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီ လို႔ အဲဒီသတင္းရင္းျမစ္က ထပ္မံေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ MQ-9 ဒ႐ုန္းပ်က္က်မႈအတြင္း ထိခိုက္ဒဏ္ရာ ရရွိခဲ့တာမ်ိဳးေတြ မရွိဘူးလို႔လည္း သိရပါတယ္။

အေမရိကန္အေျခစိုက္ General Atomics Aeronautical Systems ကုမၸဏီက ထုတ္လုပ္တဲ့ MQ-9 ဒ႐ုန္းဟာ အေမရိကန္ေဒၚလာသန္း(၃၀)ေက်ာ္ တန္ဖိုးရွိၿပီး အျမင့္ေပ(၅)ေသာင္းအထိ ပ်ံသန္းႏိုင္စြမ္းရွိတယ္လို႔လည္း သိရပါတယ္။ အီရန္ေက်ာေထာက္ေနာက္ခံျပဳဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ေအဒင္ပင္လယ္ေကြ႕ကို ပဲ့ထိန္း ဒုံးက်ည္တစ္စင္း ပစ္လႊတ္ၿပီးခဲ့တဲ့ေနာက္မွာေတာ့ ယီမင္ႏိုင္ငံတြင္းက ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ဒ႐ုန္းႏွစ္စင္းကို ၫြန႔္ေပါင္းတပ္ဖြဲ႕ေတြက ဖ်က္ဆီးပစ္ခဲ့တယ္လို႔ အေမရိကန္စစ္တပ္က ဧၿပီလ(၂၆)ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ဟူသီလက္နက္ကိုင္အဖြဲ႕က ပစ္လႊတ္လိုက္တဲ့ဒုံးက်ည္ေၾကာင့္ သေဘၤာထိခိုက္ပ်က္စီးတာမ်ိဳးေတြ၊ လူထိခိုက္ ဒဏ္ရာရရွိတာမ်ိဳးေတြ မရွိခဲ့ဘူးလို႔ အေမရိကန္ဗဟိုကြပ္ကဲမႈဌာနခ်ဳပ္ (CENTCOM) က ေျပာၾကားခဲ့ပါတယ္။

(CENTCOM) က “ဟူသီလက္နက္ကိုင္အဖြဲ႕က ပဲ့ထိန္းဒုံးက်ည္ပစ္လႊတ္ၿပီး နာရီပိုင္းအၾကာမွာ အေမရိကန္ ဦးေဆာင္တဲ့ၫြန႔္ေပါင္းတပ္ဖြဲ႕ေတြဟာ ယီမင္ႏိုင္ငံအတြင္းမွာရွိတဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ဒ႐ုန္းႏွစ္စင္းကို ေအာင္ျမင္စြာ ဖ်က္ဆီးပစ္ႏိုင္ခဲ့ပါတယ္” လို႔ သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.