အွန်လိုင်းတွင် ဝေဖန်မှုမြင့်တက်ခဲ့သော “စောင့်ပက်” သီချင်းဗီဒီယို နှင့် ”စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” တေးသီချင်းဗီဒီယိုတိုနှစ်ပုဒ်တွင် ပါဝင်ပတ်သက်ခဲ့သူများကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထား

 2870

စော (NP News) - ဧပြီ ၂၈

အွန်လိုင်းတွင် ဝေဖန်မှုမြင့်တက်ခဲ့သော “စောင့်ပက်” သီချင်းဗီဒီယို နှင့် ”စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” တေးသီချင်းဗီဒီယိုတိုနှစ်ပုဒ်တွင် ပါဝင်ပတ်သက်ခဲ့သူများကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂၈ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချို့သော တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူတကွ နားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြော အဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးတားမြစ် ထားသည်။

ယခုအခါ လူမှုကွန်ရက်စာမျက်နှာများတွင် “စောင့်ပက်” တေးသီချင်းဗီဒီယိုနှင့် “စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” တေးသီချင်းဗီဒီယိုတိုနှင့် သက်ဆိုင်သူများအားလုံးကို ရန်ကုန်မြို့ ဗဟန်းမြိုမရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုသည်။

"စောင့်ပက်" တေးသီချင်းကို ဟာသကူးစက်စေလိုသည့်အတွက် ရိုက်ကူးတင်ဆက်ခြင်းဖြစ်ကာ ပီပီသသ သီဆို ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးအင်္ဂါဖြင့် ခိုင်းနှိုင်းခြင်းမဟုတ်ပဲ သီချင်းဗီဒီယိုကိုလည်း ဖြုတ်ချပြီးဖြစ်ကြောင်း၊ သင်္ကြန် တွင် လူငယ်များ ပျော်စေလိုသည့်အတွက် အပျော်သဘော တင်ဆက်ခြင်းဖြစ်ပြီး ဆဲဆိုသည့်ပုံစံ မဟုတ်ကြောင်း အဆိုပါသီချင်းကို သီဆိုသူ အဆိုတော်ချန်လုံက ၎င်း၏လူမှုကွန်ယက် tiktok စာမျက်နှာတွင် ပြောကြား တောင်းပန်ထားသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာထက်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။

ရုပ်ရှင်နှင့်ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင် ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါရန် နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

Zawgyi Version;
အြန္လိုင္းတြင္ ေဝဖန္မႈျမင့္တက္ခဲ့ေသာ “ေစာင့္ပက္” သီခ်င္းဗီဒီယို ႏွင့္ ”စကားေလးတစ္ခြန္းပဲေျဖ ခ်စ္လား” ေတးသီခ်င္းဗီဒီယိုတိုႏွစ္ပုဒ္တြင္ ပါဝင္ပတ္သက္ခဲ့သူမ်ားကို ဗဟန္းရဲစခန္းတြင္ အမႈဖြင့္ထား
ေစာ (NP News) - ဧၿပီ ၂၈

အြန္လိုင္းတြင္ ေဝဖန္မႈျမင့္တက္ခဲ့ေသာ “ေစာင့္ပက္” သီခ်င္းဗီဒီယို ႏွင့္ ”စကားေလးတစ္ခြန္းပဲေျဖ ခ်စ္လား” ေတးသီခ်င္းဗီဒီယိုတိုႏွစ္ပုဒ္တြင္ ပါဝင္ပတ္သက္ခဲ့သူမ်ားကို ဗဟန္းရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာနက ယေန႔ (ဧၿပီလ ၂၈ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။

ျပန္ၾကားေရးဝန္ႀကီးဌာနသည္ ႐ုပ္ရွင္ႏွင့္ ဗီဒီယိုဇာတ္ကားမ်ား ႐ိုက္ကူးထုတ္လႊင့္ျပသေရးႏွင့္ပတ္သက္၍ ၁၉၉၆ ခုႏွစ္ ႐ုပ္ရွင္ဥပေဒႏွင့္ ၁၉၉၆ ခုႏွစ္ ႐ုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒမ်ားႏွင့္အညီ ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အခ်ိဳ႕ေသာ ေတးသီခ်င္းဗီဒီယို ႐ိုက္ကူးထုတ္လႊင့္သူမ်ားသည္ ထင္ေပၚေက်ာ္ၾကားမႈရရွိေစရန္အတြက္ ျမန္မာ့ ယဥ္ေက်းမႈႏွင့္ ဖီလာဆန႔္က်င္ၿပီး ေမာင္ႏွမသားခ်င္း၊ မိသားစုဝင္ခ်င္းအတူတကြ နားေထာင္ၾကည့္ရႈရန္ပင္ မသင့္ေလ်ာ္ေသာ၊ ဟီရိဩတၱပၸတရားကင္းမဲ့ေသာ ေတးသီခ်င္းဗီဒီယိုမ်ားကို လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ႐ိုက္ကူးထုတ္လႊင့္ေနၾကသည္ကို ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားအပါအဝင္ ျမန္မာ့ယဥ္ေက်းမႈကို ဆန႔္က်င္ေသာ၊ ညစ္ညမ္းေသာ အေျပာ အဆို၊ အျပဳအမူမ်ားပါဝင္သည့္ ႐ိုက္ကူးထုတ္လႊင့္ေဖာ္ျပမႈမ်ားႏွင့္ပတ္သက္၍ ထုတ္လုပ္သူ၊ စီစဥ္႐ိုက္ကူးသူ၊ သ႐ုပ္ေဆာင္မ်ားအား တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးတားျမစ္ ထားသည္။

ယခုအခါ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ “ေစာင့္ပက္” ေတးသီခ်င္းဗီဒီယိုႏွင့္ “စကားေလးတစ္ခြန္းပဲေျဖ ခ်စ္လား” ေတးသီခ်င္းဗီဒီယိုတိုႏွင့္ သက္ဆိုင္သူမ်ားအားလုံးကို ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳမရဲစခန္းတြင္ အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒပုဒ္မ ၃၃(က)ျဖင့္ အမႈဖြင့္ေဆာင္႐ြက္ထားေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ဆိုသည္။

"ေစာင့္ပက္" ေတးသီခ်င္းကို ဟာသကူးစက္ေစလိုသည့္အတြက္ ႐ိုက္ကူးတင္ဆက္ျခင္းျဖစ္ကာ ပီပီသသ သီဆို ျခင္းျဖစ္ေၾကာင္း၊ အမ်ိဳးသမီးအဂၤါျဖင့္ ခိုင္းႏႈိင္းျခင္းမဟုတ္ပဲ သီခ်င္းဗီဒီယိုကိုလည္း ျဖဳတ္ခ်ၿပီးျဖစ္ေၾကာင္း၊ သၾကၤန္ တြင္ လူငယ္မ်ား ေပ်ာ္ေစလိုသည့္အတြက္ အေပ်ာ္သေဘာ တင္ဆက္ျခင္းျဖစ္ၿပီး ဆဲဆိုသည့္ပုံစံ မဟုတ္ေၾကာင္း အဆိုပါသီခ်င္းကို သီဆိုသူ အဆိုေတာ္ခ်န္လုံက ၎၏လူမႈကြန္ယက္ tiktok စာမ်က္ႏွာတြင္ ေျပာၾကား ေတာင္းပန္ထားသည့္ ဗီဒီယိုဖိုင္တစ္ခု လူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ ပ်ံ႕ႏွံ႔ေနသည္ကို ေတြ႕ရသည္။

႐ုပ္ရွင္ႏွင့္ဗီဒီယိုကားမ်ား၊ ေတးသီခ်င္းဗီဒီယိုမ်ား ႐ိုက္ကူးထုတ္လႊင့္ရာတြင္ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဖီလာဆန႔္က်င္ ၿပီး ဟီရိဩတၱပၸတရားကင္းမဲ့သည့္ ေျပာဆိုမႈမ်ား၊ ႐ိုက္ကူးထုတ္လႊင့္မႈမ်ား မျပဳၾကပါရန္ ႏွင့္ လိုက္နာေဆာင္႐ြက္ ျခင္းမရွိပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.