EAO အဖွဲ့များတွင် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ရှိထားပြီးဖြစ်သည့်အတွက် PDF များအနေဖြင့် မည်သည့် EAO နေရာကိုပင် သွားသည်ဖြစ်စေ အသုံးချခံများသာဖြစ်ဟု ဆို

 15020

သုတကျော် (NP News) – ဧပြီ ၂၈

EAO အဖွဲ့များတွင် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ရှိထားပြီးဖြစ်သည့်အတွက် PDF များအနေဖြင့် မည်သည့် EAO နေရာကိုပင် သွားသည်ဖြစ်စေ အသုံးချခံရမည်သာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် EAO အဖွဲ့များထဲ ဝင်ရောက်သွားသူများက အတွေ့အကြုံများကို ပြောပြခဲ့ပြီး ဖြစ်သည့်အတွက် အဖြစ်မှန်များကို သိထားကြပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တယ်ပေါ့။ ဟုတ်ပြီ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့သူတွေက လက်နက် ဆွဲကိုင်ထားပြီး လူမျိုးရေး အကြောင်းပြပြီး သူပုန်ထနေတဲ့ သူတွေရဲ့လက်အောက်ကို ခိုဝင်တာက ပြောရမယ် ဆိုရင် ကျွန်တော်တို့ကို စစ်အာဏာရှင်လို့ စွပ်စွဲရင် သူတို့သည် သူပုန်အဖွဲ့ရဲ့လက်အောက်ကို ဝင်ရောက်သွားတဲ့ အဖွဲ့တွေပဲ ဖြစ်တယ်။ အဲဒီအကျိုးဆက်တွေ ခံစားရမှာပေါ့။ အဲဒီမှာ ပြောနေတာလည်း ရှိပါတယ်။ တချို့သော PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ ဆိုလို့ ရှိရင် သူတို့ကပဲ ကရင်ပြည်နယ်ကြီး ဖက်ဒရယ်ရရှိရေးအတွက် သူတို့ကပဲ တိုက်ပွဲဝင်နေတယ်ပေါ့။ သူတို့ တိုက်ပွဲဝင်တာကိုမှ KNU ကလည်း သစ္စာဖောက်တယ်။ BGF အဖွဲ့ကလည်း သစ္စာဖောက်တယ်ပေါ့။ ကရင်အဖွဲ့အစည်းတွေက သစ္စာဖောက်တယ်ဆိုတဲ့ ပုံစံမျိုးပြောနေတာ ရှိတယ်။ ကျွန်တော် တို့ မြင်ထားတာတော့ ကျွန်တော်တို့ရဲ့မြန်မာ့တပ်မတော်သည် ရန်သူနဲ့ တိုက်ခိုက်လာတဲ့ နေရာမှာကော ငြိမ်းချမ်း ရေး စကားဝိုင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ နေရာမှာကော ငြိမ်းချမ်းရေး မဟုတ်ပဲနဲ့ ဒေသ ဖွံ့ဖြိုးရေး၊ နိုင်ငံရေး အရ ဆွေးနွေးတဲ့နေရာမှာကော အတွေ့အကြုံများစွာ ရှိခဲ့ဖူးပါတယ်။ ကျွန်တော် ပြောလိုတာက ဘာလဲ ဆိုတော့ EAO အဖွဲ့တွေအနေနဲ့ သူ့ရဲ့ရည်မှန်းချက်နဲ့အတူ အသီးသီးရှိကြပြီး ဖြစ်တယ်။ သူ့ရည်မှန်းချက်နဲ့ သူ၊ သူ့ရဲ့ ရည်ရွယ်ချက်နဲ့သူ အသီးသီး ရှိကြပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

အဆိုပါ ဝင်ရောက်သွားသူများ သေကြေခြင်း၊ ဒဏ်ရာရခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ပြောနေခြင်း မဟုတ်ပဲ ဝမ်းမြောက်စရာလည်း မရှိကြောင်း၊ ၎င်းတို့ သေဆုံးခြင်းမှာ မိမိတို့ နိုင်ငံသား သေဆုံးခြင်းသာ ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

“သူတို့သည်လည်း နောင်တစ်ချိန်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် ပါဝင်ရ မယ့်သူတွေပဲ။ ဒီလူတွေရဲ့ အသက်တွေ အချည်းနှီးသေရတာပဲ။ ဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေကို ကြည့်မယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ NLD ပါတီရဲ့ မဲခိုးမှုကြောင့် ဖြစ်ပေါ်လာတာပဲ” ဟု ပြောသည်။

မဲခိုးမှု ရှိခြင်း၊ မရှိခြင်းကို နိုင်ငံတကာတွင်လည်း သိပြီး ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် စေ့စပ်ညှိနှိုင်း ဖြေရှင်းရန် ဆောင်ရွက်ပြီး ညှိနှိုင်းနိုင်မည့် လမ်းကြောင်း အမျိုးစံမှ ဆောင်ရွက်ခဲ့ကာ လွှတ်တော်လာတက်သည့် ကိုယ်စားလှယ် များကိုလည်း ဥပဒေနှင့်အညီ ဖြေရှင်းရန် ပြောပြီး ၎င်းတို့ တည်းခိုရာ စည်ပင်ဧည့်ရိပ်သာမှ နေရပ်ဌာန အထိပင် ပြန်ပို့ခဲ့သော်လည်း လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်သွားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“သို့သော် ဘယ်လိုပဲလုပ်ခဲ့တယ် ဖြစ်စေ ဘာပဲလုပ်ခဲ့သည် ဖြစ်စေ သူတို့အနေနဲ့ စသွားကတည်းကတိုင် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ထောင်ဖို့၊ ကရင် ပြည်နယ်ကြီးကို သူတို့ တိုက်ပြီး ကရင်လူထုတ်တွေ လက်ထဲအပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။ ဒါက NUG၊ PDF ဘက်ပေါ့။ ဟိုဘက် EAO တွေဘက်မှာလည်း သူတို့ ရည်မှန်းချက်နဲ့ သူတို့ဘာသာ သီးခြား ရှိပြီးဖြစ်တယ်။ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ ဆိုတာ အနည်းဆုံးပေါ့နော် အနုဆုံး လက်နက်ကိုင် အဖွဲ့အစည်းတောင်မှ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကျော်နေပြီ။ KNU ဆိုတဲ့ အဖွဲ့အစည်းကတော့ ဒါ လွတ်လပ်ရေး ရပြီးကတည်းက ပေါ်လာတဲ့ အဖွဲ့အစည်းပဲ။ သူ့ရည်းမှန်းချက်နဲ့ သီးခြား ရည်မှန်းချက်နဲ့ ရှိပြီး ဖြစ်ပါတယ်။ အဲဒီတော့ မြဝတီမြို့သိမ်းပေါ့နော် သူတို့ ပြောတဲ့ မြဝတီတိုက်ပွဲမှာ PDF တွေ ထိုးကျွေးခံရတယ်တို့၊ PDF တွေ အကျအဆုံး အသေအပျောက် ဒဏ်ရာရရှိတာ တော်တော်များတယ်တို့ ဆိုတာလည်း သိရပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ သမိုင်းသင်ခန်းစာတွေလည်း ရှိပြီး ဖြစ်တယ် လက်တွေ့ သင်ခန်းစာတွေလည်း ရှိပြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကြားရပါတယ်။ ဝင်လာချင်တဲ့သူတွေ၊ ပြန်ပြီးတော့ ဝင်လာချင်တဲ့ သူတွေ ရှိတယ်။ တချို့လည်း တခြား EAO တွေဆီ သွားမယ့်သူတွေလည်း ရှိတယ်။ ကျွန်တော် ပြောချင်တာကတော့ EAO အဖွဲ့တွေကတော့ အတူတူပါပဲဗျ။ သူ့ရည်မှန်းချက်နဲ့သူ၊ သူ့ရည်ရွယ်ချက်နဲ့သူ ရှိပြီး ဖြစ်ပါတယ်။ ဘယ်နေရာပဲ သွားသွား အသုံးချခံရမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

နေရပ်ပြန်လာလိုသူများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ်နေပြီး ကြိုဆိုနေကြောင်း၊ ဒီမိုကရေစီသည် ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာရရှိပြီး ပါတီစုံဒီမိုကရေစီကို တပ်မတော်က အာမခံထားပြီး ဖြစ်ကာ ရွေးကောင်ပွဲလမ်းကြောင်းကိုသာ သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Zawgyi Version;
EAO အဖြဲ႕မ်ားတြင္ ရည္မွန္းခ်က္၊ ရည္႐ြယ္ခ်က္မ်ား ရွိထားၿပီးျဖစ္သည့္အတြက္ PDF မ်ားအေနျဖင့္ မည္သည့္ EAO ေနရာကိုပင္ သြားသည္ျဖစ္ေစ အသုံးခ်ခံမ်ားသာျဖစ္ဟု ဆို
သုတေက်ာ္ (NP News) – ဧၿပီ ၂၈

EAO အဖြဲ႕မ်ားတြင္ ရည္မွန္းခ်က္၊ ရည္႐ြယ္ခ်က္မ်ား ရွိထားၿပီးျဖစ္သည့္အတြက္ PDF မ်ားအေနျဖင့္ မည္သည့္ EAO ေနရာကိုပင္ သြားသည္ျဖစ္ေစ အသုံးခ်ခံရမည္သာျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္း ထုတ္ျပန္ေရးအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ေျပာၾကားသည္။

၁၉၈၈ ခုႏွစ္ အေရးအခင္းကာလတြင္ EAO အဖြဲ႕မ်ားထဲ ဝင္ေရာက္သြားသူမ်ားက အေတြ႕အႀကဳံမ်ားကို ေျပာျပခဲ့ၿပီး ျဖစ္သည့္အတြက္ အျဖစ္မွန္မ်ားကို သိထားၾကၿပီးျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“စစ္အာဏာရွင္ စနစ္ကို ဆန႔္က်င္တယ္ေပါ့။ ဟုတ္ၿပီ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္တဲ့သူေတြက လက္နက္ ဆြဲကိုင္ထားၿပီး လူမ်ိဳးေရး အေၾကာင္းျပၿပီး သူပုန္ထေနတဲ့ သူေတြရဲ႕လက္ေအာက္ကို ခိုဝင္တာက ေျပာရမယ္ ဆိုရင္ ကြၽန္ေတာ္တို႔ကို စစ္အာဏာရွင္လို႔ စြပ္စြဲရင္ သူတို႔သည္ သူပုန္အဖြဲ႕ရဲ႕လက္ေအာက္ကို ဝင္ေရာက္သြားတဲ့ အဖြဲ႕ေတြပဲ ျဖစ္တယ္။ အဲဒီအက်ိဳးဆက္ေတြ ခံစားရမွာေပါ့။ အဲဒီမွာ ေျပာေနတာလည္း ရွိပါတယ္။ တခ်ိဳ႕ေသာ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕ေတြ ဆိုလို႔ ရွိရင္ သူတို႔ကပဲ ကရင္ျပည္နယ္ႀကီး ဖက္ဒရယ္ရရွိေရးအတြက္ သူတို႔ကပဲ တိုက္ပြဲဝင္ေနတယ္ေပါ့။ သူတို႔ တိုက္ပြဲဝင္တာကိုမွ KNU ကလည္း သစၥာေဖာက္တယ္။ BGF အဖြဲ႕ကလည္း သစၥာေဖာက္တယ္ေပါ့။ ကရင္အဖြဲ႕အစည္းေတြက သစၥာေဖာက္တယ္ဆိုတဲ့ ပုံစံမ်ိဳးေျပာေနတာ ရွိတယ္။ ကြၽန္ေတာ္ တို႔ ျမင္ထားတာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ျမန္မာ့တပ္မေတာ္သည္ ရန္သူနဲ႔ တိုက္ခိုက္လာတဲ့ ေနရာမွာေကာ ၿငိမ္းခ်မ္း ေရး စကားဝိုင္းမွာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးတဲ့ ေနရာမွာေကာ ၿငိမ္းခ်မ္းေရး မဟုတ္ပဲနဲ႔ ေဒသ ဖြံ႕ၿဖိဳးေရး၊ ႏိုင္ငံေရး အရ ေဆြးေႏြးတဲ့ေနရာမွာေကာ အေတြ႕အႀကဳံမ်ားစြာ ရွိခဲ့ဖူးပါတယ္။ ကြၽန္ေတာ္ ေျပာလိုတာက ဘာလဲ ဆိုေတာ့ EAO အဖြဲ႕ေတြအေနနဲ႔ သူ႔ရဲ႕ရည္မွန္းခ်က္နဲ႔အတူ အသီးသီးရွိၾကၿပီး ျဖစ္တယ္။ သူ႔ရည္မွန္းခ်က္နဲ႔ သူ၊ သူ႔ရဲ႕ ရည္႐ြယ္ခ်က္နဲ႔သူ အသီးသီး ရွိၾကၿပီး ျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုသည္။

အဆိုပါ ဝင္ေရာက္သြားသူမ်ား ေသေၾကျခင္း၊ ဒဏ္ရာရျခင္းအတြက္ ဝမ္းေျမာက္ဝမ္းသာ ေျပာေနျခင္း မဟုတ္ပဲ ဝမ္းေျမာက္စရာလည္း မရွိေၾကာင္း၊ ၎တို႔ ေသဆုံးျခင္းမွာ မိမိတို႔ ႏိုင္ငံသား ေသဆုံးျခင္းသာ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုသည္။

“သူတို႔သည္လည္း ေနာင္တစ္ခ်ိန္မွာ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္ ပါဝင္ရ မယ့္သူေတြပဲ။ ဒီလူေတြရဲ႕ အသက္ေတြ အခ်ည္းႏွီးေသရတာပဲ။ ျဖစ္ေပၚလာတဲ့အျဖစ္အပ်က္ေတြကို ၾကည့္မယ္ ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔ NLD ပါတီရဲ႕ မဲခိုးမႈေၾကာင့္ ျဖစ္ေပၚလာတာပဲ” ဟု ေျပာသည္။

မဲခိုးမႈ ရွိျခင္း၊ မရွိျခင္းကို ႏိုင္ငံတကာတြင္လည္း သိၿပီး ျဖစ္ေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ ေစ့စပ္ညႇိႏႈိင္း ေျဖရွင္းရန္ ေဆာင္႐ြက္ၿပီး ညႇိႏႈိင္းႏိုင္မည့္ လမ္းေၾကာင္း အမ်ိဳးစံမွ ေဆာင္႐ြက္ခဲ့ကာ လႊတ္ေတာ္လာတက္သည့္ ကိုယ္စားလွယ္ မ်ားကိုလည္း ဥပေဒႏွင့္အညီ ေျဖရွင္းရန္ ေျပာၿပီး ၎တို႔ တည္းခိုရာ စည္ပင္ဧည့္ရိပ္သာမွ ေနရပ္ဌာန အထိပင္ ျပန္ပို႔ခဲ့ေသာ္လည္း လက္နက္ကိုင္ အၾကမ္းဖက္လမ္းစဥ္ကို ေ႐ြးခ်ယ္သြားေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“သို႔ေသာ္ ဘယ္လိုပဲလုပ္ခဲ့တယ္ ျဖစ္ေစ ဘာပဲလုပ္ခဲ့သည္ ျဖစ္ေစ သူတို႔အေနနဲ႔ စသြားကတည္းကတိုင္ ဖက္ဒရယ္ ျပည္ေထာင္စုႀကီး တည္ေထာင္ဖို႔၊ ကရင္ ျပည္နယ္ႀကီးကို သူတို႔ တိုက္ၿပီး ကရင္လူထုတ္ေတြ လက္ထဲအပ္ဖို႔ ဆိုတဲ့ ရည္႐ြယ္ခ်က္မဟုတ္ပါဘူး။ ဒါက NUG၊ PDF ဘက္ေပါ့။ ဟိုဘက္ EAO ေတြဘက္မွာလည္း သူတို႔ ရည္မွန္းခ်က္နဲ႔ သူတို႔ဘာသာ သီးျခား ရွိၿပီးျဖစ္တယ္။ ဒီလက္နက္ကိုင္ အဖြဲ႕အစည္းေတြ ဆိုတာ အနည္းဆုံးေပါ့ေနာ္ အႏုဆုံး လက္နက္ကိုင္ အဖြဲ႕အစည္းေတာင္မွ ဆယ္ႏွစ္၊ ဆယ့္ငါးႏွစ္ေက်ာ္ေနၿပီ။ KNU ဆိုတဲ့ အဖြဲ႕အစည္းကေတာ့ ဒါ လြတ္လပ္ေရး ရၿပီးကတည္းက ေပၚလာတဲ့ အဖြဲ႕အစည္းပဲ။ သူ႔ရည္းမွန္းခ်က္နဲ႔ သီးျခား ရည္မွန္းခ်က္နဲ႔ ရွိၿပီး ျဖစ္ပါတယ္။ အဲဒီေတာ့ ျမဝတီၿမိဳ႕သိမ္းေပါ့ေနာ္ သူတို႔ ေျပာတဲ့ ျမဝတီတိုက္ပြဲမွာ PDF ေတြ ထိုးေကြၽးခံရတယ္တို႔၊ PDF ေတြ အက်အဆုံး အေသအေပ်ာက္ ဒဏ္ရာရရွိတာ ေတာ္ေတာ္မ်ားတယ္တို႔ ဆိုတာလည္း သိရပါတယ္။ ဒီအတြက္လည္း ကြၽန္ေတာ္တို႔ စိတ္မေကာင္းပါဘူး။ သမိုင္းသင္ခန္းစာေတြလည္း ရွိၿပီး ျဖစ္တယ္ လက္ေတြ႕ သင္ခန္းစာေတြလည္း ရွိၿပီး ျဖစ္တယ္။ ကြၽန္ေတာ္တို႔လည္း ၾကားရပါတယ္။ ဝင္လာခ်င္တဲ့သူေတြ၊ ျပန္ၿပီးေတာ့ ဝင္လာခ်င္တဲ့ သူေတြ ရွိတယ္။ တခ်ိဳ႕လည္း တျခား EAO ေတြဆီ သြားမယ့္သူေတြလည္း ရွိတယ္။ ကြၽန္ေတာ္ ေျပာခ်င္တာကေတာ့ EAO အဖြဲ႕ေတြကေတာ့ အတူတူပါပဲဗ်။ သူ႔ရည္မွန္းခ်က္နဲ႔သူ၊ သူ႔ရည္႐ြယ္ခ်က္နဲ႔သူ ရွိၿပီး ျဖစ္ပါတယ္။ ဘယ္ေနရာပဲ သြားသြား အသုံးခ်ခံရမွာပဲ ျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုသည္။

ေနရပ္ျပန္လာလိုသူမ်ားကိုလည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ဖိတ္ေခၚေနၿပီး ႀကိဳဆိုေနေၾကာင္း၊ ဒီမိုကေရစီသည္ ၿငိမ္းခ်မ္းေသာ နည္းလမ္းျဖင့္သာရရွိၿပီး ပါတီစုံဒီမိုကေရစီကို တပ္မေတာ္က အာမခံထားၿပီး ျဖစ္ကာ ေ႐ြးေကာင္ပြဲလမ္းေၾကာင္းကိုသာ သြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ပုံစာ - ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အတွင်းပြုလုပ်ခဲ့သော အလင်းဝင် PDF များကို မိဘအုပ်ထိန်းသူများထံလွှဲပြောင်းပေးသည့်မြင်ကွင်း

Picture

Aung Aung

28/04/2024 23:33

ငါတို့မှာ အသိဉာဏ်ဦးနှောက်ရှိတယ် စိတ်ရိုးရှင်းတယ် ကလေးကလားတွေ လာလာမပြောနဲ့

Related news

© 2021. All rights reserved.