အီရတ် TikTok အမျိုးသမီး ကြယ်ပွင့် အွန်ဖာဟက် ပစ်သတ်ခံရ

 777

ရောင်နီ (NP News) - ဧပြီ ၂၈

အီရတ်မှာ TikTok အမျိုးသမီး ကြယ်ပွင့် အွန်ဖာဟက်ဟာ ဘဂ္ဂဒက်မြို့အပြင်ဘက်မှာ ဧပြီ ၂၆ ရက်က မော်တော်ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိသေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ အီရတ်လုံခြုံရေး တာဝန်ရှိသူတွေက အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်သူဟာ အစားအသောက် ပို့ဆောင်သူအဖြစ် ဟန်ဆောင်ထားပုံရတယ်လို့ အခြား လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အွန်ဖာဟက်ဟာ အီရတ်ဂီတတွေနဲ့ ကပြတဲ့ TikTok ဗီဒီယိုတွေနဲ့ လူသိများလာခဲ့သူဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက သူမဟာ အကျင့်စာရိတ္တကို ပျက်ပြားစေတဲ့ မဖွယ်မရာပြောဆိုမှုများ ပါရှိတဲ့ ဗီဒီယိုများ မျှဝေခြင်းအတွက် ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရဖူးပါတယ်။ အီရတ်အစိုးရဟာ အီရတ်ကိုယ်ကျင့်တရားနဲ့ ဓလေ့ထုံးတမ်းတွေကို ချိုးဖောက်တယ်လို့ ယူဆရတဲ့ ဆိုရှယ်မီဒီယာအကြောင်းအရာတွေကို ရှင်းလင်းဖို့ ၂၀၂၃ ခုနှစ်က လှုပ်ရှားမှုတစ်ရပ် စတင်ခဲ့ပါတယ်။ TikTok၊ YouTube နဲ့ အခြားပလက်ဖောင်းတွေမှာ ဓလေ့ထုံးတမ်းတွေကို စော်ကားတယ်လို့ ယူဆရတဲ့ ကလစ်တွေဘဖယ်ရှားဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပါတယ်။

ဒီအတွက်နဲ့ social influencer အများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အီရတ်နိုင်ငံဟာ အမျိုးသမီးများအတွက် ချုပ်ခြယ်မှုတွေနဲ့ ကန့်သတ်ထားဆဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ဘဂ္ဂဒက်မှာ မော်ဒယ်နဲ့ social influencer တာရာဖားရပ်စ်ဟာ ပစ်သတ်ခံခဲ့ရဖူးပါတယ်။

Zawgyi Version;
အီရတ္ TikTok အမ်ိဳးသမီး ၾကယ္ပြင့္ အြန္ဖာဟက္ ပစ္သတ္ခံရ
ေရာင္နီ (NP News) - ဧၿပီ ၂၈

အီရတ္မွာ TikTok အမ်ိဳးသမီး ၾကယ္ပြင့္ အြန္ဖာဟက္ဟာ ဘဂၢဒက္ၿမိဳ႕အျပင္ဘက္မွာ ဧၿပီ ၂၆ ရက္က ေမာ္ေတာ္ဆိုင္ကယ္တစ္စီးနဲ႔ အမည္မသိေသနတ္သမားတစ္ဦးရဲ႕ ပစ္ခတ္ခံခဲ့ရတယ္လို႔ အီရတ္လုံၿခဳံေရး တာဝန္ရွိသူေတြက ေအအက္ဖ္ပီကို ေျပာၾကားခဲ့ပါတယ္။

တိုက္ခိုက္သူဟာ အစားအေသာက္ ပို႔ေဆာင္သူအျဖစ္ ဟန္ေဆာင္ထားပုံရတယ္လို႔ အျခား လုံၿခဳံေရး သတင္းရင္းျမစ္ေတြက ဆိုပါတယ္။ အြန္ဖာဟက္ဟာ အီရတ္ဂီတေတြနဲ႔ ကျပတဲ့ TikTok ဗီဒီယိုေတြနဲ႔ လူသိမ်ားလာခဲ့သူျဖစ္ပါတယ္။

၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလက သူမဟာ အက်င့္စာရိတၱကို ပ်က္ျပားေစတဲ့ မဖြယ္မရာေျပာဆိုမႈမ်ား ပါရွိတဲ့ ဗီဒီယိုမ်ား မွ်ေဝျခင္းအတြက္ ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္ခံခဲ့ရဖူးပါတယ္။ အီရတ္အစိုးရဟာ အီရတ္ကိုယ္က်င့္တရားနဲ႔ ဓေလ့ထုံးတမ္းေတြကို ခ်ိဳးေဖာက္တယ္လို႔ ယူဆရတဲ့ ဆိုရွယ္မီဒီယာအေၾကာင္းအရာေတြကို ရွင္းလင္းဖို႔ ၂၀၂၃ ခုႏွစ္က လႈပ္ရွားမႈတစ္ရပ္ စတင္ခဲ့ပါတယ္။ TikTok၊ YouTube နဲ႔ အျခားပလက္ေဖာင္းေတြမွာ ဓေလ့ထုံးတမ္းေတြကို ေစာ္ကားတယ္လို႔ ယူဆရတဲ့ ကလစ္ေတြဘဖယ္ရွားဖို႔အတြက္ ျပည္ထဲေရးဝန္ႀကီးဌာနက ေကာ္မတီတစ္ခု ဖြဲ႕စည္းခဲ့ပါတယ္။

ဒီအတြက္နဲ႔ social influencer အမ်ားအျပား ဖမ္းဆီးခံခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။
အီရတ္ႏိုင္ငံဟာ အမ်ိဳးသမီးမ်ားအတြက္ ခ်ဳပ္ျခယ္မႈေတြနဲ႔ ကန္႔သတ္ထားဆဲျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ကလည္း ဘဂၢဒက္မွာ ေမာ္ဒယ္နဲ႔ social influencer တာရာဖားရပ္စ္ဟာ ပစ္သတ္ခံခဲ့ရဖူးပါတယ္။

Related news

© 2021. All rights reserved.