တစ်ရက်ထဲ၌ ချောက်မြို့ အပါအဝင် မြို့(၇)မြို့၌ အပူချိန်စံချိန်သစ်တင်

 7361

စော (NP News) - ဧပြီ ၂၉

‌ဧပြီ(၂၈)ရက်တွင် ချောက်မြို့၊ ညောင်ဦးမြို့၊ စစ်ကိုင်းမြို့၊ တံတားဦးမြို့၊ တောင်တွင်းကြီးမြို့၊ မန္တလေးမြို့နှင့် ဇောင်းတူမြို့တို့တွင် အပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဧပြီလ ၂၉ ရက်) တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ (ဧပြီလ ၂၈ ရက်) က မကွေးတိုင်း၊ ချောက်မြို့တွင် အမြင့်ဆုံးအပူချိန် (၄၈ ဒသမ ၂) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း (၅၆)နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန် စံချိန်‌ ဟောင်း (၄၇ ဒသမ ၄) ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ကာ အပူချိန်စံချိန်သစ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ထို့ပြင် မန္တ‌လေးတိုင်း၊ ညောင်ဦးမြို့တွင်လည်း အမြင့်ဆုံးအပူချိန် (၄၆ ဒသမ ဝ) ဒီဂရီစင်တီဂရိတ် နှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် အမြင့်ဆုံးအပူချိန် (၄၅ ဒသမ ၅) ဒီဂရီစင်တီဂရိတ်ဖြင့်လွန်ခဲ့သောနှစ်ပေါင်း (၅၉)နှစ်အတွင်းဖြစ် ပေါ်ခဲ့သည့် အပူချိန်ထက်ပိုမိုမြင့်မားသည့် အပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ တံတားဦးမြို့ (လေကြောင်းမိုးလေဝသ) တွင် အမြင့်ဆုံးအပူချိန် (၄၅ ဒသမ ၅) ဒီဂရီစင်တီ ဂရိတ်၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် အမြင့်ဆုံးအပူချိန် (၄၅ ဒသမ ဝ) ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း၊ မန္တလေးမြို့တွင် အမြင့်ဆုံးအပူချိန် (၄၄ ဒဿမ ၈) ဒီဂရီစင်တီဂရိတ် နှင့် ပဲခူးတိုင်း၊ ဇောင်းတူမြို့တွင် အမြင့်ဆုံး အပူချိန် (၄၃ ဒသမ ၁) ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

အလားတူ ကမ္ဘာ့အပူဆုံးမြို့ (၁၅)မြို့တွင် မြန်မာနိုင်ငံရှိ ချောက်မြို့သည် နံပါတ်(၁)နေရာတွင် ရပ်တည်နေပြီး မကွေး၊ ‌ညောင်ဦး၊ မင်းဘူး၊ စစ်ကိုင်း၊ မန္တလေး၊ မုံရွာမြို့များသည်လည်း အဆိုပါစာရင်းတွင် ပါဝင်လာခဲ့ကြောင်း Eldoradoweather ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Zawgyi Version;
တစ္ရက္ထဲ၌ ေခ်ာက္ၿမိဳ႕ အပါအဝင္ ၿမိဳ႕(၇)ၿမိဳ႕၌ အပူခ်ိန္စံခ်ိန္သစ္တင္
ေစာ (NP News) - ဧၿပီ ၂၉

‌ဧၿပီ(၂၈)ရက္တြင္ ေခ်ာက္ၿမိဳ႕၊ ေညာင္ဦးၿမိဳ႕၊ စစ္ကိုင္းၿမိဳ႕၊ တံတားဦးၿမိဳ႕၊ ေတာင္တြင္းႀကီးၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ ေဇာင္းတူၿမိဳ႕တို႔တြင္ အပူခ်ိန္စံခ်ိန္သစ္တင္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဧၿပီလ ၂၉ ရက္) တြင္ ထုတ္ျပန္ထားခ်က္အရ သိရသည္။

မိုးဇလ၏ ထုတ္ျပန္ခ်က္အရ ယမန္ေန႔ (ဧၿပီလ ၂၈ ရက္) က မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕တြင္ အျမင့္ဆုံးအပူခ်ိန္ (၄၈ ဒသမ ၂) ဒီဂရီစင္တီဂရိတ္ျဖင့္ လြန္ခဲ့ေသာႏွစ္ေပါင္း (၅၆)ႏွစ္အတြင္းျဖစ္ေပၚခဲ့သည့္ အျမင့္ဆုံးအပူခ်ိန္ စံခ်ိန္‌ ေဟာင္း (၄၇ ဒသမ ၄) ဒီဂရီစင္တီဂရိတ္ထက္ေက်ာ္လြန္ကာ အပူခ်ိန္စံခ်ိန္သစ္ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။


ထို႔ျပင္ မႏၲ‌ေလးတိုင္း၊ ေညာင္ဦးၿမိဳ႕တြင္လည္း အျမင့္ဆုံးအပူခ်ိန္ (၄၆ ဒသမ ဝ) ဒီဂရီစင္တီဂရိတ္ ႏွင့္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕တြင္ အျမင့္ဆုံးအပူခ်ိန္ (၄၅ ဒသမ ၅) ဒီဂရီစင္တီဂရိတ္ျဖင့္လြန္ခဲ့ေသာႏွစ္ေပါင္း (၅၉)ႏွစ္အတြင္းျဖစ္ ေပၚခဲ့သည့္ အပူခ်ိန္ထက္ပိုမိုျမင့္မားသည့္ အပူခ်ိန္စံခ်ိန္သစ္တင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မႏၲေလးတိုင္း၊ တံတားဦးၿမိဳ႕ (ေလေၾကာင္းမိုးေလဝသ) တြင္ အျမင့္ဆုံးအပူခ်ိန္ (၄၅ ဒသမ ၅) ဒီဂရီစင္တီ ဂရိတ္၊ မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕တြင္ အျမင့္ဆုံးအပူခ်ိန္ (၄၅ ဒသမ ဝ) ဒီဂရီစင္တီဂရိတ္၊ မႏၲေလးတိုင္း၊ မႏၲေလးၿမိဳ႕တြင္ အျမင့္ဆုံးအပူခ်ိန္ (၄၄ ဒႆမ ၈) ဒီဂရီစင္တီဂရိတ္ ႏွင့္ ပဲခူးတိုင္း၊ ေဇာင္းတူၿမိဳ႕တြင္ အျမင့္ဆုံး အပူခ်ိန္ (၄၃ ဒသမ ၁) ဒီဂရီစင္တီဂရိတ္ျဖင့္ စံခ်ိန္သစ္တင္ခဲ့ေၾကာင္း သိရသည္။

အလားတူ ကမာၻ႔အပူဆုံးၿမိဳ႕ (၁၅)ၿမိဳ႕တြင္ ျမန္မာႏိုင္ငံရွိ ေခ်ာက္ၿမိဳ႕သည္ နံပါတ္(၁)ေနရာတြင္ ရပ္တည္ေနၿပီး မေကြး၊ ‌ေညာင္ဦး၊ မင္းဘူး၊ စစ္ကိုင္း၊ မႏၲေလး၊ မုံ႐ြာၿမိဳ႕မ်ားသည္လည္း အဆိုပါစာရင္းတြင္ ပါဝင္လာခဲ့ေၾကာင္း Eldoradoweather ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Picture

ko zaw min

29/04/2024 18:35

လောဘ ဒေါသ မောဟ တွေက တနိင်ငံလုံးမှာများနေတာကိုး

Picture

Saya Ams

29/04/2024 22:00

NSSMY. COMဝင်မရပါ

Related news

© 2021. All rights reserved.