မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ယနေ့ နေ့လည်ပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူ

 21954

Pearl (NP News) - ဧပြီ ၃ဝ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ယနေ့ ဧပြီလ ၃ဝ ရက်၊ နေ့လည်ပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း ဆရာတော်ကြီး ၏ တပည့် ကပ္ပိယများထံက သိရသည်။

ယနေ့ (ဧပြီလ ၃ဝ ရက်)၊ နေ့လည် (၁)နာရီ၊ (၁ဝ)မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဉေ ယျဓမ်တောရတွင် ဆရာတော် ပုံမှန်တရားအားထုတ်နေစဉ် ခန္ဓာဝန်ချ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆရာတော်ကြီးက ပုံမှန် တရားအားထုတ်နေရင်းနဲ့ ခန္ဓာဝန်ချသွားတာပါ။ ဆရာတော်ကြီးဆိုတာ တစ်ခေတ်မှာ တစ်ပါးပေါ့နော်။ တကယ်ကို ပဋိပတ္တိပိုင်းတွေကို ဦးဆောင်ပြီးတော့ တစ်နိုင်ငံလုံး၊ ကမ္ဘာ့နိုင်ငံအသီးသီးကနေမှ ပဋိယတ္တိလုပ်နေတဲ့ ဆရာတော်ကြီးတွေက လေးစားခံထားရတဲ့ ဆရာတော်ကြီး တစ်ပါးဖြစ်တယ်။ တကယ်ကိုမှ တရားဓမ္မပိုင်းကိုလည်း တစ်စိုက်မတ်မတ်အားထုတ်သွားတဲ့ ဆရာတော်ကြီးဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ များစွာ ယူကြုံးမရဖြစ်ရတယ်" ဟု ဆရာတော်ကြီး၏ ကပ္ပိယတစ်ဦးဖြစ်သူ ဦးမြတ်ဘုန်းမိုရ်က NP News ကို ပြောသည်။

ဆရာတော်ကြီး ပျံလွန်တော်မူချိန်၌ သက်တော် (၈၃) နှစ်၊ သိက္ခာတော် (၄၅) ဝါ ဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီး၏ ငယ်နာမည်မှာ မောင်ငြိမ်းမောင်ဖြစ်ပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မင်းကုန်းကျေးရွာတွင် အဖ ဦးဘစံ နှင့် အမိ ဒေါ်မေ တို့မှ ၁၉၄၁ခုနှစ်( ၁၃၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ ည(၁)နာရီ၊ အင်္ဂါနေ့)၌ ဖွားမြင်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;

မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး ယေန႔ ေန႔လည္ပိုင္းတြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူ
Pearl (NP News) - ဧၿပီ ၃ဝ

မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီးသည္ ယေန႔ ဧၿပီလ ၃ဝ ရက္၊ ေန႔လည္ပိုင္းတြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ဆရာေတာ္ႀကီး ၏ တပည့္ ကပၸိယမ်ားထံက သိရသည္။

ယေန႔ (ဧၿပီလ ၃ဝ ရက္)၊ ေန႔လည္ (၁)နာရီ၊ (၁ဝ)မိနစ္အခ်ိန္ခန႔္က စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၊ ေဉ ယ်ဓမ္ေတာရတြင္ ဆရာေတာ္ ပုံမွန္တရားအားထုတ္ေနစဥ္ ခႏၶာဝန္ခ် ပ်ံလြန္ေတာ္မူသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆရာေတာ္ႀကီးက ပုံမွန္ တရားအားထုတ္ေနရင္းနဲ႔ ခႏၶာဝန္ခ်သြားတာပါ။ ဆရာေတာ္ႀကီးဆိုတာ တစ္ေခတ္မွာ တစ္ပါးေပါ့ေနာ္။ တကယ္ကို ပဋိပတၱိပိုင္းေတြကို ဦးေဆာင္ၿပီးေတာ့ တစ္ႏိုင္ငံလုံး၊ ကမာၻ႔ႏိုင္ငံအသီးသီးကေနမွ ပဋိယတၱိလုပ္ေနတဲ့ ဆရာေတာ္ႀကီးေတြက ေလးစားခံထားရတဲ့ ဆရာေတာ္ႀကီး တစ္ပါးျဖစ္တယ္။ တကယ္ကိုမွ တရားဓမၼပိုင္းကိုလည္း တစ္စိုက္မတ္မတ္အားထုတ္သြားတဲ့ ဆရာေတာ္ႀကီးျဖစ္တဲ့အတြက္ ဗုဒၶဘာသာဝင္ေတြ မ်ားစြာ ယူႀကဳံးမရျဖစ္ရတယ္" ဟု ဆရာေတာ္ႀကီး၏ ကပၸိယတစ္ဦးျဖစ္သူ ဦးျမတ္ဘုန္းမိုရ္က NP News ကို ေျပာသည္။

ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္ (၈၃) ႏွစ္၊ သိကၡာေတာ္ (၄၅) ဝါ ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္ႀကီး၏ ငယ္နာမည္မွာ ေမာင္ၿငိမ္းေမာင္ျဖစ္ၿပီး စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ မင္းကုန္းေက်း႐ြာတြင္ အဖ ဦးဘစံ ႏွင့္ အမိ ေဒၚေမ တို႔မွ ၁၉၄၁ခုႏွစ္( ၁၃၀၃ ခုႏွစ္ ဝါဆိုလျပည့္ေန႔ ည(၁)နာရီ၊ အဂၤါေန႔)၌ ဖြားျမင္ခဲ့ျခင္းျဖစ္သည္။

Picture

heintay zar

30/04/2024 19:49

ဗုဒ္ဓသာသနာအတွက်ထွန်းလင်းပေးနေသောအလင်းရောင်တစ်ခုကွယ်ပျာက်သွားပါပြီ။ပြန်လည်ထွန်းညှိမည့်အလင်းရောင်များပေါ်လာအုံးမှာပါ။

Related news

© 2021. All rights reserved.