သံဃာတော်များ လိုက်ပါလာသည့် ဘုရားဖူးကားတစ်စီး ချောက်အတွင်း ထိုးကျတိမ်းမှောက်ရာ ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူ၍ ကားပေါ်ပါသူအားလုံး ဒဏ်ရာရ

 1758

သန့်ဇင် (NP News) - ဧပြီ ၃ဝ

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် သံဃာတော်များလိုက်ပါလာသည့် ဘုရားဖူးကားတစ်စီး ချောက်အတွင်းထိုးကျတိမ်းမှောက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ၍ ကားပေါ်ပါသူအားလုံး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရွာငံမြို့နယ်ထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဧပြီလ ၂၉ ရက်)၊ မွန်းလွဲ ၂ နာရီချိန်ခန့်က ရွာငံမြို့နယ်၊ ရွာငံ-မန္တလေးသွားကားလမ်း၊ ကြေးတွင်းကွေ့၊ MPTတာဝါတိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မှောက်သွားတဲ့ကားက သံဃာတွေပါလာတဲ့ ဘုရားဖူးကားပါ။ အင်းလေးဘက်ကနေ အောင်လံဘက်ကို ပြန်လာတာလို့ သိရတယ်။ အကွေ့မှာ ဘရိတ်ပေါက်ပြီး ပေ(၅၀၀)လောက်နက်တဲ့ ချောက်ထဲကိုကျသွားတာ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရွာငံမြို့ထံမှ သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့် ကားပေါ်တွင် သံဃာတော်(၂၅)ပါး နှင့် လူပုဂ္ဂိုလ်(၄)ဦးလိုက်ပါလာပြီး သက်တော်(၄၅)နှစ်အရွယ်ရှိ ဆရာတော်တစ်ပါးမှာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

“ကျောင်းထိုင်ဆရာတော်တစ်ပါးကတော့ ပျံလွန်တော်မူသွားတယ်။ ဦးဇင်းတစ်ပါးရယ် ကိုရင်(၄)ပါးနဲ့ လူတစ်ယောက် စိုးရိမ်ရတဲ့အတွက် မန္တလေးဆေးရုံကြီးကိုပို့ပေးထားရတယ်။ ကျန်တဲ့ သံဃာတော်တွေနဲ့ လူကတော့ ပွန်းပဲ့လောက်ပဲ ဒဏ်ရာရတာပါ။ အကြံပြုချင်တာကတော့ ယာဉ်မောင်းတွေအနေနဲ့ယာဉ်ကြံခိုင်မှုကို သေချာစစ်ဆေးပြီးမှ မောင်းစေချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သံဃာတော်နှင့် လူပုဂ္ဂိုလ်များကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က ရွာငံမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Zawgyi Version;
သံဃာေတာ္မ်ား လိုက္ပါလာသည့္ ဘုရားဖူးကားတစ္စီး ေခ်ာက္အတြင္း ထိုးက်တိမ္းေမွာက္ရာ ေက်ာင္းထိုင္ဆရာေတာ္ပ်ံလြန္ေတာ္မူ၍ ကားေပၚပါသူအားလုံး ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဧၿပီ ၃ဝ

ရွမ္းျပည္နယ္၊ ႐ြာငံၿမိဳ႕နယ္တြင္ သံဃာေတာ္မ်ားလိုက္ပါလာသည့္ ဘုရားဖူးကားတစ္စီး ေခ်ာက္အတြင္းထိုးက်တိမ္းေမွာက္ခဲ့ရာ ေက်ာင္းထိုင္ဆရာေတာ္ ပ်ံလြန္ေတာ္မူ၍ ကားေပၚပါသူအားလုံး ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ႐ြာငံၿမိဳ႕နယ္ထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔(ဧၿပီလ ၂၉ ရက္)၊ မြန္းလြဲ ၂ နာရီခ်ိန္ခန႔္က ႐ြာငံၿမိဳ႕နယ္၊ ႐ြာငံ-မႏၲေလးသြားကားလမ္း၊ ေၾကးတြင္းေကြ႕၊ MPTတာဝါတိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေမွာက္သြားတဲ့ကားက သံဃာေတြပါလာတဲ့ ဘုရားဖူးကားပါ။ အင္းေလးဘက္ကေန ေအာင္လံဘက္ကို ျပန္လာတာလို႔ သိရတယ္။ အေကြ႕မွာ ဘရိတ္ေပါက္ၿပီး ေပ(၅၀၀)ေလာက္နက္တဲ့ ေခ်ာက္ထဲကိုက်သြားတာ” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ႐ြာငံၿမိဳ႕ထံမွ သိရသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္ပြားသည့္ ကားေပၚတြင္ သံဃာေတာ္(၂၅)ပါး ႏွင့္ လူပုဂၢိဳလ္(၄)ဦးလိုက္ပါလာၿပီး သက္ေတာ္(၄၅)ႏွစ္အ႐ြယ္ရွိ ဆရာေတာ္တစ္ပါးမွာ အခင္းျဖစ္ေနရာ၌ ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း သိရသည္။

“ေက်ာင္းထိုင္ဆရာေတာ္တစ္ပါးကေတာ့ ပ်ံလြန္ေတာ္မူသြားတယ္။ ဦးဇင္းတစ္ပါးရယ္ ကိုရင္(၄)ပါးနဲ႔ လူတစ္ေယာက္ စိုးရိမ္ရတဲ့အတြက္ မႏၲေလးေဆး႐ုံႀကီးကိုပို႔ေပးထားရတယ္။ က်န္တဲ့ သံဃာေတာ္ေတြနဲ႔ လူကေတာ့ ပြန္းပဲ့ေလာက္ပဲ ဒဏ္ရာရတာပါ။ အႀကံျပဳခ်င္တာကေတာ့ ယာဥ္ေမာင္းေတြအေနနဲ႔ယာဥ္ႀကံခိုင္မႈကို ေသခ်ာစစ္ေဆးၿပီးမွ ေမာင္းေစခ်င္တယ္” ဟု ၎က ဆက္ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ သံဃာေတာ္ႏွင့္ လူပုဂၢိဳလ္မ်ားကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕က ႐ြာငံၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.