ကညွတ်ကွင်းမြို့အနီးရှိ ငါးနုသန်းတံတား နှင့် မီးရထားလမ်းပိုင်းတို့ကို အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး

 892

Pearl (NP News) - မေ ၁

ကညွတ်ကွင်းမြို့အနီးရှိ ငါးနုသန်းတံတား နှင့် မီးရထားလမ်းပိုင်းတို့ကို အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့ မေလ(၁)ရက်နေ့၊ နံနက် (၁)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့ မြောက်ဘက် (၁)မိုင်ကျော်ခန့်အကွာ၊ ရန်ကုန် - မန္တလေး လမ်းဟောင်း မိုင်တိုင် (၁၁၇-၁၁၈)ကြားရှိ ငါးနုသန်းချောင်းရိုးတံတား နှင့် အဆိုပါတံတား၏ (၆)ဖာလုံခန့်အကွာရှိ ထွန်းသာယာကျေးရွာလမ်းဆုံ၊ မိုင်တိုင်အမှတ် (၁၂၅)၊ (၄)ဖာလုံကြားရှိ ရထားလမ်းအစုန်နှင့် အဆန် (၂)ခု အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

" ပေါက်ကွဲသံကတော့ ကြားတာ အကျယ်ကြီးပဲ၊ (၂)ချက်ဆက်တိုက်။ ငါးနုစမ်းတံတားလည်း ကျိုးသွားတယ်။ မော်တော်ယာဉ် လုံးဝသွားမရတော့ဘူး။ ကားကြီးတွေက အမြန်လမ်းဘက်ကပတ်သွားတယ်တဲ့။ နောက်တစ်ခုက မီးရထား။ မီးရထားလမ်းချော်လို့ သွားကြည့်တဲ့အချိန် အဲဒီနားမှာလည်း ဖောက်ခွဲထားတာ"ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲခံရသည့် တံတားမှာ တံတားအမှတ် ၁/၁၁၈၊ အရှည် (၇၆)ပေ၊ အကျယ် (၄၈) ပေရှိ ကွန်ကရစ်တံတားတစ်စင်းဖြစ်ပြီး ဖျက်ဆီးခံရမှုကြောင့် အလျား(၅၀)ပေ နှင့် အနံ(၄၀)ပေ ကျိုးကျပျက်စီးကာ မော်တော်ယာဉ်များသွားလာ၍ မရတော့ကြောင်း သိရသည်။

အလားတူ ရထားလမ်း အစုန် နှင့် အဆန် (၂)ခုအား မိုင်းထောင်‌ဖောက်ခွဲ ဖျက်ဆီးခဲ့သည့်အတွက် ရထားသံလမ်း(၂)ချောင်း (၁၀)ပေခန့်စီနှင့် ကွန်က ရစ်ဇလီဘာတုံး (၄)တုံး ကြေမွပျက်စီးသွားခဲ့ကာ မေလ (၁)ရက်နေ့၊ နံနက် (၅)နာရီ အချိန်ခန့်တွင် ကညွတ်ကွင်းဘူတာမှ ထွက်လာသည့် ကုန်တွဲ (၆၉)တွဲပါသည့် ကုန်ရထားတစ်စီးသည် အခင်းဖြစ်နေရာအရောက်တွင် လမ်းချော်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရထား၏စက်ခေါင်းအပါ ရထားတွဲဆိုင်း (၅)တွဲ လမ်းချော်သွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် တာဝန်ရှိသူများက ပျက်စီးသွားသည့် တံတားနှင့် မီးရထားလမ်းပိုင်းတို့အားပြုပြင်ရေးအတွက်ဆောင်ရွက်နေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

zawgyi version
ကၫြတ္ကြင္းၿမိဳ႕အနီးရွိ ငါးႏုသန္းတံတား ႏွင့္ မီးရထားလမ္းပိုင္းတို႔ကို အၾကမ္းဖက္သမားမ်ားက မိုင္းခြဲဖ်က္ဆီး

Pearl (NP News) - ေမ ၁

ကၫြတ္ကြင္းၿမိဳ႕အနီးရွိ ငါးႏုသန်းတံတား ႏွင့္ မီးရထားလမ္းပိုင္းတို႔ကို အၾကမ္းဖက္သမားမ်ားက မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ယေန႔ ေမလ(၁)ရက္ေန႔၊ နံနက္ (၁)နာရီ (၁၅)မိနစ္အခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ကၫြတ္ကြင္းၿမိဳ႕ ေျမာက္ဘက္ (၁)မိုင္ေက်ာ္ခန႔္အကြာ၊ ရန္ကုန္ - မႏၲေလး လမ္းေဟာင္း မိုင္တိုင္ (၁၁၇-၁၁၈)ၾကားရွိ ငါးႏုသန္းေခ်ာင္း႐ိုးတံတား ႏွင့္ အဆိုပါတံတား၏ (၆)ဖာလုံခန႔္အကြာရွိ ထြန္းသာယာေက်း႐ြာလမ္းဆုံ၊ မိုင္တိုင္အမွတ္ (၁၂၅)၊ (၄)ဖာလုံၾကားရွိ ရထားလမ္းအစုန္ႏွင့္ အဆန္ (၂)ခု အား အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း သိရသည္။

" ေပါက္ကြဲသံကေတာ့ ၾကားတာ အက်ယ္ႀကီးပဲ၊ (၂)ခ်က္ဆက္တိုက္။ ငါးႏုစမ္းတံတားလည္း က်ိဳးသြားတယ္။ ေမာ္ေတာ္ယာဥ္ လုံးဝသြားမရေတာ့ဘူး။ ကားႀကီးေတြက အျမန္လမ္းဘက္ကပတ္သြားတယ္တဲ့။ ေနာက္တစ္ခုက မီးရထား။ မီးရထားလမ္းေခ်ာ္လို႔ သြားၾကည့္တဲ့အခ်ိန္ အဲဒီနားမွာလည္း ေဖာက္ခြဲထားတာ"ဟု လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲခံရသည့္ တံတားမွာ တံတားအမွတ္ ၁/၁၁၈၊ အရွည္ (၇၆)ေပ၊ အက်ယ္ (၄၈) ေပရွိ ကြန္ကရစ္တံတားတစ္စင္းျဖစ္ၿပီး ဖ်က္ဆီးခံရမႈေၾကာင့္ အလ်ား(၅၀)ေပ ႏွင့္ အနံ(၄၀)ေပ က်ိဳးက်ပ်က္စီးကာ ေမာ္ေတာ္ယာဥ္မ်ားသြားလာ၍ မရေတာ့ေၾကာင္း သိရသည္။

အလားတူ ရထားလမ္း အစုန္ ႏွင့္ အဆန္ (၂)ခုအား မိုင္းေထာင္‌ေဖာက္ခြဲ ဖ်က္ဆီးခဲ့သည့္အတြက္ ရထားသံလမ္း(၂)ေခ်ာင္း (၁၀)ေပခန႔္စီႏွင့္ ကြန္က ရစ္ဇလီဘာတုံး (၄)တုံး ေၾကမြပ်က္စီးသြားခဲ့ကာ ေမလ (၁)ရက္ေန႔၊ နံနက္ (၅)နာရီ အခ်ိန္ခန႔္တြင္ ကၫြတ္ကြင္းဘူတာမွ ထြက္လာသည့္ ကုန္တြဲ (၆၉)တြဲပါသည့္ ကုန္ရထားတစ္စီးသည္ အခင္းျဖစ္ေနရာအေရာက္တြင္ လမ္းေခ်ာ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ မီးရထား၏စက္ေခါင္းအပါ ရထားတြဲဆိုင္း (၅)တြဲ လမ္းေခ်ာ္သြားခဲ့ေသာ္လည္း လူထိခိုက္မႈမရွိေၾကာင္းလည္း သိရသည္။

လက္ရွိတြင္ တာဝန္ရွိသူမ်ားက ပ်က္စီးသြားသည့္ တံတားႏွင့္ မီးရထားလမ္းပိုင္းတို႔အားျပဳျပင္ေရးအတြက္ေဆာင္႐ြက္ေနၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကလည္း လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.