တရုတ်နိုင်ငံမှာအမြန်လမ်းတစ်ခု ပြိုကျပျက်စီးခဲ့ခြင်းကြောင့် အနည်းဆုံးလူပေါင်း ၃၆ ဦးအထိသေဆုံး

 1176

ဂျန်ဇက် (NP News) - မေ ၂

တရုတ်နိုင်ငံရှိ တောင်ကုန်းတွေအပေါ် ဖြတ်သန်းတည်ဆောက်ထားတဲ့ အမြန်လမ်း ပြိုကျပျက်စီးခဲ့ခြင်းကြောင့် သေဆုံးသူအရေအတွက် ၃၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

Guangdong ပြည်နယ်မှာတည်ဆောက်ထားတဲ့ အမြန်လမ်းဟာ မေလ ၂ရက်နေ့ နံနက်အစောပိုင်းတွင် ပြိုကျပျက်စီးခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ Meizhou မြို့ကနေ Dabu မြို့ကိုဦးတည်သွားတဲ့ အမြန်လမ်းရဲ့လမ်းပိုင်းအချို့မှာပြိုကျ ပျက်စီးမှုတွေဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အမြန်လမ်းရဲ့၁၈ မီတာရှိ လမ်းပိုင်းပြိုကျပျက်စီးခဲ့ပြီး ကားတွေဟာလည်း လမ်းဘေးတောင်စောင်းထဲကို ထိုးကျတာတွေရှိခဲ့ကြောင်းသိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် တောင်ကုန်းတွေအပေါ်မှာ ဖြတ်သန်းတည်ဆောက်ထားတဲ့အမြန်လမ်းဟာ ပြိုကျပျက်စီးမှုတွေဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း အဲဒီ အမြန်လမ်းမှာ ကားအစီးရေ ၂၀ ကျော်နဲ့ လူပေါင်း ၅၄ ဦး ပိတ်မိနေခဲ့ကြောင်း တရုတ် မီဒီယာတွေကဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအခြေစိုက်ဆင်ဟွာသတင်းဌာနက "ရရှိထားတဲ့သတင်းအချက်လက်တွေအရဆိုရင် မေလ ၂ရက်နေ့ နံနက်ပိုင်းအထိ လူပေါင်း ၃၆ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၀ နီးပါးဒဏ်ရာရခဲ့တယ်။ အမြန်လမ်း ပိုင်းက ပြိုကျပျက်စီးခဲသလိုမျိုးဖြစ်ခဲ့တယ်။ တောင်ကုန်းပေါ်မှာ ဖြတ်သန်းတည်ဆောက်ထားတဲ့ အမြန် လမ်းရဲ့မြေကြီးတွေပဲ့ထွက်နေတာမျိုးဖြစ်တယ်"လို့ ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူတွေကိုအရှိန်မြင့်ရှာဖွေနေပြီး တူးဖော်ရေးလုပ်ငန်းတွေကိုလည်း တွဲဖက်လုပ်ကိုင်နေရ ကြောင်း သိရပါတယ်။ တရုတ်အာဏာပိုင်တွေဟာ အမြန်လမ်းရဲ့လမ်းပိုင်းအချို့ ပြိုကျပျက်စီးမှုတွေ ကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာမှာကို စိုးရိမ်နေကြောင်း သိရပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံမွာအျမန္လမ္းတစ္ခု ၿပိဳက်ပ်က္စီးခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူေပါင္း ၃၆ ဦးအထိေသဆုံး
ဂ်န္ဇက္ (NP News) - ေမ ၂

တ႐ုတ္ႏိုင္ငံရွိ ေတာင္ကုန္းေတြအေပၚ ျဖတ္သန္းတည္ေဆာက္ထားတဲ့ အျမန္လမ္း ၿပိဳက်ပ်က္စီးခဲ့ျခင္းေၾကာင့္ ေသဆုံးသူအေရအတြက္ ၃၆ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း တ႐ုတ္အာဏာပိုင္ေတြက ေျပာပါတယ္။

Guangdong ျပည္နယ္မွာတည္ေဆာက္ထားတဲ့ အျမန္လမ္းဟာ ေမလ ၂ရက္ေန႔ နံနက္အေစာပိုင္းတြင္ ၿပိဳက်ပ်က္စီးခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း၊ Meizhou ၿမိဳ႕ကေန Dabu ၿမိဳ႕ကိုဦးတည္သြားတဲ့ အျမန္လမ္းရဲ႕လမ္းပိုင္းအခ်ိဳ႕မွာၿပိဳက် ပ်က္စီးမႈေတြျဖစ္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အျမန္လမ္းရဲ႕၁၈ မီတာရွိ လမ္းပိုင္းၿပိဳက်ပ်က္စီးခဲ့ၿပီး ကားေတြဟာလည္း လမ္းေဘးေတာင္ေစာင္းထဲကို ထိုးက်တာေတြရွိခဲ့ေၾကာင္းသိရပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီးေနာက္ ေတာင္ကုန္းေတြအေပၚမွာ ျဖတ္သန္းတည္ေဆာက္ထားတဲ့အျမန္လမ္းဟာ ၿပိဳက်ပ်က္စီးမႈေတြျဖစ္လာခဲ့ျခင္းျဖစ္ေၾကာင္း အဲဒီ အျမန္လမ္းမွာ ကားအစီးေရ ၂၀ ေက်ာ္နဲ႔ လူေပါင္း ၅၄ ဦး ပိတ္မိေနခဲ့ေၾကာင္း တ႐ုတ္ မီဒီယာေတြကေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံအေျခစိုက္ဆင္ဟြာသတင္းဌာနက "ရရွိထားတဲ့သတင္းအခ်က္လက္ေတြအရဆိုရင္ ေမလ ၂ရက္ေန႔ နံနက္ပိုင္းအထိ လူေပါင္း ၃၆ဦး ေသဆုံးခဲ့ၿပီး လူေပါင္း ၃၀ နီးပါးဒဏ္ရာရခဲ့တယ္။ အျမန္လမ္း ပိုင္းက ၿပိဳက်ပ်က္စီးခဲသလိုမ်ိဳးျဖစ္ခဲ့တယ္။ ေတာင္ကုန္းေပၚမွာ ျဖတ္သန္းတည္ေဆာက္ထားတဲ့ အျမန္ လမ္းရဲ႕ေျမႀကီးေတြပဲ့ထြက္ေနတာမ်ိဳးျဖစ္တယ္"လို႔ ေျပာပါတယ္။ ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ ေပ်ာက္ဆုံးေနသူေတြကိုအရွိန္ျမင့္ရွာေဖြေနၿပီး တူးေဖာ္ေရးလုပ္ငန္းေတြကိုလည္း တြဲဖက္လုပ္ကိုင္ေနရ ေၾကာင္း သိရပါတယ္။ တ႐ုတ္အာဏာပိုင္ေတြဟာ အျမန္လမ္းရဲ႕လမ္းပိုင္းအခ်ိဳ႕ ၿပိဳက်ပ်က္စီးမႈေတြ ေၾကာင့္ ေသဆုံးသူအေရအတြက္ ထပ္မံျမင့္တက္လာမွာကို စိုးရိမ္ေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.