ICC မှာ အစ္စရေးခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးဖို့အခွင့်အာဏာမရှိကြောင်း အမေရိကန်အစိုးရပြော

 895

ဂျန်ဇက် (NP News) - မေ ၂

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)ဟာ အစ္စရေးအစိုးရတာဝန်ရှိသူတွေကို စီရင်ပိုင်ခွင့်မရှိကြောင်း၊ အမေရိကန်အစိုးရ ထုတ်ဖော်ဝေဖန်လိုက်ပါတယ်။ ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး နိုင်ငံတကာ ရာဇဝတ် တရားရုံးဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူတွေကို ဖမ်းဝရမ်း ထုတ်ဖွယ်ရှိနေတယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်အစိုးရက တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာရာဇာဝတ်တရားရုံးမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် မပါဝင်ပေမယ့် တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အစ္စရေးခေါင်းဆောင်တွေကို စီရင်ဖို့ ကြိုးပမ်းမယ့်ကိစ္စကို ပူးပေါင်းဆောင်ရွက်မှာမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန်ပါတယ်က ပြောပါတယ်။ ၎င်းက "ယူကရိန်းစစ်ပွဲ၊ ဆူဒန်အရေးနဲ့ ဒါဖာအရေးကိစ္စတွေမှာ ကျွန်တော် တို့ဟာ နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ သီခြားကိစ္စတွေမှာတော့ ပူးပေါင်းပါဝင်မှာမဟုတ်ဘူး" လို့ပြောပါတယ်။ နိုင်ငံတကာရာဇာဝတ်တရုံးဟာ အစ္စရေးဝန်ကြီးချုပ် အပါအဝင် စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်မယ်ဆိုရင် ဂါဇာဒေသအပစ်ခတ်ရပ်စဲရေးက နှောင့် နှေးဖွယ်ရှိတယ်လို့ ဂျီ ၇ အဖွဲ့ဝင်နိုင်ငံတွေကတိုက်တွန်းပြောဆိုထားပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကလည်း နိုင်ငံတကာရာဇဝတ်တရားရုံးဟာ အစ္စရေးနိုင်ငံရဲ့ကိုယ်ကိုယ်ကိုယ် ခုံခံ ပိုင်ခွင့်တွေကို အားနည်းအောင်လုပ်ဆောင်နေတယ်လို့ဝေဖန်ထားပါတယ်။ ဂါဇာစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း အစ္စရေးရဲ့လုပ်ရပ်တွေကိုမကျေနပ်တဲ့အတွက် တောင်အာဖရိကနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံးမှာ အစ္စရေးနိုင်ငံကို တရားစွဲခဲ့ပါတယ်။ အဲဒီတရားရုံးဟာ တောင်အာဖရိကနိုင်ငံရဲ့ တိုင်တန်းချက်ကို လက်ခံစစ်ဆေးနေပြီး အစ္စရေးဝန်ကြီးချုပ် အပါအဝင် စစ်ခေါင်းဆောင်တွေကို မကြာခင် ဖမ်းဝရမ်းထုတ်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခြင်းဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် က ၎င်းတို့ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမှာဖြစ်ပြီး အစ္စရေးနိုင်ငံကို နောက်ထပ်တစ်ကြိမ် ခြိမ်းခြောက်မှုတွေမဖြစ်အောင်လုပ်ဆောင်မယ်လို့ပြောဆိုထားပါတယ်။

zawgyi version
ICC မွာ အစၥေရးေခါင္းေဆာင္ေတြကို စုံစမ္းစစ္ေဆးဖို႔အခြင့္အာဏာမရွိေၾကာင္း အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂

ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး (ICC)ဟာ အစၥေရးအစိုးရတာဝန္ရွိသူေတြကို စီရင္ပိုင္ခြင့္မရွိေၾကာင္း၊ အေမရိကန္အစိုးရ ထုတ္ေဖာ္ေဝဖန္လိုက္ပါတယ္။ ဂါဇာစစ္ပြဲနဲ႔ဆက္ႏြယ္ၿပီး ႏိုင္ငံတကာ ရာဇဝတ္ တရား႐ုံးဟာ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုအပါအဝင္ အစၥေရးအစိုးရတာဝန္ရွိသူေတြကို ဖမ္းဝရမ္း ထုတ္ဖြယ္ရွိေနတယ္လို႔ၿပီးခဲ့တဲ့ရက္ပိုင္းမွာသတင္းေတြထြက္ေပၚလာခဲ့ၿပီးေနာက္ အေမရိကန္အစိုးရက တုံ႔ျပန္လာခဲ့တာျဖစ္ပါတယ္။

အေမရိကန္အစိုးရအေနနဲ႔ ႏိုင္ငံတကာရာဇာဝတ္တရား႐ုံးမွာ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ မပါဝင္ေပမယ့္ တရား႐ုံးနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ အစၥေရးေခါင္းေဆာင္ေတြကို စီရင္ဖို႔ ႀကိဳးပမ္းမယ့္ကိစၥကို ပူးေပါင္းေဆာင္႐ြက္မွာမဟုတ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဗီဒန္ပါတယ္က ေျပာပါတယ္။ ၎က "ယူကရိန္းစစ္ပြဲ၊ ဆူဒန္အေရးနဲ႔ ဒါဖာအေရးကိစၥေတြမွာ ကြၽန္ေတာ္ တို႔ဟာ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့တယ္။ ဒါေပမဲ့ သီျခားကိစၥေတြမွာေတာ့ ပူးေပါင္းပါဝင္မွာမဟုတ္ဘူး" လို႔ေျပာပါတယ္။ ႏိုင္ငံတကာရာဇာဝတ္တ႐ုံးဟာ အစၥေရးဝန္ႀကီးခ်ဳပ္ အပါအဝင္ စစ္ေခါင္းေဆာင္ေတြကို ဖမ္းဝရမ္းထုတ္မယ္ဆိုရင္ ဂါဇာေဒသအပစ္ခတ္ရပ္စဲေရးက ေႏွာင့္ ေႏွးဖြယ္ရွိတယ္လို႔ ဂ်ီ ၇ အဖြဲ႕ဝင္ႏိုင္ငံေတြကတိုက္တြန္းေျပာဆိုထားပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ကလည္း ႏိုင္ငံတကာရာဇဝတ္တရား႐ုံးဟာ အစၥေရးႏိုင္ငံရဲ႕ကိုယ္ကိုယ္ကိုယ္ ခုံခံ ပိုင္ခြင့္ေတြကို အားနည္းေအာင္လုပ္ေဆာင္ေနတယ္လို႔ေဝဖန္ထားပါတယ္။ ဂါဇာစစ္ပြဲစတင္ခဲ့ၿပီး ေနာက္ပိုင္း အစၥေရးရဲ႕လုပ္ရပ္ေတြကိုမေက်နပ္တဲ့အတြက္ ေတာင္အာဖရိကႏိုင္ငံဟာ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံးမွာ အစၥေရးႏိုင္ငံကို တရားစြဲခဲ့ပါတယ္။ အဲဒီတရား႐ုံးဟာ ေတာင္အာဖရိကႏိုင္ငံရဲ႕ တိုင္တန္းခ်က္ကို လက္ခံစစ္ေဆးေနၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ အပါအဝင္ စစ္ေခါင္းေဆာင္ေတြကို မၾကာခင္ ဖမ္းဝရမ္းထုတ္ဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနျခင္းျဖစ္ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ က ၎တို႔ဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းမွာျဖစ္ၿပီး အစၥေရးႏိုင္ငံကို ေနာက္ထပ္တစ္ႀကိမ္ ၿခိမ္းေျခာက္မႈေတြမျဖစ္ေအာင္လုပ္ေဆာင္မယ္လို႔ေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.