ပြည်ပနိုင်ငံများသို့ 'ဝ' ဥ စားသောက်ကုန်များ တင်ပို့နိုင်ရန်အတွက် နည်းပညာ၊ စက်၊ အရင်းအနှီး လိုအပ်နေ

 170

စော (NP News) - မေ ၃

ပြည်ပနိုင်ငံများသို့ ဝ ဥ စားသောက်ကုန်များ တင်ပို့နိုင်ရန်အတွက် နည်းပညာ၊ စက်၊ အရင်းအနှီး လိုအပ်နေကြောင်း မြန်မာနိုင်ငံ ဝဥစိုက်ပျိုး၊ ထုတ် လုပ်၊ ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူက NP News ကိုပြောသည်။

ပြည်တွင်း၌ ဝဥ စားသောက်ကုန် အနည်းငယ် ကိုသာ ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာအဆင့်မီသော စားသောက်ကုန်ကို မထုတ်လုပ်နိုင်သေးသည့်အတွက် ကမ္ဘာ့ဈေးကွက်ကို စားသောက်ကုန်အနေဖြင့် မတင်ပို့နိုင်သေးကြောင်း သိရသည်။

" အဲဒါက အချိန်တစ်ခုယူရဦးမှာပေါ့။ ရည်ရွယ် ချက်ကတော့ ပို့ချင်တာပေါ့။ သို့သော် ဒီဟာက နည်း ပညာလိုတယ်။ အရင်းအနှီးလိုတယ်။ စက်တွေလို တယ်။ အထူးသဖြင့်တော့ အဓိကအကျဆုံးကတော့ နည်းပညာပေါ့။ ဒီလိုမျိုး နိုင်ငံတကာအဆင့်ကို ပို့နိုင်တဲ့ နည်းပညာရဖို့ လိုတာပေါ့။ စားသောက်ကုန် ထုတ်လုပ်တဲ့ နည်းပညာပေါ့။ အဲဒါရမှ သူက ပို့နိုင်မှာ။ အဲဒါအတွက်ကတော့ လုပ်နေကြတယ်။ လုပ်လည်း လုပ်နေကြပြီ။ ဒါပေမဲ့ ချက်ချင်းတော့မဖြစ်ဘူးပေါ့နော်။ ဒါတွေက အချိန်ပေးရတာဆိုတော့ အချိန်တစ်ခု စောင့်ရဦးမယ်"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံမှ ဝဥများကို ဝဥအစို၊ ဝဥအခြောက်၊ ဝဥအမှုန့်စသည့် ကုန်ကြမ်းများ ပြုလုပ်ကာ တရုတ် နှင့် ဂျပန်နိုင်ငံများသို့ အများဆုံး တင်ပို့လျက်ရှိရာ ကိုဗစ်နောက်ပိုင်းမှစတင်ကာ တရုတ်နိုင်ငံသို့ ဝဥအခြောက်တင်ပို့ရာတွင် အခက်အခဲများရှိနေ ကြောင်း သိရသည်။ ထို့ကြောင့် အသင်း အနေဖြင့် တရုတ်နိုင်ငံသို့ ဝဥများ မြန်မြန်ဆန် ဆန် တင်ပို့နိုင်ရန်နှင့် ပြည်တွင်း၌ ဝဥစား သောက်ကုန်များ မြင့်တက်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဝဥများကို ချင်းပြည် နယ်၌ အများဆုံးစိုက်ပျိုးလျက်ရှိပြီး မွန်ပြည် နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

zawgyi version
ျပည္ပႏိုင္ငံမ်ားသို႔ 'ဝ' ဥ စားေသာက္ကုန္မ်ား တင္ပို႔ႏိုင္ရန္အတြက္ နည္းပညာ၊ စက္၊ အရင္းအႏွီး လိုအပ္ေန
ေစာ (NP News) - ေမ ၃

ျပည္ပႏိုင္ငံမ်ားသို႔ ဝ ဥ စားေသာက္ကုန္မ်ား တင္ပို႔ႏိုင္ရန္အတြက္ နည္းပညာ၊ စက္၊ အရင္းအႏွီး လိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံ ဝဥစိုက္ပ်ိဳး၊ ထုတ္ လုပ္၊ ေရာင္းခ်သူမ်ားအသင္းမွ ဥကၠ႒ျဖစ္သူ ဦးေက်ာ္သူက NP News ကိုေျပာသည္။

ျပည္တြင္း၌ ဝဥ စားေသာက္ကုန္ အနည္းငယ္ ကိုသာ ထုတ္လုပ္ႏိုင္ၿပီး ႏိုင္ငံတကာအဆင့္မီေသာ စားေသာက္ကုန္ကို မထုတ္လုပ္ႏိုင္ေသးသည့္အတြက္ ကမာၻ႔ေဈးကြက္ကို စားေသာက္ကုန္အေနျဖင့္ မတင္ပို႔ႏိုင္ေသးေၾကာင္း သိရသည္။

" အဲဒါက အခ်ိန္တစ္ခုယူရဦးမွာေပါ့။ ရည္႐ြယ္ ခ်က္ကေတာ့ ပို႔ခ်င္တာေပါ့။ သို႔ေသာ္ ဒီဟာက နည္း ပညာလိုတယ္။ အရင္းအႏွီးလိုတယ္။ စက္ေတြလို တယ္။ အထူးသျဖင့္ေတာ့ အဓိကအက်ဆုံးကေတာ့ နည္းပညာေပါ့။ ဒီလိုမ်ိဳး ႏိုင္ငံတကာအဆင့္ကို ပို႔ႏိုင္တဲ့ နည္းပညာရဖို႔ လိုတာေပါ့။ စားေသာက္ကုန္ ထုတ္လုပ္တဲ့ နည္းပညာေပါ့။ အဲဒါရမွ သူက ပို႔ႏိုင္မွာ။ အဲဒါအတြက္ကေတာ့ လုပ္ေနၾကတယ္။ လုပ္လည္း လုပ္ေနၾကၿပီ။ ဒါေပမဲ့ ခ်က္ခ်င္းေတာ့မျဖစ္ဘူးေပါ့ေနာ္။ ဒါေတြက အခ်ိန္ေပးရတာဆိုေတာ့ အခ်ိန္တစ္ခု ေစာင့္ရဦးမယ္"ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံမွ ဝဥမ်ားကို ဝဥအစို၊ ဝဥအေျခာက္၊ ဝဥအမႈန႔္စသည့္ ကုန္ၾကမ္းမ်ား ျပဳလုပ္ကာ တ႐ုတ္ ႏွင့္ ဂ်ပန္ႏိုင္ငံမ်ားသို႔ အမ်ားဆုံး တင္ပို႔လ်က္ရွိရာ ကိုဗစ္ေနာက္ပိုင္းမွစတင္ကာ တ႐ုတ္ႏိုင္ငံသို႔ ဝဥအေျခာက္တင္ပို႔ရာတြင္ အခက္အခဲမ်ားရွိေန ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ အသင္း အေနျဖင့္ တ႐ုတ္ႏိုင္ငံသို႔ ဝဥမ်ား ျမန္ျမန္ဆန္ ဆန္ တင္ပို႔ႏိုင္ရန္ႏွင့္ ျပည္တြင္း၌ ဝဥစား ေသာက္ကုန္မ်ား ျမင့္တက္လာေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ဝဥမ်ားကို ခ်င္းျပည္ နယ္၌ အမ်ားဆုံးစိုက္ပ်ိဳးလ်က္ရွိၿပီး မြန္ျပည္ နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္း၊ ရွမ္းျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ စိုက္ပ်ိဳးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.