PDF အဖွဲ့က လင်မယား(၂)ဦးသေနတ်ဖြင့် ပစ်သတ်ကာ နေအိမ်အတွင်းရှိ ပစ္စည်းအချို့ကို လုယက်ယူဆောင်မှု ရွှေဘိုမြို့ပေါ်၌ ဖြစ်ပွား

 291

သန့်ဇင် (NP News) - မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် PDF အဖွဲ့က လင်မယား(၂)ဦးသေနတ်ဖြင့် ပစ်သတ်ကာ နေအိမ်အတွင်းရှိ ပစ္စည်းအချို့ကို လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၃ ရက်၊ နံနက် ၁၁ နာရီ ၂ဝ မိနစ်အချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်၊ သက်သာပန်းတောင်းရပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“အမျိုးသား(၃)ဦးနဲ့ အမျိုးသမီး(၁)ဦး သေနတ်ပစ်ခံရတယ်ဆိုပြီး သိရလို့သွားတဲ့အချိန်မှာ လင်မယား (၂)ယောက်က ပစ်သတ်ခံရတာပါ။ PDFအဖွဲ့ဝင်(၆)ဦးက ရောက်လာပြီး "မင်းတို့အကြောင်း အကုန်သိတယ်” ဆိုပြီး ပစ်သတ်သွားတာလို့သိရတယ်”ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အသက်(၄၅)နှစ်အရွယ် ဦးမင်းထိုက် နှင့် ၎င်း၏ဇနီးဖြစ်သူ အသက်(၄၁)နှစ်အရွယ် ဒေါ်မြင့်မြင့်သန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နေအိမ်အတွင်းရပ်ထားသည့် HONDA CLICK တစ်စီး နှင့် HONDA 125 ဆိုင်ကယ်တို့အား PDF အဖွဲ့ဝင်(၆)ဦးက လုယက်ယူဆောင်ကာ ရာဇအောင်မြေဘုရားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
PDF အဖြဲ႕က လင္မယား(၂)ဦးေသနတ္ျဖင့္ ပစ္သတ္ကာ ေနအိမ္အတြင္းရွိ ပစၥည္းအခ်ိဳ႕ကို လုယက္ယူေဆာင္မႈ ေ႐ႊဘိုၿမိဳ႕ေပၚ၌ ျဖစ္ပြား
သန႔္ဇင္ (NP News) - ေမ ၄

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕တြင္ PDF အဖြဲ႕က လင္မယား(၂)ဦးေသနတ္ျဖင့္ ပစ္သတ္ကာ ေနအိမ္အတြင္းရွိ ပစၥည္းအခ်ိဳ႕ကို လုယက္ယူေဆာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ေမလ ၃ ရက္၊ နံနက္ ၁၁ နာရီ ၂ဝ မိနစ္အခ်ိန္တြင္ ေ႐ႊဘိုၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္၊ သက္သာပန္းေတာင္းရပ္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။

“အမ်ိဳးသား(၃)ဦးနဲ႔ အမ်ိဳးသမီး(၁)ဦး ေသနတ္ပစ္ခံရတယ္ဆိုၿပီး သိရလို႔သြားတဲ့အခ်ိန္မွာ လင္မယား (၂)ေယာက္က ပစ္သတ္ခံရတာပါ။ PDFအဖြဲ႕ဝင္(၆)ဦးက ေရာက္လာၿပီး "မင္းတို႔အေၾကာင္း အကုန္သိတယ္” ဆိုၿပီး ပစ္သတ္သြားတာလို႔သိရတယ္”ဟု စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ အသက္(၄၅)ႏွစ္အ႐ြယ္ ဦးမင္းထိုက္ ႏွင့္ ၎၏ဇနီးျဖစ္သူ အသက္(၄၁)ႏွစ္အ႐ြယ္ ေဒၚျမင့္ျမင့္သန္းတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေနအိမ္အတြင္းရပ္ထားသည့္ HONDA CLICK တစ္စီး ႏွင့္ HONDA 125 ဆိုင္ကယ္တို႔အား PDF အဖြဲ႕ဝင္(၆)ဦးက လုယက္ယူေဆာင္ကာ ရာဇေအာင္ေျမဘုရားလမ္းအတိုင္း ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.