မြန်မာ - ရုရှားနှစ်နိုင်ငံကြား ကင်ဆာရောဂါဓာတ်ရောင်ခြည်ဆေးကုသမှုနှင့် ကင်ဆာရောဂါပညာရပ်တို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

 392

Pearl (NP News) - မေ ၄
မြန်မာ - ရုရှားနှစ်နိုင်ငံကြား ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဆေးကုသမှုနှင့် ကင်ဆာရောဂါပညာရပ်တို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယမန်နေ့ (မေလ ၃ရက်)က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေး ၊ ရုရှားနိုင်ငံမှ ဆောက်လုပ်ပေးထားသည့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး နှင့် ကင်ဆာရောဂါဓာတ်ရောင်ခြည်ဆေးကုသမှုများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်စေလွှတ်ရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ အထူးသဖြင့် ကင်ဆာရောဂါပညာရပ်၊ ခွဲစိတ်ကုသမှုပညာရပ်၊ နှလုံးဆေးကုသမှုနှင့် ခွဲစိတ်မှုပညာရပ်၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုနှင့် ခွဲစိတ်မှုပညာရပ်များ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံ ဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာဘွဲ့၊ ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ ကလေးအထူးကုဆရာဝန်များအား ရုရှားနိုင်ငံသို့ စေလွှတ်၍ ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများ နှစ်စဉ်စေလွှတ် သင်ကြားနေသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Center တို့အကြား ကင်ဆာရောဂါဆေးကုသမှု ပူးပေါင်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် ရုရှားနိုင်ငံထုတ် ဆေးဝါးတင်သွင်းခြင်းနှင့် ဆေးဝါးမှတ်ပုံတင်ရရှိရေး ၊ ပြန်လည်သန်စွမ်းရေး ဆေးပညာရပ်ဆိုင်ရာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးများနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ကျန်းမာရေဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Zawgyi Version

ျမန္မာ - ႐ုရွားႏွစ္ႏိုင္ငံၾကား ကင္ဆာေရာဂါဓာတ္ေရာင္ျခည္ေဆးကုသမႈႏွင့္ ကင္ဆာေရာဂါပညာရပ္တို႔တြင္ ပိုမိုပူးေပါင္းေဆာင္႐ြက္ရန္ေဆြးေႏြး

Pearl (NP News) - ေမ ၄
ျမန္မာ - ႐ုရွားႏွစ္ႏိုင္ငံၾကား ကင္ဆာေရာဂါ ဓာတ္ေရာင္ျခည္ေဆးကုသမႈႏွင့္ ကင္ဆာေရာဂါပညာရပ္တို႔တြင္ ပိုမိုပူးေပါင္းေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ယမန္ေန႔ (ေမလ ၃ရက္)က ေနျပည္ေတာ္ရွိ က်န္းမာေရးဝန္ႀကီးဌာန၌ က်န္းမာေရးဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားႏိုင္ငံသံအမတ္ႀကီး H.E. Mr. Iskander Azizov တို႔ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာ - ႐ုရွား ႏွစ္ႏိုင္ငံက်န္းမာေရးက႑ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုျမႇင့္တင္ႏိုင္ေရး ၊ ႐ုရွားႏိုင္ငံမွ ေဆာက္လုပ္ေပးထားသည့္ ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီး အဆင့္ျမႇင့္တင္ေရး ႏွင့္ ကင္ဆာေရာဂါဓာတ္ေရာင္ျခည္ေဆးကုသမႈမ်ား ပူးေပါင္းေဆာင္႐ြက္ေရးတို႔ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံေဆးပညာရပ္ႏွင့္ ေဆးဘက္ဆိုင္ရာပညာရွင္မ်ား အျပန္အလွန္ေစလႊတ္ေရးႏွင့္ သုေတသနပူးေပါင္းေဆာင္႐ြက္ေရး၊ အထူးသျဖင့္ ကင္ဆာေရာဂါပညာရပ္၊ ခြဲစိတ္ကုသမႈပညာရပ္၊ ႏွလုံးေဆးကုသမႈႏွင့္ ခြဲစိတ္မႈပညာရပ္၊ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာေဆးကုသမႈႏွင့္ ခြဲစိတ္မႈပညာရပ္မ်ား ပိုမိုပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးတို႔ကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံ ေဆးပညာရပ္ႏွင့္ ေဆးဘက္ဆိုင္ရာဘြဲ႕၊ ဒီဂရီမ်ား အျပန္အလွန္အသိအမွတ္ျပဳႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ရန္ႏွင့္ ၂၀၂၁ ခုႏွစ္မွစ၍ ျမန္မာႏိုင္ငံရွိ ကေလးအထူးကုဆရာဝန္မ်ားအား ႐ုရွားႏိုင္ငံသို႔ ေစလႊတ္၍ ကေလးက်န္းမာေရးေစာင့္ေရွာက္မႈသင္တန္းမ်ား ႏွစ္စဥ္ေစလႊတ္ သင္ၾကားေနသည့္ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အလားတူ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးႏွင့္ ႐ုရွားႏိုင္ငံ စိန႔္ပီတာစဘတ္ၿမိဳ႕ရွိ Napalkov Cancer Center တို႔အၾကား ကင္ဆာေရာဂါေဆးကုသမႈ ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ား၊ ႏွစ္ႏိုင္ငံ ေဆးဝါးထုတ္လုပ္ေရးက႑ႏွင့္ ႐ုရွားႏိုင္ငံထုတ္ ေဆးဝါးတင္သြင္းျခင္းႏွင့္ ေဆးဝါးမွတ္ပုံတင္ရရွိေရး ၊ ျပန္လည္သန္စြမ္းေရး ေဆးပညာရပ္ဆိုင္ရာႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရးမ်ားႏွင့္ပတ္သက္၍လည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း က်န္းမာေရဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.