အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၁၄)ဦးသေဆုံး

 212

Pika(NP News) - မေ ၄
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၄)ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက မေလ(၄)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မေလ(၂)ရက်နေ့တည်းက မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့အတူ တောင်ဆူလာဝေစီပြည်နယ် လူဝူခရိုင်မှာ မြေပြိုမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းကယ်ဆယ်ရေးအကြီးအကဲ Mexianus Bekabelကပြောကြားခဲ့ပါတယ်။

ရေကြီးမှုတွေဟာ (၃)မီတာလောက်အထိ မြင့်တက်လာခဲ့တာကြောင့် ခရိုင်(၁၃)ခုမှာ ရေတွေ၊ရွှံ့နွံတွေနဲ့ ဖုံးလွှမ်းနေတယ်လို့လည်း သိရပါတယ်။ရေကြီးမှု၊မြေပြိုမှုတွေကြောင့် နေအိမ်(၁)ထောင်ကျော်လောက် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ရော်ဘာလှေတွေနဲ့ အခြားယာဉ်တွေကို အသုံးပြုပြီး ဒေသခံတွေကို ကယ်ဆယ်ဖို့လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရေဘေးသင့်ဒေသမှထွက်ကာ ဘုရားကျောင်းတွေ၊ ဆွေမျိုးတွေအိမ်ကို ပြောင်းရွှေ့နေထိုင်တဲ့လူ(၁၀၀)ကျော်ရှိတယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီပြောရေးဆိုခွင့်ရှိသူ Abdul Muhariကမေလ(၄)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ရာသီအလိုက်မိုးရွာသွန်းမှုနဲ့အတူ အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။ တောင်ဆူလာဝေစီပြည်နယ် Tana Toraja ခရိုင်မှာ ပြီးခဲ့တဲ့ဧပြီလက မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး လူ(၂၀)ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

Zawgyi Version

အင္ဒိုနီးရွားႏိုင္ငံမွာ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၄)ဦးေသဆုံး

Pika(NP News) - ေမ ၄
အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝစီကြၽန္းမွာ ေရႀကီးမႈေတြနဲ႔ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၄)ဦးေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေမလ(၄)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ေမလ(၂)ရက္ေန႔တည္းက မိုးသည္းထန္စြာ႐ြာသြန္းမႈေတြနဲ႔အတူ ေတာင္ဆူလာေဝစီျပည္နယ္ လူဝူခ႐ိုင္မွာ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့တယ္လို႔ ေဒသတြင္းကယ္ဆယ္ေရးအႀကီးအကဲ Mexianus Bekabelကေျပာၾကားခဲ့ပါတယ္။

ေရႀကီးမႈေတြဟာ (၃)မီတာေလာက္အထိ ျမင့္တက္လာခဲ့တာေၾကာင့္ ခ႐ိုင္(၁၃)ခုမွာ ေရေတြ၊႐ႊံ႕ႏြံေတြနဲ႔ ဖုံးလႊမ္းေနတယ္လို႔လည္း သိရပါတယ္။ေရႀကီးမႈ၊ေျမၿပိဳမႈေတြေၾကာင့္ ေနအိမ္(၁)ေထာင္ေက်ာ္ေလာက္ ထိခိုက္ပ်က္စီးခဲ့တယ္လို႔လည္း သိရပါတယ္။

ရွာေဖြကယ္ဆယ္ေရးအဖြဲ႕တစ္ဖြဲ႕ဟာ ေရာ္ဘာေလွေတြနဲ႔ အျခားယာဥ္ေတြကို အသုံးျပဳၿပီး ေဒသခံေတြကို ကယ္ဆယ္ဖို႔လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ေရေဘးသင့္ေဒသမွထြက္ကာ ဘုရားေက်ာင္းေတြ၊ ေဆြမ်ိဳးေတြအိမ္ကို ေျပာင္းေ႐ႊ႕ေနထိုင္တဲ့လူ(၁၀၀)ေက်ာ္ရွိတယ္လို႔ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးေအဂ်င္စီေျပာေရးဆိုခြင့္ရွိသူ Abdul Muhariကေမလ(၄)ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ရာသီအလိုက္မိုး႐ြာသြန္းမႈနဲ႔အတူ အင္ဒိုနီးရွားႏိုင္ငံမွာ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိတယ္လို႔ သိရပါတယ္။ ေတာင္ဆူလာေဝစီျပည္နယ္ Tana Toraja ခ႐ိုင္မွာ ၿပီးခဲ့တဲ့ဧၿပီလက မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီး လူ(၂၀)ဦးေသဆုံးခဲ့တယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.