မုံရွာမြို့တွင် ကိုရင်(၃)ပါး ရေဆင်းကူးရာမှ တစ်ပါး ရေနှစ်ပျံလွန်တော်မူ

 841

သန့်ဇင် (NP News) - မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကိုရင်(၃)ပါး ရေဆင်းကူးရာမှ တစ်ပါး ရေနှစ်ပျံလွန်တော်မူသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၄ ရက်)၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မုံရွာမြို့၊ ကမ်းနားလမ်း၊ အုန်းပင်ဆိပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ကျွန်တော်တို့သိရတာတော့ ကိုရင်(၃)ပါး ရေဆင်းကူးရင်းကနေ တစ်ပါးကရေနစ်တာပေါ့။ အဲဒါမှာ ကျွန်တော်တို့ အသင်းနဲ့ အနားကလူတွေရယ် သူ့မိဘတွေနဲ့ ဝိုင်းရှာတာမှာ တစ်နာရီလောက်ကြာတဲ့ထိ ရှာလိုက်ရတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါရေနစ်ပျံလွန်တော်မူသွားသည့် ကိုရင်မှာ အသက်(၁၀)နှစ်ဝန်းကျင်သာရှိသေးပြီး ရေနစ်ပျံလွန်တော်မူစဉ် ရုပ်အလောင်းကို ဖခင်ဖြစ်သူက ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

“အုန်းပင်ဆိပ်မှာ နေနစ်တာတွေတော့ ရှိတယ်။ ခဏခဏနစ်တာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့်‌ ရေဆင်းကူးတဲ့ လူတွေအနေနဲ့ ရေတိမ်တဲ့နေရာမှာပဲ ကူးစေချင်တယ်” ဟု ၎င်းက အကြံပြုပြောထားသည်။

ထို့ကြောင့် ကိုရင်၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးဖွဲ့ မုံရွာက မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
မုံ႐ြာၿမိဳ႕တြင္ ကိုရင္(၃)ပါး ေရဆင္းကူးရာမွ တစ္ပါး ေရႏွစ္ပ်ံလြန္ေတာ္မူ
သန႔္ဇင္ (NP News) - ေမ ၅

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕တြင္ ကိုရင္(၃)ပါး ေရဆင္းကူးရာမွ တစ္ပါး ေရႏွစ္ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ မုံ႐ြာၿမိဳ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၄ ရက္)၊ မြန္းတည့္ ၁၂ နာရီအခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕၊ ကမ္းနားလမ္း၊ အုန္းပင္ဆိပ္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


“ကြၽန္ေတာ္တို႔သိရတာေတာ့ ကိုရင္(၃)ပါး ေရဆင္းကူးရင္းကေန တစ္ပါးကေရနစ္တာေပါ့။ အဲဒါမွာ ကြၽန္ေတာ္တို႔ အသင္းနဲ႔ အနားကလူေတြရယ္ သူ႔မိဘေတြနဲ႔ ဝိုင္းရွာတာမွာ တစ္နာရီေလာက္ၾကာတဲ့ထိ ရွာလိုက္ရတယ္” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ မုံ႐ြာၿမိဳ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါေရနစ္ပ်ံလြန္ေတာ္မူသြားသည့္ ကိုရင္မွာ အသက္(၁၀)ႏွစ္ဝန္းက်င္သာရွိေသးၿပီး ေရနစ္ပ်ံလြန္ေတာ္မူစဥ္ ႐ုပ္အေလာင္းကို ဖခင္ျဖစ္သူက ျပန္လည္ဆယ္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။

“အုန္းပင္ဆိပ္မွာ ေနနစ္တာေတြေတာ့ ရွိတယ္။ ခဏခဏနစ္တာေတာ့ မဟုတ္ဘူးေပါ့။ ဒါေပမယ့္‌ ေရဆင္းကူးတဲ့ လူေတြအေနနဲ႔ ေရတိမ္တဲ့ေနရာမွာပဲ ကူးေစခ်င္တယ္” ဟု ၎က အႀကံျပဳေျပာထားသည္။

ထို႔ေၾကာင့္ ကိုရင္၏ ႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးဖြဲ႕ မုံ႐ြာက မုံ႐ြာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.