ရန်ကုန်ရှိဆိပ်ကမ်းများအတွင်း သွင်းကုန် ကုန်သေတ္တာများ များပြားနေသည့်အတွက် အပတ်စဉ် စနေနေ့တိုင်း အချိန်ပိုစစ်ဆေး ဆောင်ရွက်မည်

 3690

ယွန်း (NP News) - မေ ၆

ရန်ကုန်ရှိ ဆိပ်ကမ်းများအတွင်း သွင်းကုန် ကုန်သေတ္တာများ များပြားနေသည့်အတွက် အပတ်စဉ် စနေနေ့တိုင်း အချိန်ပိုစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက မကြာမီရက်ပိုင်းက အသိပေးထားသည်။

တိုးတက်လာသည့် ကုန်သေတ္တာကုန်စည်ဈေးကွက်အနေအထားနှင့် သင်္ကြန်ကာလရက် ရှည်ပိတ်ရက်များ အတွင်း ဝင်ရောက်ဆိုက်ကပ်ခဲ့သည့် သင်္ဘောများကြောင့် ဆိပ်ကမ်းများအတွင်း၌ သွင်းကုန် ကုန်သေတ္တာများ များပြား လျက်ရှိကြောင်း Asia World Port Management Co., Ltd က ပြီးခဲ့သည့် ဧပြီလအတွင်း ရည်ညွှန်းစာဖြင့် တင်ပြခဲ့ကြောင်း သိရသည်။ ထိုသို့ များပြားလာသောကုန်သေတ္တာများကို ပိုမိုမြန်ဆန်စွာ ရှင်းလင်းနိုင်ရေးအတွက် သွင်းကုန် ကုန်သေတ္တာများကိုစစ်ဆေးပေးရာတွင် ယခင်ကဲ့သို့ စနေနေ့များတွင် အချိန်ပိုစစ်ဆေးပေးနိုင်ရန် အထက်ပါကုမ္ပဏီက ဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါတင်ပြချက်နှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနအနေဖြင့် အစိုးရရုံးပိတ်ရက်များနှင့် တိုက်ဆိုင်ခြင်းမရှိပါက အပတ်စဉ် စနေနေ့ နံနက် (၁၀)နာရီမှ နေ့လယ်(၂)နာရီအ ချိန်ထိ အချိန်ပို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ သို့ဖြစ်၍ အချိန်ပိုလျှောက် ထားခြင်းကို အပတ်စဉ် သောကြာနေ့ ညနေ(၅)နာရီအချိန် နောက်ဆုံးထား လျှောက်ထားရန် လည်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့ပြင် ဆိပ်ကမ်းအတွင်းရှိ ကုန်သေတ္တာများ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ဆိပ်ကမ်း (SOPS) ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် တရားမဝင်ကုန်သေတ္တာများ မသမာမှုပြုလုပ်၍ တင် သွင်း/တင်ပို့မှုမရှိစေရေး အတွက် လိုက်နာရမည့်လုပ်ငန်းစဉ်များ (SOPS)များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပေးထားသည်။

zawgyi version
ရန္ကုန္ရွိဆိပ္ကမ္းမ်ားအတြင္း သြင္းကုန္ ကုန္ေသတၱာမ်ား မ်ားျပားေနသည့္အတြက္ အပတ္စဥ္ စေနေန႔တိုင္း အခ်ိန္ပိုစစ္ေဆး ေဆာင္႐ြက္မည္
ယြန္း (NP News) - ေမ ၆

ရန္ကုန္ရွိ ဆိပ္ကမ္းမ်ားအတြင္း သြင္းကုန္ ကုန္ေသတၱာမ်ား မ်ားျပားေနသည့္အတြက္ အပတ္စဥ္ စေနေန႔တိုင္း အခ်ိန္ပိုစစ္ေဆး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာနက မၾကာမီရက္ပိုင္းက အသိေပးထားသည္။

တိုးတက္လာသည့္ ကုန္ေသတၱာကုန္စည္ေဈးကြက္အေနအထားႏွင့္ သၾကၤန္ကာလရက္ ရွည္ပိတ္ရက္မ်ား အတြင္း ဝင္ေရာက္ဆိုက္ကပ္ခဲ့သည့္ သေဘၤာမ်ားေၾကာင့္ ဆိပ္ကမ္းမ်ားအတြင္း၌ သြင္းကုန္ ကုန္ေသတၱာမ်ား မ်ားျပား လ်က္ရွိေၾကာင္း Asia World Port Management Co., Ltd က ၿပီးခဲ့သည့္ ဧၿပီလအတြင္း ရည္ၫႊန္းစာျဖင့္ တင္ျပခဲ့ေၾကာင္း သိရသည္။ ထိုသို႔ မ်ားျပားလာေသာကုန္ေသတၱာမ်ားကို ပိုမိုျမန္ဆန္စြာ ရွင္းလင္းႏိုင္ေရးအတြက္ သြင္းကုန္ ကုန္ေသတၱာမ်ားကိုစစ္ေဆးေပးရာတြင္ ယခင္ကဲ့သို႔ စေနေန႔မ်ားတြင္ အခ်ိန္ပိုစစ္ေဆးေပးႏိုင္ရန္ အထက္ပါကုမၸဏီက ဆိုထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အဆိုပါတင္ျပခ်က္ႏွင့္စပ္လ်ဥ္း၍ အေကာက္ခြန္ဦးစီးဌာနအေနျဖင့္ အစိုးရ႐ုံးပိတ္ရက္မ်ားႏွင့္ တိုက္ဆိုင္ျခင္းမရွိပါက အပတ္စဥ္ စေနေန႔ နံနက္ (၁၀)နာရီမွ ေန႔လယ္(၂)နာရီအ ခ်ိန္ထိ အခ်ိန္ပို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။ သို႔ျဖစ္၍ အခ်ိန္ပိုေလွ်ာက္ ထားျခင္းကို အပတ္စဥ္ ေသာၾကာေန႔ ညေန(၅)နာရီအခ်ိန္ ေနာက္ဆုံးထား ေလွ်ာက္ထားရန္ လည္း အေကာက္ခြန္ဦးစီးဌာနက ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ဆိပ္ကမ္းအတြင္းရွိ ကုန္ေသတၱာမ်ား ရွင္းလင္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာ၌ ဆိပ္ကမ္း (SOPS) ၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ဆိပ္ကမ္းမ်ားတြင္ တရားမဝင္ကုန္ေသတၱာမ်ား မသမာမႈျပဳလုပ္၍ တင္ သြင္း/တင္ပို႔မႈမရွိေစေရး အတြက္ လိုက္နာရမည့္လုပ္ငန္းစဥ္မ်ား (SOPS)မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ရန္ အသိေပးထားသည္။

Related news

© 2021. All rights reserved.