အီရန်က အစ္စရေးကို တိုက်ခိုက်ရန် ထိပ်တန်းလျှို့ဝှက်ဒရုန်းစက်ရုံများကို လျင်မြန်စွာ တိုးချဲ့နေ

 897

Htay Oung (NP News) - မေ ၇

အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်ဖို့အတွက် အီရန်က လျင်မြန်စွာတိုးချဲ့နေတဲ့ ထိပ်တန်းလျှို့ဝှက် အခြေစိုက်စခန်းတစ်ခုမှာ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေဟာ စစ်ရေးလေ့ကျင့်ပေးနေတယ်လို့ ဗြိတိသျှ သတင်းစာ “ဒေးလီး တယ်လီဂရပ်ဖ်” က ၂ဝ၂၄ ခုနှစ် မေလ ၅ ရက်မှာ ဖွင့်ချလိုက်ပါတယ်။

အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ပေါက်ကြားလာတဲ့စာရွက်စာတမ်းများအရ အီရန်ရဲ့ မောင်းသူမဲ့ လေယာဉ်စက်ရုံအရေအတွက်ဟာ ၂၀၀၆ ခုနှစ် စတင်တည်ထောင်စကထက် အရွယ်အစား သုံးဆတိုးလာခဲ့တယ် လို့ ဆိုပါတယ်။

ဒရုန်းစက်ရုံများရဲ့ဗဟိုဌာနဟာ အီရန်နိုင်ငံအလယ်ပိုင်း ရှီယိုက်အစ္စလာမ်ဘာသာရဲ့ မြင့်မြတ်သန့်ရှင်းသော “အွမ်း” မြို့တော်မှ ငါးမိုင်အကွာမှာ တည်ရှိပြီး နိုင်ငံ့ဥသျှောင် အလီခါမေနီက တိုက်ရိုက်ကွပ်ကဲပါတယ်။ လေယာဉ်ပြေး လမ်းကိုလည်း မီတာ ၅ဝဝ မှ ယခုအခါ မီတာ ၁၅ဝဝအထိ တိုးချဲ့ထားပါတယ်။

အဓိကဒရုန်းထုတ်လုပ်သူ ကာ့ခ်လေကြောင်းပျံသန်းရေးကုမ္ပဏီက မောင်းသူမဲ့လေယာဉ် (UAV) များကို အရှိန် အဟုန်ကောင်းကောင်းနဲ့ အာရုံစိုက်ပြီး တီထွင်ထုတ်လုပ်ဖို့ အီရန်ခေါင်းဆောင်က အမိန့်ပေးခဲ့တာ ၂၀၀၄ ခုနှစ် ကတည်းက ဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းများအရ သိရှိရပါတယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန်က အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပေမယ့် ကာ့ခ်ကုမ္ပဏီ ပိုင် ဒရုန်းဌာနချုပ်ကတော့ ဆက်လက်တိုးချဲ့နိုင်ခဲ့ပါတယ်။ အဲဒီနေရာမှာ တည်ရှိနေတဲ့ ဥယျာဉ်ခြံ သီးနှံဆေးဖြန်း လေယာဉ်များအတွက် အငယ်စားလေဆိပ်တစ်ခုဟာ ၂၀၀၇ ခုနှစ်မှာ ပြေးလမ်းအရှည် မီတာ ၅၀၀ ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ မီတာ ၁၀၀၀ အထိ ချဲ့ထွင်လာခဲ့ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ မီတာ ၁၅၀၀ အထိ အရွယ်အစား ကြီးမားလာ ပြီး တာဝေးပျံဒရုန်းများကိုပင် ပစ်လွှတ်နိုင်စွမ်း ရှိလာခဲ့ပါတယ်။ ပြေးလမ်းဘေးရှိ လက်ရှိ အဆောက်အအုံအသစ် ကိုတော့ ၂၀၂၁ ခုနှစ်မှာ ထည့်သွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့တဲ့လက အစ္စရေးကို လေကြောင်းမှ ချေမှုန်းရာမှာ အဲဒီဌာနက အဓိက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

“အီရန် မိုဂျာဟေဒင် ဘာသာရေးစစ်သည်တော်များ အစည်းအရုံး” ကွန်ရက်က ကိုင်တွယ်ဆောင်ရွက်နေကြောင်း၊ “အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်မတော်” ပြည်တွင်း အစိတ်အပိုင်းအချို့မှ ရင်းမြစ်များ ပါဝင်ပြီး ယခုအချိန်အထိ လျှို့ဝှက်ထားဆဲဖြစ်တယ်လို့ ထောက်လှမ်းရေးသတင်းများက ဖော်ပြပါတယ်။ “ဂန်ဂီ နီစင်တာ” လို့ အမည်ရှိတဲ့ အဲဒီနေရာမှာ ဒေသတွင်း အကြမ်းဖက်ခေါင်းဆောင်များကို လက်ခံထားကြောင်း၊ အထူးသဖြင့် လက်ဘနွန် ဟစ်ဇ်ဘိုလာအကြမ်းဖက်အုပ်စုများ ရှိနေပြီး မျက်မှောက်ခေတ် အရှေ့အလယ်ပိုင်းဒေသတလွှားမှာ တိုက်ခိုက်ဖျက်ဆီးခြင်း ခံရနေရပါတယ်။

၂၄ နာရီအတွင်း မိုင် ၁,၀၀၀ အထိ ခရီးနှင်နိုင်တဲ့ တာဝေးပျံ “မိုဟာဂျား” တို့လို ဒရုန်းများကို စမ်းသပ်မောင်းနှင်ခြင်း လေ့ကျင့်ခြင်းအပြင် အဲဒီစင်တာဟာ ဒရုန်းထိန်းချုပ်မောင်းနှင်သူများအတွက် လေ့ကျင့်ရေးကွင်းလည်းဖြစ်နေပါ တယ်။ အီရန်အစိုးရအတွင်း ဒလန်များ သတင်းပေးပို့ချက်များအရ စစ်သွေးကြွတွေဟာ ၃ ယောက်မှ ၇ ယောက် အထိပါဝင်တဲ့ တိုက်ခိုက်ရေးသမားအုပ်စုငယ်များအဖြစ် လေ့ကျင့်သင်ယူလျက်ရှိတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် ဂါဇာကမ်းမြောင်ဒေသမှ ဟားမတ်စ်စစ်သွေးကြွများက အစ္စရေးကို ကျူးကျော် ဝင်ရောက်ခဲ့စဉ် အီရန် Proxy ကိုယ်စားပြု လက်ဘနွန်ပြည်သူ့စစ် ဟစ်ဇ်ဘိုလာတို့ဟာ ဂျူးနိုင်ငံကို ဒုတိယအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

၂ဝဝ၆ ခုနှစ် ဒုတိယလက်ဘနွန်စစ်ပွဲနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာခဲ့တဲ့ အဲဒီပဋိပက္ခမှာ အစ္စရေးပိုင်နက်အတွင်း ဒုံးကျည် ၃၅ဝဝ ကျော်ကို ပစ်လွှတ်ခံခဲ့ရပါတယ်။ နှစ်ဖက်စလုံးက စစ်သားများနဲ့ အရပ်သားအများအပြားတို့လည်း သေဆုံးဒဏ်ရာရရှိခဲ့ရပါတယ်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန် နေရပ်ပြန်ရန် အလားအလာမရှိတဲ့ အစ္စရေး နိုင်ငံသား ၁၀၀,၀၀၀ ကျော်တို့ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ပါတယ်။

“ပြုတ်ကျသည်အထိ အုံကြွခြင်း” အမည်ရှိ ဆိုင်ဘာဟက်ကာအုပ်စုက ဖော်ပြတဲ့အချက်အလက်များအရ အီရန် ကာကွယ်ရေးနဲ့ တပ်မတော်ထောက်ပံ့ပို့ဆောင်ရေး ဝန်ကြီးဌာနဟာ အွမ်းမြို့ မြောက်ဘက် ဂန်ဂီနီဒေသမှာ မြေ ဧက ၂၃၀၀ ကျော် (၃.၇ စတုရန်းမိုင်) ကို သိမ်းယူခဲ့တယ်လို့ သိရှိရပါတယ်။

အီရန်အစိုးရ ဆန့်ကျင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဗြိတိန်နိုင်ငံ အမျိုးသား ခုခံကာကွယ်ရေးကောင်စီ လက် ထောက်ညွှန်ကြားရေးမှူး ဟိုစိန် အဘီဒီနီက လတ်တလောဖြစ်ရပ်တွေအရ အရှေ့အလယ်ပိုင်းဒေသအတွင်း အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒကို ဦးဆောင်သူဟာ တီဟီရန် ဖြစ်ကြောင်း ပြသနေတယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့လမှာ အီရန်က အစ္စရေးကို ဒရုန်း ၃၅၀ ကျော် ဒုံးကျည်အစင်းရေ ၃၅၀ ကျော်နဲ့ ပစ်လွှတ်ခဲ့တာကို ကြည့်ရင် အလွယ်သိနိုင်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအများစုကို အစ္စရေးနဲ့ အမေရိကန်ဦးဆောင်ညွန့်ပေါင်းအဖွဲ့တို့က ကြားဖြတ်ဟန့်တားခဲ့ပေမယ့် မဟာရန်သူတော် ဂျူးကြီး ဂယောင်ခြောက်ခြားဖြစ်သွားစေမယ့် နောက်ထပ်စမ်းသပ်မှုတစ်ခုမျှသာဖြစ်ကြောင်း အီရန်က ခနဲ့တဲ့တဲ့ ပြောခဲ့ပါတယ်။

အီရန်အနေနဲ့ နိုင်ငံရပ်ခြားမှာ ပြဿနာဖန်တီးလာခြင်းဟာ ပြည်တွင်း မငြိမ်မသက်မှုများကို အာရုံပြောင်းသွား စေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ ၂၀၂၂-ခုနှစ်တုန်းက ဟီဂျဘ်ဝတ်ဆင်မှု စည်းမျဉ်းများကို ချိုးဖောက်ကြောင်း စွပ်စွဲ ချက်နဲ့ စာရိတ္တထိန်းသိမ်းရေး ရဲများ ချုပ်နှောင်ထားစဉ် မာရှာအမီနီ သေဆုံးခဲ့ရကြောင်း၊ ဒီအတွက် အီရန် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုဖြစ်ပေါ်ခဲ့ပြီး တအုံ့နွေးနွေး ရှိနေဆဲဖြစ်ကြောင်း လက်ထောက်ညွှန့်ကြားရေးမှူး က ရှင်းပြပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ရုရှားနိုင်ငံက အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဒရုန်းတွေ ပေးအပ်တဲ့အတွက် အီရန်အပေါ် အမေရိကန်နဲ့ အနောက်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ ဒါကို ပင် အီရန်အစိုးရခေါင်းဆောင် အလီခါမေနီတစ်ယောက် ကျေနပ်အားရနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက တီဟီရန် အပေါ် ထိထိရောက်ရောက်အရေးမယူခြင်းနဲ့ သူ့အစိုးရရဲ့ဆိုးရွားတဲ့လုပ်ရပ်များအတွက် ဆိုးရွားတဲ့ အကျိုးဆက် များ မရှိခြင်းတို့ကြောင့် သူ့ကိုယ်သူ ယုံကြည်လာတယ်လို့ အဘီဒီနီက ဆိုပါတယ်။

အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်စာရင်းထဲ ထည့်သွင်းရန် အချိန်တန်ပြီဖြစ်ကြောင်း၊ ဒီကိစ္စဟာ ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လိုအပ်နေတဲ့ ရှေ့ပြေး ပွင့်လင်းမြင်သာမှုဖြစ်တယ်လို့ မှတ်ချက် ပေးပါတယ်။

လက်ဘနွန် ဟစ်ဇ်ဘိုလာနဲ့ ယီမင် ဟူသီတို့ထံ ဒရုန်းများ မစ်ဆိုင်းလ်များ ထောက်ပံ့ပေးခြင်းဟာ အီရန်အနေနဲ့ သူတို့ စစ်လက်နက်တွေရဲ့ ဒီဇိုင်းပုံစံ၊ လုပ်ဆောင်နိုင်စွမ်း၊ တိကျသေချာမှုတို့ကို အကဲဖြတ်ဖို့အတွက် လူ့အသက် အိုးအိမ်များနဲ့ လက်တွေ့စမ်းသပ်ခွင့် ရရှိနေတယ်လို့ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာမဟာဗျူဟာ လေ့လာရေး အင်စတီကျု့ (IISS) မှ အကြီးတန်း သုတေသနအဖွဲ့ဝင် ဒေါက်ဂလပ်စ် ဘာရီက သုံးသပ်ပါတယ်။

ဒီလုပ်ရပ်ကို ခွင့်ပြုထားမယ်ဆိုရင် တီဟီရန်အနေနဲ့ သူ့ရဲ့အစွမ်းတွေကို ဒေသတွင်း ပါဝင်ပတ်သက်သူ ကွန်ရက် တွေလက်ထဲ လွှဲအပ်နေသလိုဖြစ်ပြီး သူစိတ်ထင်တိုင်း ကြဲတော့မှာ ဖြစ်ကြောင်း၊ ဒေသတွင်း ပြိုင်ဘက်အချို့အပေါ် ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာနိုင်တယ်လို့ အကြီးတန်းသုတေသနအဖွဲ့ဝင်က ပြောပါတယ်။

#အီရန်ထိပ်တန်းလျှို့ဝှက်ဒရုန်းစက်ရုံများ #လက်ဘနွန်ဟစ်ဇ်လာ #ယီမင်ဟူသီ #အလီခါမေနီ #အစ္စရေး #မာရှာအမီနီ #မိုဟာဂျားဒရုန်း #ဘာသာရေးစစ်သည်တော် #ကာ့ခ်လေကြောင်းပျံသန်းရေးကုမ္ပဏီ
(Telegraph., 5 May 2024,” Revealed: Iran’s rapidly expanding top secret drone factory where Hezbollah is trained” ကို #HtayOung, #OungMarine” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အီရန္က အစၥေရးကို တိုက္ခိုက္ရန္ ထိပ္တန္းလွ်ိဳ႕ဝွက္ဒ႐ုန္းစက္႐ုံမ်ားကို လ်င္ျမန္စြာ တိုးခ်ဲ႕ေန
Htay Oung (NP News) - ေမ ၇

အစၥေရးႏိုင္ငံေျမာက္ပိုင္းကို ဒ႐ုန္းနဲ႔တိုက္ခိုက္ဖို႔အတြက္ အီရန္က လ်င္ျမန္စြာတိုးခ်ဲ႕ေနတဲ့ ထိပ္တန္းလွ်ိဳ႕ဝွက္ အေျခစိုက္စခန္းတစ္ခုမွာ ဟစ္ဇ္ဘိုလာတိုက္ခိုက္ေရးသမားေတြဟာ စစ္ေရးေလ့က်င့္ေပးေနတယ္လို႔ ၿဗိတိသွ် သတင္းစာ “ေဒးလီး တယ္လီဂရပ္ဖ္” က ၂ဝ၂၄ ခုႏွစ္ ေမလ ၅ ရက္မွာ ဖြင့္ခ်လိုက္ပါတယ္။

အစၥလာမ္မစ္ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) ရဲ႕ေပါက္ၾကားလာတဲ့စာ႐ြက္စာတမ္းမ်ားအရ အီရန္ရဲ႕ ေမာင္းသူမဲ့ ေလယာဥ္စက္႐ုံအေရအတြက္ဟာ ၂၀၀၆ ခုႏွစ္ စတင္တည္ေထာင္စကထက္ အ႐ြယ္အစား သုံးဆတိုးလာခဲ့တယ္ လို႔ ဆိုပါတယ္။

ဒ႐ုန္းစက္႐ုံမ်ားရဲ႕ဗဟိုဌာနဟာ အီရန္ႏိုင္ငံအလယ္ပိုင္း ရွီယိုက္အစၥလာမ္ဘာသာရဲ႕ ျမင့္ျမတ္သန႔္ရွင္းေသာ “အြမ္း” ၿမိဳ႕ေတာ္မွ ငါးမိုင္အကြာမွာ တည္ရွိၿပီး ႏိုင္ငံ့ဥေသွ်ာင္ အလီခါေမနီက တိုက္႐ိုက္ကြပ္ကဲပါတယ္။ ေလယာဥ္ေျပး လမ္းကိုလည္း မီတာ ၅ဝဝ မွ ယခုအခါ မီတာ ၁၅ဝဝအထိ တိုးခ်ဲ႕ထားပါတယ္။

အဓိကဒ႐ုန္းထုတ္လုပ္သူ ကာ့ခ္ေလေၾကာင္းပ်ံသန္းေရးကုမၸဏီက ေမာင္းသူမဲ့ေလယာဥ္ (UAV) မ်ားကို အရွိန္ အဟုန္ေကာင္းေကာင္းနဲ႔ အာ႐ုံစိုက္ၿပီး တီထြင္ထုတ္လုပ္ဖို႔ အီရန္ေခါင္းေဆာင္က အမိန႔္ေပးခဲ့တာ ၂၀၀၄ ခုႏွစ္ ကတည္းက ျဖစ္ေၾကာင္း ေထာက္လွမ္းေရးသတင္းမ်ားအရ သိရွိရပါတယ္။

၂၀၁၃ ခုႏွစ္ ဒီဇင္ဘာလမွာ အေမရိကန္က အီရန္အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့ေပမယ့္ ကာ့ခ္ကုမၸဏီ ပိုင္ ဒ႐ုန္းဌာနခ်ဳပ္ကေတာ့ ဆက္လက္တိုးခ်ဲ႕ႏိုင္ခဲ့ပါတယ္။ အဲဒီေနရာမွာ တည္ရွိေနတဲ့ ဥယ်ာဥ္ၿခံ သီးႏွံေဆးျဖန္း ေလယာဥ္မ်ားအတြက္ အငယ္စားေလဆိပ္တစ္ခုဟာ ၂၀၀၇ ခုႏွစ္မွာ ေျပးလမ္းအရွည္ မီတာ ၅၀၀ ရွိခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ မီတာ ၁၀၀၀ အထိ ခ်ဲ႕ထြင္လာခဲ့ပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္မွာ မီတာ ၁၅၀၀ အထိ အ႐ြယ္အစား ႀကီးမားလာ ၿပီး တာေဝးပ်ံဒ႐ုန္းမ်ားကိုပင္ ပစ္လႊတ္ႏိုင္စြမ္း ရွိလာခဲ့ပါတယ္။ ေျပးလမ္းေဘးရွိ လက္ရွိ အေဆာက္အအုံအသစ္ ကိုေတာ့ ၂၀၂၁ ခုႏွစ္မွာ ထည့္သြင္းတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း ၿပီးခဲ့တဲ့လက အစၥေရးကို ေလေၾကာင္းမွ ေခ်မႈန္းရာမွာ အဲဒီဌာနက အဓိက တာဝန္ယူေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါတယ္။

“အီရန္ မိုဂ်ာေဟဒင္ ဘာသာေရးစစ္သည္ေတာ္မ်ား အစည္းအ႐ုံး” ကြန္ရက္က ကိုင္တြယ္ေဆာင္႐ြက္ေနေၾကာင္း၊ “အီရန္အစၥလာမ္မစ္ေတာ္လွန္ေရး အေစာင့္တပ္မေတာ္” ျပည္တြင္း အစိတ္အပိုင္းအခ်ိဳ႕မွ ရင္းျမစ္မ်ား ပါဝင္ၿပီး ယခုအခ်ိန္အထိ လွ်ိဳ႕ဝွက္ထားဆဲျဖစ္တယ္လို႔ ေထာက္လွမ္းေရးသတင္းမ်ားက ေဖာ္ျပပါတယ္။ “ဂန္ဂီ နီစင္တာ” လို႔ အမည္ရွိတဲ့ အဲဒီေနရာမွာ ေဒသတြင္း အၾကမ္းဖက္ေခါင္းေဆာင္မ်ားကို လက္ခံထားေၾကာင္း၊ အထူးသျဖင့္ လက္ဘႏြန္ ဟစ္ဇ္ဘိုလာအၾကမ္းဖက္အုပ္စုမ်ား ရွိေနၿပီး မ်က္ေမွာက္ေခတ္ အေရွ႕အလယ္ပိုင္းေဒသတလႊားမွာ တိုက္ခိုက္ဖ်က္ဆီးျခင္း ခံရေနရပါတယ္။

၂၄ နာရီအတြင္း မိုင္ ၁,၀၀၀ အထိ ခရီးႏွင္ႏိုင္တဲ့ တာေဝးပ်ံ “မိုဟာဂ်ား” တို႔လို ဒ႐ုန္းမ်ားကို စမ္းသပ္ေမာင္းႏွင္ျခင္း ေလ့က်င့္ျခင္းအျပင္ အဲဒီစင္တာဟာ ဒ႐ုန္းထိန္းခ်ဳပ္ေမာင္းႏွင္သူမ်ားအတြက္ ေလ့က်င့္ေရးကြင္းလည္းျဖစ္ေနပါ တယ္။ အီရန္အစိုးရအတြင္း ဒလန္မ်ား သတင္းေပးပို႔ခ်က္မ်ားအရ စစ္ေသြးႂကြေတြဟာ ၃ ေယာက္မွ ၇ ေယာက္ အထိပါဝင္တဲ့ တိုက္ခိုက္ေရးသမားအုပ္စုငယ္မ်ားအျဖစ္ ေလ့က်င့္သင္ယူလ်က္ရွိတယ္လို႔ ဆိုပါတယ္။

လြန္ခဲ့တဲ့ႏွစ္ ေအာက္တိုဘာ ၇ ရက္ ဂါဇာကမ္းေျမာင္ေဒသမွ ဟားမတ္စ္စစ္ေသြးႂကြမ်ားက အစၥေရးကို က်ဴးေက်ာ္ ဝင္ေရာက္ခဲ့စဥ္ အီရန္ Proxy ကိုယ္စားျပဳ လက္ဘႏြန္ျပည္သူ႔စစ္ ဟစ္ဇ္ဘိုလာတို႔ဟာ ဂ်ဴးႏိုင္ငံကို ဒုတိယအႀကိမ္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ပါတယ္။

၂ဝဝ၆ ခုႏွစ္ ဒုတိယလက္ဘႏြန္စစ္ပြဲေနာက္ပိုင္း အဆိုး႐ြားဆုံးျဖစ္လာခဲ့တဲ့ အဲဒီပဋိပကၡမွာ အစၥေရးပိုင္နက္အတြင္း ဒုံးက်ည္ ၃၅ဝဝ ေက်ာ္ကို ပစ္လႊတ္ခံခဲ့ရပါတယ္။ ႏွစ္ဖက္စလုံးက စစ္သားမ်ားနဲ႔ အရပ္သားအမ်ားအျပားတို႔လည္း ေသဆုံးဒဏ္ရာရရွိခဲ့ရပါတယ္။ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနခ်ိန္ ေနရပ္ျပန္ရန္ အလားအလာမရွိတဲ့ အစၥေရး ႏိုင္ငံသား ၁၀၀,၀၀၀ ေက်ာ္တို႔ကို အိုးအိမ္စြန႔္ခြာ ထြက္ေျပးေစခဲ့ပါတယ္။

“ျပဳတ္က်သည္အထိ အုံႂကြျခင္း” အမည္ရွိ ဆိုင္ဘာဟက္ကာအုပ္စုက ေဖာ္ျပတဲ့အခ်က္အလက္မ်ားအရ အီရန္ ကာကြယ္ေရးနဲ႔ တပ္မေတာ္ေထာက္ပံ့ပို႔ေဆာင္ေရး ဝန္ႀကီးဌာနဟာ အြမ္းၿမိဳ႕ ေျမာက္ဘက္ ဂန္ဂီနီေဒသမွာ ေျမ ဧက ၂၃၀၀ ေက်ာ္ (၃.၇ စတုရန္းမိုင္) ကို သိမ္းယူခဲ့တယ္လို႔ သိရွိရပါတယ္။

အီရန္အစိုးရ ဆန႔္က်င္ေရးအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ၿဗိတိန္ႏိုင္ငံ အမ်ိဳးသား ခုခံကာကြယ္ေရးေကာင္စီ လက္ ေထာက္ၫႊန္ၾကားေရးမႉး ဟိုစိန္ အဘီဒီနီက လတ္တေလာျဖစ္ရပ္ေတြအရ အေရွ႕အလယ္ပိုင္းေဒသအတြင္း အၾကမ္းဖက္မႈနဲ႔ အၾကမ္းဖက္ဝါဒကို ဦးေဆာင္သူဟာ တီဟီရန္ ျဖစ္ေၾကာင္း ျပသေနတယ္လို႔ ေျပာပါတယ္။ လြန္ခဲ့တဲ့လမွာ အီရန္က အစၥေရးကို ဒ႐ုန္း ၃၅၀ ေက်ာ္ ဒုံးက်ည္အစင္းေရ ၃၅၀ ေက်ာ္နဲ႔ ပစ္လႊတ္ခဲ့တာကို ၾကည့္ရင္ အလြယ္သိႏိုင္တယ္လို႔ ဆိုပါတယ္။

ပစ္ခတ္မႈအမ်ားစုကို အစၥေရးနဲ႔ အေမရိကန္ဦးေဆာင္ၫြန႔္ေပါင္းအဖြဲ႕တို႔က ၾကားျဖတ္ဟန႔္တားခဲ့ေပမယ့္ မဟာရန္သူေတာ္ ဂ်ဴးႀကီး ဂေယာင္ေျခာက္ျခားျဖစ္သြားေစမယ့္ ေနာက္ထပ္စမ္းသပ္မႈတစ္ခုမွ်သာျဖစ္ေၾကာင္း အီရန္က ခနဲ႔တဲ့တဲ့ ေျပာခဲ့ပါတယ္။

အီရန္အေနနဲ႔ ႏိုင္ငံရပ္ျခားမွာ ျပႆနာဖန္တီးလာျခင္းဟာ ျပည္တြင္း မၿငိမ္မသက္မႈမ်ားကို အာ႐ုံေျပာင္းသြား ေစရန္ ႀကိဳးပမ္းျခင္းျဖစ္ေၾကာင္း၊ ၂၀၂၂-ခုႏွစ္တုန္းက ဟီဂ်ဘ္ဝတ္ဆင္မႈ စည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ေၾကာင္း စြပ္စြဲ ခ်က္နဲ႔ စာရိတၱထိန္းသိမ္းေရး ရဲမ်ား ခ်ဳပ္ေႏွာင္ထားစဥ္ မာရွာအမီနီ ေသဆုံးခဲ့ရေၾကာင္း၊ ဒီအတြက္ အီရန္ အစိုးရဆန႔္က်င္ေရး လူထုအုံႂကြမႈျဖစ္ေပၚခဲ့ၿပီး တအုံ႔ေႏြးေႏြး ရွိေနဆဲျဖစ္ေၾကာင္း လက္ေထာက္ၫႊန႔္ၾကားေရးမႉး က ရွင္းျပပါတယ္။

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္တဲ့ ႐ုရွားႏိုင္ငံက အရပ္ဘက္ ပစ္မွတ္ေတြကို တိုက္ခိုက္ရာမွာ အသုံးျပဳတဲ့ ဒ႐ုန္းေတြ ေပးအပ္တဲ့အတြက္ အီရန္အေပၚ အေမရိကန္နဲ႔ အေနာက္အုပ္စုက ဒဏ္ခတ္ပိတ္ဆို႔ထားပါတယ္။ ဒါကို ပင္ အီရန္အစိုးရေခါင္းေဆာင္ အလီခါေမနီတစ္ေယာက္ ေက်နပ္အားရေနၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းက တီဟီရန္ အေပၚ ထိထိေရာက္ေရာက္အေရးမယူျခင္းနဲ႔ သူ႔အစိုးရရဲ႕ဆိုး႐ြားတဲ့လုပ္ရပ္မ်ားအတြက္ ဆိုး႐ြားတဲ့ အက်ိဳးဆက္ မ်ား မရွိျခင္းတို႔ေၾကာင့္ သူ႔ကိုယ္သူ ယုံၾကည္လာတယ္လို႔ အဘီဒီနီက ဆိုပါတယ္။

အီရန္ အစၥလာမ္မစ္ေတာ္လွန္ေရးအေစာင့္တပ္ကို အၾကမ္းဖက္စာရင္းထဲ ထည့္သြင္းရန္ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း၊ ဒီကိစၥဟာ ေဒသတြင္းနဲ႔ ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ လိုအပ္ေနတဲ့ ေရွ႕ေျပး ပြင့္လင္းျမင္သာမႈျဖစ္တယ္လို႔ မွတ္ခ်က္ ေပးပါတယ္။

လက္ဘႏြန္ ဟစ္ဇ္ဘိုလာနဲ႔ ယီမင္ ဟူသီတို႔ထံ ဒ႐ုန္းမ်ား မစ္ဆိုင္းလ္မ်ား ေထာက္ပံ့ေပးျခင္းဟာ အီရန္အေနနဲ႔ သူတို႔ စစ္လက္နက္ေတြရဲ႕ ဒီဇိုင္းပုံစံ၊ လုပ္ေဆာင္ႏိုင္စြမ္း၊ တိက်ေသခ်ာမႈတို႔ကို အကဲျဖတ္ဖို႔အတြက္ လူ႔အသက္ အိုးအိမ္မ်ားနဲ႔ လက္ေတြ႕စမ္းသပ္ခြင့္ ရရွိေနတယ္လို႔ လန္ဒန္အေျခစိုက္ အျပည္ျပည္ဆိုင္ရာမဟာဗ်ဴဟာ ေလ့လာေရး အင္စတီက်ဳ႕ (IISS) မွ အႀကီးတန္း သုေတသနအဖြဲ႕ဝင္ ေဒါက္ဂလပ္စ္ ဘာရီက သုံးသပ္ပါတယ္။

ဒီလုပ္ရပ္ကို ခြင့္ျပဳထားမယ္ဆိုရင္ တီဟီရန္အေနနဲ႔ သူ႔ရဲ႕အစြမ္းေတြကို ေဒသတြင္း ပါဝင္ပတ္သက္သူ ကြန္ရက္ ေတြလက္ထဲ လႊဲအပ္ေနသလိုျဖစ္ၿပီး သူစိတ္ထင္တိုင္း ႀကဲေတာ့မွာ ျဖစ္ေၾကာင္း၊ ေဒသတြင္း ၿပိဳင္ဘက္အခ်ိဳ႕အေပၚ ဆိုးဆိုး႐ြား႐ြား ၿခိမ္းေျခာက္လာႏိုင္တယ္လို႔ အႀကီးတန္းသုေတသနအဖြဲ႕ဝင္က ေျပာပါတယ္။

#အီရန္ထိပ္တန္းလွ်ိဳ႕ဝွက္ဒ႐ုန္းစက္႐ုံမ်ား #လက္ဘႏြန္ဟစ္ဇ္လာ #ယီမင္ဟူသီ #အလီခါေမနီ #အစၥေရး #မာရွာအမီနီ #မိုဟာဂ်ားဒ႐ုန္း #ဘာသာေရးစစ္သည္ေတာ္ #ကာ့ခ္ေလေၾကာင္းပ်ံသန္းေရးကုမၸဏီ
(Telegraph., 5 May 2024,” Revealed: Iran’s rapidly expanding top secret drone factory where Hezbollah is trained” ကို #HtayOung, #OungMarine” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.