ထိုင်ဝမ်သမ္မတအသစ်တက်လာချိန်မှာဖြစ်ပေါ်လာနိုင်တဲ့ တရုတ်ရဲ့လှုပ်ရှားမှုတွေအတွက် အသင့်ပြင်ထားတယ်လို့ ထိုင်ဝမ်စစ်ဘက်ပြော

 474

Pika (NP News) - မေ ၈

ထိုင်ဝမ်ရွေးကောက်ခံသမ္မတလိုင်ချန်တေး သမ္မတအဖြစ် တာဝန်ယူချိန်မှာဖြစ်ပေါ်လာနိုင်တဲ့ တရုတ်ဘက်က လှုပ်ရှားမှုတွေအားလုံးအတွက် ထိုင်ဝမ်စစ်တပ်က အဆင်သင့်ပြင်ထားတယ်လို့ ကာကွယ်ရေးဒုဝန်ကြီး Po Horng-huei က မေလ(၈)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်အစိုးရဟာ ရွေးကောက်ခံသမ္မတလိုင်ချန်တေးကို အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားတစ်ဦးလို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ လက်ရှိ သမ္မတဆိုင်အမ်ဝမ်လိုပဲ ရွေးကောက်ခံသမ္မတလိုင်ချန်တေးဟာ ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားတာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ထိုင်ဝမ်ကျွန်းပြည်သူတွေကသာ ၎င်းတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ဆိုင်အမ်ဝမ်နဲ့လိုင်ချန်တေးတို့ နှစ်ဦးစလုံးက ပြောဆိုထားကြပါတယ်။ရွေးကောက်ခံသမ္မတဖြစ်တဲ့ လိုင်ချန်တေးဟာ လာမယ့်မေလ(၂၀)ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျန်ဆိုမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကာကွယ်ရေးဒုဝန်ကြီး Po Horng-huei က'မေလ(၂၀)ရက်နေ့ မတိုင်ခင်နဲ့ မေလ(၂၀)ရက်နေ့ နောက်ပိုင်းမှာ ထိုင်ဝမ်စစ်တပ်ဟာ တိုက်ပွဲဝင်ဖို့အတွက် အဆင်သင့်ပြင်ထားမှာဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မထိခိုက်စေဖို့ အာရုံစိုက်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားနဲ့ အနီးတစ်ဝိုက်မှာ တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာ အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေတယ်လို့ Po Horng-huei ကပြောဆိုခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်။

zawgyi version
ထိုင္ဝမ္သမၼတအသစ္တက္လာခ်ိန္မွာျဖစ္ေပၚလာႏိုင္တဲ့ တ႐ုတ္ရဲ႕လႈပ္ရွားမႈေတြအတြက္ အသင့္ျပင္ထားတယ္လို႔ ထိုင္ဝမ္စစ္ဘက္ေျပာ
Pika (NP News) - ေမ ၈

ထိုင္ဝမ္ေ႐ြးေကာက္ခံသမၼတလိုင္ခ်န္ေတး သမၼတအျဖစ္ တာဝန္ယူခ်ိန္မွာျဖစ္ေပၚလာႏိုင္တဲ့ တ႐ုတ္ဘက္က လႈပ္ရွားမႈေတြအားလုံးအတြက္ ထိုင္ဝမ္စစ္တပ္က အဆင္သင့္ျပင္ထားတယ္လို႔ ကာကြယ္ေရးဒုဝန္ႀကီး Po Horng-huei က ေမလ(၈)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ထိုင္ဝမ္ကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားတဲ့ တ႐ုတ္အစိုးရဟာ ေ႐ြးေကာက္ခံသမၼတလိုင္ခ်န္ေတးကို အႏၲရာယ္ရွိတဲ့ ခြဲထြက္ေရးသမားတစ္ဦးလို႔ သတ္မွတ္ထားတာလည္းျဖစ္ပါတယ္။ လက္ရွိ သမၼတဆိုင္အမ္ဝမ္လိုပဲ ေ႐ြးေကာက္ခံသမၼတလိုင္ခ်န္ေတးဟာ ထိုင္ဝမ္နဲ႔ပတ္သက္ၿပီး တ႐ုတ္ရဲ႕အခ်ဳပ္အျခာအာဏာပိုင္ဆိုင္ခြင့္ေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားတာလည္း ျဖစ္ပါတယ္။ ဒါ့ျပင္ ထိုင္ဝမ္ကြၽန္းျပည္သူေတြကသာ ၎တို႔ရဲ႕အနာဂတ္ကို ဆုံးျဖတ္ႏိုင္တယ္လို႔ ဆိုင္အမ္ဝမ္နဲ႔လိုင္ခ်န္ေတးတို႔ ႏွစ္ဦးစလုံးက ေျပာဆိုထားၾကပါတယ္။ေ႐ြးေကာက္ခံသမၼတျဖစ္တဲ့ လိုင္ခ်န္ေတးဟာ လာမယ့္ေမလ(၂၀)ရက္ေန႔မွာ သမၼတအျဖစ္ က်မ္းသစၥာက်န္ဆိုမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ကာကြယ္ေရးဒုဝန္ႀကီး Po Horng-huei က'ေမလ(၂၀)ရက္ေန႔ မတိုင္ခင္နဲ႔ ေမလ(၂၀)ရက္ေန႔ ေနာက္ပိုင္းမွာ ထိုင္ဝမ္စစ္တပ္ဟာ တိုက္ပြဲဝင္ဖို႔အတြက္ အဆင္သင့္ျပင္ထားမွာျဖစ္ၿပီး ေဒသတြင္းၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို မထိခိုက္ေစဖို႔ အာ႐ုံစိုက္သြားမွာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။

ထိုင္ဝမ္ေရလက္ၾကားနဲ႔ အနီးတစ္ဝိုက္မွာ တ႐ုတ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြဟာ အင္ဒို-ပစိဖိတ္ေဒသတစ္ခုလုံးကို မတည္မၿငိမ္ျဖစ္ေစတယ္လို႔ Po Horng-huei ကေျပာဆိုခဲ့ပါတယ္။ အဲဒီထုတ္ျပန္ခ်က္ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္းသိရပါတယ္။

Related news

© 2021. All rights reserved.