မြန်မာနိုင်ငံရှိ တိရစ္ဆာန်များထဲတွင် လူအများ၏ ချစ်ခင်မှုကို မကြုံစဖူး ကာလရှည်စွာ ရရှိနေသော ဆင်မကြီးမိုမို၏ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီဟုဆို

 3745

စော (NP News) - မေ ၉

မြန်မာနိုင်ငံရှိ တိရစ္ဆာန်များထဲတွင် လူအများ၏ချစ်ခင်မှုကို မကြုံစဖူး ကာလရှည်စွာ ရရှိနေ သော ဆင်မကြီးမိုမို၏ ကျန်းမာရေးမှာ လက်ရှိတွင် ကောင်းမွန်နေပြီဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းက NP News ကို ပြောသည်။

လွိုင်ကော်ဒေသရှိ တောနက်ထဲတွင် ဆင်အုပ်နှင့်ကွဲကွာနေသော မိုမိုကို ဦးခွန်ဆန္ဒက တွေ့ရှိ ခဲ့ပြီးနောက် ခေါ်ဆောင်ကာ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွင်လုပ်ဆောင်ရန် သင်ကြားပေးခဲ့သော်လည်း ပိုင်ရှင်ဖြစ်သူက ၁၉၆၁ ခုနှစ်တွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ပြီးနောက် ဆင်မကြီးမိုမိုသည် လာရောက်လည်ပတ်ကြသော ဧည့်သည်များကို နှစ်ပေါင်း (၅၅) နှစ်တိုင်တိုင် ကပြဖျော်ဖြေခြင်းနှင့် ဘောလုံးစွမ်းရည်ပြသခြင်းတို့ဖြင့် ဖျော်ဖြေခဲ့ပြီး ၁၉၉၄ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်တွင် ပြုလုပ်သော ဗုဒ္ဓမြတ်စွယ် တော် စီတန်းလှည့်လည်သည့် နိုင်ငံတော်အခမ်းအနားများတွင်လည်း ပါဝင်ခဲ့ကာ ၂၀၁၆ ခုနှစ်တွင် အနားယူခဲ့ကြောင်း သိရသည်။

‘‘ဆင်မကြီးမိုမိုရဲ့ လက်ရှိကျန်း မာရေးအခြေအနေက ၉၀ ရာခိုင်နှုန်းလောက် အားလုံးကောင်း သွားပါပြီ။ သက်ဆိုင်ရာမြေပြင်မှာလည်း လာကြည့်လို့ရပါတယ်။ ခုတော့ ဆင်မကြီးမိုမိုက ကျန်းမာလျက် ရှိပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းက ပြောသည်။

လက်ရှိတွင် ဆင်မကြီးမိုမို အသက်မှာ (၇၁)နှစ်သို့ ရောက်နေပြီဖြစ်ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက သက်ကြီးဆင်များ၌ ဖြစ်လေ့ရှိသော ခြေသည်းအထက်ပိုင်းတွင် ကြွက်နို့သဏ္ဌာန်ထွက် ပေါ်လာသည်ကိုတွေ့ရသဖြင့် လိုအပ်သောဆေးဝါးကုသမှုများကို နေ့စဉ်မပြတ်ပြုစုဆောင်ရွက်ခဲ့ရ ကြောင်း သိရသည်။ ထို့ကြောင့် မိုမိုအတွက် လိုအပ်သော ဖြည့်စွက်စာများနှင့် ကြိုက်နှစ်သက် သောအစာများကို ပိုမိုကျွေးမွေးခြင်း၊ အိပ်ချိန်တွင် သက်သောင့်သက်သာဖြစ်စေရန် မြေကြီးပေါ်တွင် အိပ်စက်စေခြင်း စသည့်တို့ကို အနီးကပ် ကျွေးမွေးပြုစုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံရွိ တိရစာၦန္မ်ားထဲတြင္ လူအမ်ား၏ ခ်စ္ခင္မႈကို မႀကဳံစဖူး ကာလရွည္စြာ ရရွိေနေသာ ဆင္မႀကီးမိုမို၏က်န္းမာေရး ျပန္လည္ေကာင္းမြန္ေနၿပီဟုဆို
ေစာ (NP News) - ေမ ၉

ျမန္မာႏိုင္ငံရွိ တိရစာၦန္မ်ားထဲတြင္ လူအမ်ား၏ခ်စ္ခင္မႈကို မႀကဳံစဖူး ကာလရွည္စြာ ရရွိေန ေသာ ဆင္မႀကီးမိုမို၏ က်န္းမာေရးမွာ လက္ရွိတြင္ ေကာင္းမြန္ေနၿပီျဖစ္ေၾကာင္း တိရစာၦန္ဥယ်ာဥ္(ရန္ကုန္)မွ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းျမင့္ထြန္းက NP News ကို ေျပာသည္။

လြိဳင္ေကာ္ေဒသရွိ ေတာနက္ထဲတြင္ ဆင္အုပ္ႏွင့္ကြဲကြာေနေသာ မိုမိုကို ဦးခြန္ဆႏၵက ေတြ႕ရွိ ခဲ့ၿပီးေနာက္ ေခၚေဆာင္ကာ သစ္ထုတ္လုပ္ေရးလုပ္ငန္းတြင္လုပ္ေဆာင္ရန္ သင္ၾကားေပးခဲ့ေသာ္လည္း ပိုင္ရွင္ျဖစ္သူက ၁၉၆၁ ခုႏွစ္တြင္ တိရစာၦန္ဥယ်ာဥ္ (ရန္ကုန္)သို႔ လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တိရစာၦန္ဥယ်ာဥ္သို႔ ေရာက္ၿပီးေနာက္ ဆင္မႀကီးမိုမိုသည္ လာေရာက္လည္ပတ္ၾကေသာ ဧည့္သည္မ်ားကို ႏွစ္ေပါင္း (၅၅) ႏွစ္တိုင္တိုင္ ကျပေဖ်ာ္ေျဖျခင္းႏွင့္ ေဘာလုံးစြမ္းရည္ျပသျခင္းတို႔ျဖင့္ ေဖ်ာ္ေျဖခဲ့ၿပီး ၁၉၉၄ ခုႏွစ္ႏွင့္ ၁၉၉၆ ခုႏွစ္တြင္ ျပဳလုပ္ေသာ ဗုဒၶျမတ္စြယ္ ေတာ္ စီတန္းလွည့္လည္သည့္ ႏိုင္ငံေတာ္အခမ္းအနားမ်ားတြင္လည္း ပါဝင္ခဲ့ကာ ၂၀၁၆ ခုႏွစ္တြင္ အနားယူခဲ့ေၾကာင္း သိရသည္။

‘‘ဆင္မႀကီးမိုမိုရဲ႕ လက္ရွိက်န္း မာေရးအေျခအေနက ၉၀ ရာခိုင္ႏႈန္းေလာက္ အားလုံးေကာင္း သြားပါၿပီ။ သက္ဆိုင္ရာေျမျပင္မွာလည္း လာၾကည့္လို႔ရပါတယ္။ ခုေတာ့ ဆင္မႀကီးမိုမိုက က်န္းမာလ်က္ ရွိပါတယ္” ဟု အုပ္ခ်ဳပ္ေရးမႉး ဦးသန္းျမင့္ထြန္းက ေျပာသည္။

လက္ရွိတြင္ ဆင္မႀကီးမိုမို အသက္မွာ (၇၁)ႏွစ္သို႔ ေရာက္ေနၿပီျဖစ္ရာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလပိုင္းက သက္ႀကီးဆင္မ်ား၌ ျဖစ္ေလ့ရွိေသာ ေျခသည္းအထက္ပိုင္းတြင္ ႂကြက္ႏို႔သဏၭာန္ထြက္ ေပၚလာသည္ကိုေတြ႕ရသျဖင့္ လိုအပ္ေသာေဆးဝါးကုသမႈမ်ားကို ေန႔စဥ္မျပတ္ျပဳစုေဆာင္႐ြက္ခဲ့ရ ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ မိုမိုအတြက္ လိုအပ္ေသာ ျဖည့္စြက္စာမ်ားႏွင့္ ႀကိဳက္ႏွစ္သက္ ေသာအစာမ်ားကို ပိုမိုေကြၽးေမြးျခင္း၊ အိပ္ခ်ိန္တြင္ သက္ေသာင့္သက္သာျဖစ္ေစရန္ ေျမႀကီးေပၚတြင္ အိပ္စက္ေစျခင္း စသည့္တို႔ကို အနီးကပ္ ေကြၽးေမြးျပဳစုေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.