ယခုနှစ်ကုန်မှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းတော့မယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

 568

Pika (NP News) - မေ ၉

ထိုင်းနိုင်ငံဟာ ယခုနှစ်ကုန်မှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းတော့မယ်လို့ ထိုင်းဝန်ကြီးချုပ်ဆာရက်တာသာဗီဆင်က မေလ(၈)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို အပန်းဖြေရာမှာအသုံးပြုခွင့်ပေးခဲ့ပြီးနောက် (၂)နှစ်အကြာမှာ ယခုလိုဖြစ်ရပ်တွေ ထပ်မံဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့(၂)နှစ်အတွင်း ထိုင်းနိုင်ငံတွင်းမှာ ဆေးခြောက်အရောင်းဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ သောင်းနဲ့ချီပေါ်ပေါက်လာခဲ့ပြီး ဆေးခြောက်အတွက် ပြည်တွင်းလက်လီရောင်းချမှုကဏ္ဍတွေ အရှိန်အဟုန်နဲ့တိုးလာနေတဲ့အချိန်မှာ ဒီလိုလှုပ်ရှားမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဆာရက်တာသာဗီဆင်က 'ကျန်းမာရေးဝန်ကြီးဌာနက စည်းမျဉ်းတွေကို ပြုပြင်ပြောင်းလဲပြီး ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းစေချင်ပါတယ်။ ဆေးခြောက်ကို ကျန်းမာရေးနဲ့ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်တွေအတွက်ပဲ သုံးစွဲခွင့်ပြုတဲ့ စည်းမျဉ်းတစ်ခုကို ကျန်းမာရေးဝန်ကြီးဌာနက အမြန်ဆုံးထုတ်သင့်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

ဆေးခြောက်ကို အပန်းဖြေဖို့အသုံးပြုခွင့်ကို ပိတ်ပင်ပြီး ဆေးဘက်ဆိုင်ရာနဲ့ကျန်းမာရေးအတွက်သာ အသုံးပြုခွင့်ပေးမယ့် ဥပဒေကို ယခုနှစ်ကုန်ပိုင်းမှာ ပြဌာန်းလိုတယ်လို့ ဆာရက်တာသာဗီဆင်ဦးဆောင်တဲ့ အစိုးရအသစ်က အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းမယ့်အချိန် ဒါမှမဟုတ် ဘယ်လုပ်ငန်းစဉ်တွေကို ပထမဆုံး လုပ်ဆောင်မှာလဲဆိုတာတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းခြင်းဟာ စီးပွားရေးကို ထိခိုက်လာစေနိုင်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး အသေးစားစီးပွာရေးလုပ်ငန်းတွေနဲ့ သုံးစွဲသူတွေအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ Cannabis Future Network အထွေထွေအတွင်းရေးမှူး Prasitchai Nunual ကပြောဆိုခဲ့ပါတယ်။

၎င်းက 'လူအတော်များများက ဆေးခြောက်ကိုစိုက်ပျိုးပြီး ဆေးခြောက်ဆိုင်တွေ ဖွင့်ကြတယ်။ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းလိုက်မယ်ဆိုရင် အဲဒီဆိုင်တွေကို ပိတ်ပစ်လိုက်ရပါလိမ့်မယ်။ သိပ္ပံနည်းကျ ရလဒ်တွေအရ ဆေးခြောက်ဟာ အရက်နဲ့ဆေးလိပ်တို့ထက် ပိုဆိုးတယ်ဆိုရင် အဲ့ဒါကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းနိုင်ပါတယ်။ ဒါပေမဲ့ ဆေးခြောက်က အန္တရာယ်နည်းတယ်ဆိုရင်တော့ ဆေးလိပ်နဲ့အရက်ကိုလည်း မူးယစ်ဆေးဝါးအဖြစ် စာရင်းသွင်းသင့်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ယခုႏွစ္ကုန္မွာ ေဆးေျခာက္ကို မူးယစ္ေဆးဝါးအျဖစ္ ျပန္လည္စာရင္းသြင္းေတာ့မယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ေမ ၉

ထိုင္းႏိုင္ငံဟာ ယခုႏွစ္ကုန္မွာ ေဆးေျခာက္ကို မူးယစ္ေဆးဝါးအျဖစ္ ျပန္လည္စာရင္းသြင္းေတာ့မယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ဆာရက္တာသာဗီဆင္က ေမလ(၈)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ထိုင္းႏိုင္ငံဟာ ေဆးေျခာက္ကို အပန္းေျဖရာမွာအသုံးျပဳခြင့္ေပးခဲ့ၿပီးေနာက္ (၂)ႏွစ္အၾကာမွာ ယခုလိုျဖစ္ရပ္ေတြ ထပ္မံျဖစ္ပြားလာခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့(၂)ႏွစ္အတြင္း ထိုင္းႏိုင္ငံတြင္းမွာ ေဆးေျခာက္အေရာင္းဆိုင္ေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြ ေသာင္းနဲ႔ခ်ီေပၚေပါက္လာခဲ့ၿပီး ေဆးေျခာက္အတြက္ ျပည္တြင္းလက္လီေရာင္းခ်မႈက႑ေတြ အရွိန္အဟုန္နဲ႔တိုးလာေနတဲ့အခ်ိန္မွာ ဒီလိုလႈပ္ရွားမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဆာရက္တာသာဗီဆင္က 'က်န္းမာေရးဝန္ႀကီးဌာနက စည္းမ်ဥ္းေတြကို ျပဳျပင္ေျပာင္းလဲၿပီး ေဆးေျခာက္ကို မူးယစ္ေဆးဝါးအျဖစ္ ျပန္လည္စာရင္းသြင္းေစခ်င္ပါတယ္။ ေဆးေျခာက္ကို က်န္းမာေရးနဲ႔ေဆးဘက္ဆိုင္ရာ ရည္႐ြယ္ခ်က္ေတြအတြက္ပဲ သုံးစြဲခြင့္ျပဳတဲ့ စည္းမ်ဥ္းတစ္ခုကို က်န္းမာေရးဝန္ႀကီးဌာနက အျမန္ဆုံးထုတ္သင့္ပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။

ေဆးေျခာက္ကို အပန္းေျဖဖို႔အသုံးျပဳခြင့္ကို ပိတ္ပင္ၿပီး ေဆးဘက္ဆိုင္ရာနဲ႔က်န္းမာေရးအတြက္သာ အသုံးျပဳခြင့္ေပးမယ့္ ဥပေဒကို ယခုႏွစ္ကုန္ပိုင္းမွာ ျပဌာန္းလိုတယ္လို႔ ဆာရက္တာသာဗီဆင္ဦးေဆာင္တဲ့ အစိုးရအသစ္က အေစာပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း ေဆးေျခာက္ကို မူးယစ္ေဆးဝါးအျဖစ္ ျပန္လည္စာရင္းသြင္းမယ့္အခ်ိန္ ဒါမွမဟုတ္ ဘယ္လုပ္ငန္းစဥ္ေတြကို ပထမဆုံး လုပ္ေဆာင္မွာလဲဆိုတာေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးပါဘူး။ ေဆးေျခာက္ကို မူးယစ္ေဆးဝါးအျဖစ္ ျပန္လည္စာရင္းသြင္းျခင္းဟာ စီးပြားေရးကို ထိခိုက္လာေစႏိုင္တဲ့ လုပ္ရပ္တစ္ခုျဖစ္ၿပီး အေသးစားစီးပြာေရးလုပ္ငန္းေတြနဲ႔ သုံးစြဲသူေတြအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္လာႏိုင္တယ္လို႔ ထိုင္းႏိုင္ငံရဲ႕ Cannabis Future Network အေထြေထြအတြင္းေရးမႉး Prasitchai Nunual ကေျပာဆိုခဲ့ပါတယ္။

၎က 'လူအေတာ္မ်ားမ်ားက ေဆးေျခာက္ကိုစိုက္ပ်ိဳးၿပီး ေဆးေျခာက္ဆိုင္ေတြ ဖြင့္ၾကတယ္။ ေဆးေျခာက္ကို မူးယစ္ေဆးဝါးအျဖစ္ ျပန္လည္စာရင္းသြင္းလိုက္မယ္ဆိုရင္ အဲဒီဆိုင္ေတြကို ပိတ္ပစ္လိုက္ရပါလိမ့္မယ္။ သိပၸံနည္းက် ရလဒ္ေတြအရ ေဆးေျခာက္ဟာ အရက္နဲ႔ေဆးလိပ္တို႔ထက္ ပိုဆိုးတယ္ဆိုရင္ အဲ့ဒါကို မူးယစ္ေဆးဝါးအျဖစ္ ျပန္လည္စာရင္းသြင္းႏိုင္ပါတယ္။ ဒါေပမဲ့ ေဆးေျခာက္က အႏၲရာယ္နည္းတယ္ဆိုရင္ေတာ့ ေဆးလိပ္နဲ႔အရက္ကိုလည္း မူးယစ္ေဆးဝါးအျဖစ္ စာရင္းသြင္းသင့္ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.