မြင်းခြံမြို့နယ်ရှိ ဆုံရွာကို အကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းကာ ဒေသခံ (၂၀)ဦးခန့်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဟုဆို

 2601

Pearl (NP News) - မေ ၉

မြင်းခြံမြို့နယ်ရှိ ဆုံရွာကို အကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းကာ ဒေသခံ(၂၀)ဦးခန့်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ယနေ့ (မေလ ၉ရက်) ၊ နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့်ပစ်ခတ်၍ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ကြောင်းသိရသည်။ အဆိုပါကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင် (၃၀)ဦးခန့်သည် အင်အားမမျှသဖြင့် ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာသူ၊ ကျေးရွာသား (၂၀)ဦးခန့်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ‌ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှိုးဖျက်ဆီးသွားခဲ့သဖြင့် နေအိမ် (၅၀)ခန့်သည်လည်း မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ျမင္းၿခံၿမိဳ႕နယ္ရွိ ဆုံ႐ြာကို အၾကမ္းဖက္အဖြဲ႕က ဝင္ေရာက္စီးနင္းကာ ေဒသခံ (၂၀)ဦးခန္႔ကို ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ဟုဆို
Pearl (NP News) - ေမ ၉

ျမင္းၿခံၿမိဳ႕နယ္ရွိ ဆုံ႐ြာကို အၾကမ္းဖက္အဖြဲ႕က ဝင္ေရာက္စီးနင္းကာ ေဒသခံ(၂၀)ဦးခန္႔ကို ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံမွ သိရသည္။

ယေန႔ (ေမလ ၉ရက္) ၊ နံနက္ပိုင္းတြင္ မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ဆုံ႐ြာေက်း႐ြာအတြင္းသို႔ အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္၍ ဝင္ေရာက္တိုက္ခိုက္စီးနင္းခဲ့ေၾကာင္းသိရသည္။ အဆိုပါေက်း႐ြာရွိ ျပည္သူ႔စစ္အဖြဲ႕ဝင္ (၃၀)ဦးခန႔္သည္ အင္အားမမွ်သျဖင့္ ဆုတ္ခြာထြက္ေျပးစဥ္ ေက်း႐ြာသူ၊ ေက်း႐ြာသား (၂၀)ဦးခန႔္အား အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ‌ေက်း႐ြာအတြင္းရွိ ေနအိမ္မ်ားကို မီးရႈိးဖ်က္ဆီးသြားခဲ့သျဖင့္ ေနအိမ္ (၅၀)ခန႔္သည္လည္း မီးေလာင္ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ က်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားတိုးျမႇင့္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.