မြင်းခြံမြို့နယ်ရှိ ဆုံရွာကျေးရွာအတွင်းသို့ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ (၃၂)ဦး သေဆုံး

 2164

Pearl (NP News) - မေ ၉

မြင်းခြံမြို့နယ်ရှိ ဆုံရွာကျေးရွာအတွင်းသို့ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ (၃၂)ဦး သေဆုံးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။

ယနေ့ (မေလ ၉ရက်) ၊ နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ ကျေးရွာ၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်မှနေ၍ အကြမ်းဖက်အဖွဲ့က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၁၅)ဦး တို့ ဗုံးစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အမျိုးသား (၅)ဦး နှင့် အမျိုးသမီး (၉)ဦးတို့သည်လည်း ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်အဖွဲ့က ‌ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှိုးဖျက်ဆီးသွားခဲ့သဖြင့် နေအိမ် (၅၀)ခန့်သည်လည်း မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသပေးနေပြီး ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ျမင္းၿခံၿမိဳ႕နယ္ရွိ ဆုံ႐ြာေက်း႐ြာအတြင္းသို႔ အၾကမ္းဖက္အဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေဒသခံ (၃၂)ဦး ေသဆုံး
Pearl (NP News) - ေမ ၉

ျမင္းၿခံၿမိဳ႕နယ္ရွိ ဆုံ႐ြာေက်း႐ြာအတြင္းသို႔ အၾကမ္းဖက္အဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေဒသခံ (၃၂)ဦး ေသဆုံးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရသိရသည္။

ယေန႔ (ေမလ ၉ရက္) ၊ နံနက္ပိုင္းတြင္ မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ဆုံ႐ြာေက်း႐ြာအတြင္းသို႔ ေက်း႐ြာ၏ ေတာင္ဘက္ႏွင့္ အေရွ႕ေတာင္ဘက္မွေန၍ အၾကမ္းဖက္အဖြဲ႕က လက္ နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ အဆိုပါေက်း႐ြာရွိ ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ားႏွင့္ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္အဖြဲ႕၏ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ ေက်း႐ြာအတြင္းရွိ အမ်ိဳးသား (၁၇)ဦး၊ အမ်ိဳးသမီး (၁၅)ဦး တို႔ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသား (၅)ဦး ႏွင့္ အမ်ိဳးသမီး (၉)ဦးတို႔သည္လည္း ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အၾကမ္းဖက္အဖြဲ႕က ‌ေက်း႐ြာအတြင္းရွိ ေနအိမ္မ်ားကို မီးရႈိးဖ်က္ဆီးသြားခဲ့သျဖင့္ ေနအိမ္ (၅၀)ခန႔္သည္လည္း မီးေလာင္ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဒဏ္ရာရရွိသူမ်ားအား မႏၲေလးၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ ေဆး႐ုံသို႔ပို႔ေဆာင္ကာ ေဆးကုသေပးေနၿပီး က်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္ သမားမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားတိုးျမႇင့္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.