စားသောက်ကုန်လုပ်ငန်းများ စားသောက်ကုန်မှတ်တမ်းတင်ခြင်းကို ယနေ့မှစ၍ လျှောက်ထားနိုင်ဟု FDA အသိပေး

 922

စော (NP News) - မေ ၉

စားသောက်ကုန်လုပ်ငန်းများ စားသောက်ကုန်မှတ်တမ်းတင်ခြင်းကို ယနေ့ (မေလ ၉ ရက်)မှ စ၍ လျှောက်ထားနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က အသိပေးထုတ်ပြန်ထားသည်။

ဈေးကွက်အတွင်းရှိ အသင့်ထုပ်ပိုးထားသော အစားအသောက်များအားလုံးကို စားသောက် ကုန် မှတ်တမ်းတင်ခြင်း လျှောက်ထားစေခြင်းအားဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်မည့် စား သောက်ကုန်သတ်မှတ်နံပါတ် (Food Product Code) တစ်ခု သတ်သတ်မှတ်မှတ် ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်နံပါတ်ကို စားသောက်ကုန်အမှတ်တံဆိပ်ပေါ်တွင် ဖော်ပြခြင်းဖြင့် စားသုံးသူများသည် စားသောက်ကုန်အမှတ်တံဆိပ်ပေါ်တွင် ယင်းသတ်မှတ်နံပါတ်ကို လွယ်ကူစွာ တွေ့ရှိနိုင်မည်ဖြစ်သောကြောင့် အစားအသောက်အခြေအနေကို စိစစ်သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များအား ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။ စားသောက်ကုန်လုပ်ငန်းများအနေဖြင့်လည်း အမှတ်တံဆိပ်ပေါ်တွင် စားသောက်ကုန် သတ်မှတ်နံပါတ် (Food Product Code) ပါရှိသည့်အတွက် မိမိထုတ်ကုန်အား စားသုံးသူမှသိရှိလွယ်ပြီး မှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင်ခြင်း၊ ထုတ်ကုန်ဂုဏ်သတင်းမြှင့်တင်နိုင်ခြင်း (Business Opportunity) နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်သောအခါ ပိုမိုအဆင်ပြေချောမွေ့လွယ်ကူစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

စားသောက်ကုန်မှတ်တမ်းတင်ခြင်းစနစ် (Food Product Notification System) ကို ပညာပေးကာလတွင် ဆန္ဒအလျောက် လျှောက်ထားဆောင်ရွက်ပေးမည်ဖြစ်သော်လည်း ပညာပေးကာလ ပြီးဆုံးပြီးနောက် ပြုပြင်တည့်မတ်ကာလသတ်မှတ်ပြီး “အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်”ဖြင့် ချိတ်ဆက်၍ ဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA က အသိပေးထုတ်ပြန်ထား သည်။

လျှောက်ထားရာတွင် အစားအသောက်အမျိုးအစား၊ အမှတ်တံဆိပ်၊ အသားတင်အလေးချိန်/ပမာဏ၊ ထုတ်ပိုးအရွယ်အစားနှင့် ထုတ်ပိုးပစ္စည်းအမျိုးအစား၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်/လိပ်စာ/ဖုန်းနံပါတ်၊ ထုတ်လုပ်သည့်နိုင်ငံနှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ပေးသည့် ထောက်ခံချက်တို့အား ဖြည့်သွင်းပြီး ထုတ်ကုန်၏ အမှတ်တံဆိပ်ဓာတ်ပုံ (PDF File)ဖြင့် ပူးတွဲ၍ Online E-submission မှ တဆင့်‌ လျှောက်ထားနိုင်ကြောင်း သိရသည်။

အစားအသောက်လုပ်ငန်းရှင်များအနေဖြင့် အမှတ်တံဆိပ်ကပ်ထားသော အသင့်ထုပ်ပိုးထားသည့် စားသောက်ကုန်များအားလုံးနှင့် ပြည်တွင်းအစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက်ရရှိပြီးနောက် တိုးချဲ့လျှောက်ထားမည့် စားသောက်ကုန်များ လျှောက်ထားရယူနိုင်ကြောင်း သိရသည်။ သီးခြားလျှောက်ထားရန်မလိုသော စားသောက်ကုန်များမှာ E-submission မှတဆင့် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားမည့် စားသောက်ကုန်များ၊ သွင်းကုန်ထောက်ခံချက်လျှောက်ထားမည့် စားသောက်ကုန်များနှင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိပြီး‌သော စားသောက်ကုန်များနှင့် သွင်းကုန်ထောက်ခံချက်ရရှိပြီးသော စားသောက်ကုန်များ ဖြစ်ကြောင်း သိရသည်။

စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန် မှတ်တမ်းတင်ခြင်း( Food Product Notification)ကို ယနေ့ (မေလ ၉ ရက်)မှ စ၍ FDA Website-www.fda.gov.mm၏ E-submission System, Food product notification မှတဆင့် e-Payment (၁၀၀၀၀)ကျပ်ဖြင့် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် စားသုံးသူ ပြည်သူများ အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းသော အစားအသောက်များ စားသုံးနိုင်စေရန်အတွက် စားသောက်ကုန်များကို ဈေးကွက်မတင်မီစိစစ်ခြင်း၊ ဈေးကွက်တင်ပြီးနောက် ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းစသည့် အစားအသောက်ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်မှုများအား အစဉ်တစိုက် ကြိုတင်စိစစ်ဆောင်ရွက်လျက်ကြောင်း သိရသည်။

zawgyi version
စားေသာက္ကုန္လုပ္ငန္းမ်ား စားေသာက္ကုန္မွတ္တမ္းတင္ျခင္းကို ယေန႔မွစ၍ ေလွ်ာက္ ထားႏိုင္ဟု FDA အသိေပး
ေစာ (NP News) - ေမ ၉

စားေသာက္ကုန္လုပ္ငန္းမ်ား စားေသာက္ကုန္မွတ္တမ္းတင္ျခင္းကို ယေန႔ (ေမလ ၉ ရက္)မွ စ၍ ေလွ်ာက္ထားႏိုင္ေၾကာင္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA)က အသိေပးထုတ္ျပန္ထားသည္။

ေဈးကြက္အတြင္းရွိ အသင့္ထုပ္ပိုးထားေသာ အစားအေသာက္မ်ားအားလုံးကို စားေသာက္ ကုန္ မွတ္တမ္းတင္ျခင္း ေလွ်ာက္ထားေစျခင္းအားျဖင့္ တိုက္ဆိုင္စစ္ေဆးႏိုင္မည့္ စား ေသာက္ကုန္သတ္မွတ္နံပါတ္ (Food Product Code) တစ္ခု သတ္သတ္မွတ္မွတ္ ရရွိသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သတ္မွတ္နံပါတ္ကို စားေသာက္ကုန္အမွတ္တံဆိပ္ေပၚတြင္ ေဖာ္ျပျခင္းျဖင့္ စားသုံးသူမ်ားသည္ စားေသာက္ကုန္အမွတ္တံဆိပ္ေပၚတြင္ ယင္းသတ္မွတ္နံပါတ္ကို လြယ္ကူစြာ ေတြ႕ရွိႏိုင္မည္ျဖစ္ေသာေၾကာင့္ အစားအေသာက္အေျခအေနကို စိစစ္သိရွိၿပီး ေဘးအႏၲရာယ္ကင္းရွင္းေသာ အစားအေသာက္မ်ားအား ေ႐ြးခ်ယ္ဝယ္ယူစားသုံးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ စားေသာက္ကုန္လုပ္ငန္းမ်ားအေနျဖင့္လည္း အမွတ္တံဆိပ္ေပၚတြင္ စားေသာက္ကုန္ သတ္မွတ္နံပါတ္ (Food Product Code) ပါရွိသည့္အတြက္ မိမိထုတ္ကုန္အား စားသုံးသူမွသိရွိလြယ္ၿပီး မွန္ကန္စြာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္ျခင္း၊ ထုတ္ကုန္ဂုဏ္သတင္းျမႇင့္တင္ႏိုင္ျခင္း (Business Opportunity) ႏွင့္ ႏိုင္ငံတကာေဈးကြက္သို႔ ထိုးေဖာက္ေသာအခါ ပိုမိုအဆင္ေျပေခ်ာေမြ႕လြယ္ကူေစျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္ေၾကာင္း သိရသည္။

စားေသာက္ကုန္မွတ္တမ္းတင္ျခင္းစနစ္ (Food Product Notification System) ကို ပညာေပးကာလတြင္ ဆႏၵအေလ်ာက္ ေလွ်ာက္ထားေဆာင္႐ြက္ေပးမည္ျဖစ္ေသာ္လည္း ပညာေပးကာလ ၿပီးဆုံးၿပီးေနာက္ ျပဳျပင္တည့္မတ္ကာလသတ္မွတ္ၿပီး “အသင့္ထုပ္ပိုးထားေသာ အစားအေသာက္မ်ား အမွတ္တံဆိပ္ကပ္ျခင္းဆိုင္ရာအမိန႔္”ျဖင့္ ခ်ိတ္ဆက္၍ ဥပေဒႏွင့္အညီ အေရးယူမႈမ်ား ျပဳလုပ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း FDA က အသိေပးထုတ္ျပန္ထား သည္။

ေလွ်ာက္ထားရာတြင္ အစားအေသာက္အမ်ိဳးအစား၊ အမွတ္တံဆိပ္၊ အသားတင္အေလးခ်ိန္/ပမာဏ၊ ထုတ္ပိုးအ႐ြယ္အစားႏွင့္ ထုတ္ပိုးပစၥည္းအမ်ိဳးအစား၊ ထုတ္လုပ္သည့္လုပ္ငန္းအမည္/လိပ္စာ/ဖုန္းနံပါတ္၊ ထုတ္လုပ္သည့္ႏိုင္ငံႏွင့္ အျခားသက္ဆိုင္ရာအဖြဲ႕အစည္းမွ ထုတ္ေပးသည့္ ေထာက္ခံခ်က္တို႔အား ျဖည့္သြင္းၿပီး ထုတ္ကုန္၏ အမွတ္တံဆိပ္ဓာတ္ပုံ (PDF File)ျဖင့္ ပူးတြဲ၍ Online E-submission မွ တဆင့္‌ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

အစားအေသာက္လုပ္ငန္းရွင္မ်ားအေနျဖင့္ အမွတ္တံဆိပ္ကပ္ထားေသာ အသင့္ထုပ္ပိုးထားသည့္ စားေသာက္ကုန္မ်ားအားလုံးႏွင့္ ျပည္တြင္းအစားအေသာက္ ထုတ္လုပ္ျခင္းေထာက္ခံခ်က္ရရွိၿပီးေနာက္ တိုးခ်ဲ႕ေလွ်ာက္ထားမည့္ စားေသာက္ကုန္မ်ား ေလွ်ာက္ထားရယူႏိုင္ေၾကာင္း သိရသည္။ သီးျခားေလွ်ာက္ထားရန္မလိုေသာ စားေသာက္ကုန္မ်ားမွာ E-submission မွတဆင့္ အစားအေသာက္ထုတ္လုပ္ျခင္း ေထာက္ခံခ်က္ ေလွ်ာက္ထားမည့္ စားေသာက္ကုန္မ်ား၊ သြင္းကုန္ေထာက္ခံခ်က္ေလွ်ာက္ထားမည့္ စားေသာက္ကုန္မ်ားႏွင့္ ျပည္တြင္းအစားအေသာက္ထုတ္လုပ္ျခင္း ေထာက္ခံခ်က္ရရွိၿပီး‌ေသာ စားေသာက္ကုန္မ်ားႏွင့္ သြင္းကုန္ေထာက္ခံခ်က္ရရွိၿပီးေသာ စားေသာက္ကုန္မ်ား ျဖစ္ေၾကာင္း သိရသည္။

စားေသာက္ကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ စားေသာက္ကုန္ မွတ္တမ္းတင္ျခင္း( Food Product Notification)ကို ယေန႔ (ေမလ ၉ ရက္)မွ စ၍ FDA Website-www.fda.gov.mm၏ E-submission System, Food product notification မွတဆင့္ e-Payment (၁၀၀၀၀)က်ပ္ျဖင့္ ဝင္ေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ စားသုံးသူ ျပည္သူမ်ား အရည္အေသြးေကာင္းမြန္ၿပီး ေဘးအႏၲရာယ္ကင္းေသာ အစားအေသာက္မ်ား စားသုံးႏိုင္ေစရန္အတြက္ စားေသာက္ကုန္မ်ားကို ေဈးကြက္မတင္မီစိစစ္ျခင္း၊ ေဈးကြက္တင္ၿပီးေနာက္ ေဈးကြက္ေထာက္လွမ္းစစ္ေဆးျခင္းစသည့္ အစားအေသာက္ေဘးအႏၲရာယ္ ျဖစ္ေပၚႏိုင္မႈမ်ားအား အစဥ္တစိုက္ ႀကိဳတင္စိစစ္ေဆာင္႐ြက္လ်က္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.