ရန်ကုန်မြို့တွင် လေပြင်းတိုက်ခြင်းနှင့်အတူ မိုးရွာသွန်းမှုများကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များလဲကာ လူနေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့

 13957

သန့်ဇင် (NP News) - မေ ၉

ရန်ကုန်မြို့တွင် လေပြင်းတိုက်ခြင်းနှင့်အတူ မိုးရွာသွန်းမှုများကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များလဲကာ လူနေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံပရဟိတအသင်းများထံမှ သိရသည်။

ယနေ့(မေလ ၉ ရက်)၊ မွန်းလွဲ ၂နာရီအချိန်ခန့်မှစတင်ကာ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် လေပြင်းတိုက်ခက်ခြင်းနှင့် မိုးရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့သဖြင့် သစ်ပင်များပြိုလဲကာ ကားလမ်းပိတ်ဆို့ခြင်းနှင့် လူနေအိမ်ထိခိုက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“လှိုင်သာယာမှာလေပြင်းတိုက်ပြီး မိုးသီးကြွေတယ်။ သစ်ပင်လဲတာတာတို့လည်းဖြစ်သွားတယ်။ တပင်ရွှေထီးလမ်းပေါ်မှာ လေပြင်းတိုက်လို့ ပိတောက်ပင်လဲပြီး ကားပေါ်ပိတာတို့ ရပ်ကွက်တော်တော်များများက အိမ်တွေလည်း သစ်ပင်ပိတာတွေဖြစ်သွားတယ်။ တပင်ရွှေထီးလမ်းကနေ အောင်ဇေယျတံတားထိ သစ်ပင်တွေတော်တော်များလဲသွားတယ်” ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထိုသို့ လေပြင်းတိုက်ခတ်ခြင်းကြောင့် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးလည်း သစ်ပင်ပိ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ထို့ပြင် အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင်လည်း လေပြင်းတိုက်ခက်ခြင်းကြောင့် သစ်ပင်များလဲပြိုကာ ကားလမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းခြင်းများကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစု၌ လျှပ်စစ်မီး ပြတ်တောက်ခြင်းများဖြစ်ပေါ်နေလျက်ရှိသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ေလျပင္းတိုက္ျခင္းႏွင့္အတူ မိုး႐ြာသြန္းမႈမ်ားေၾကာင့္ သစ္ပင္ႏွင့္ ဓာတ္တိုင္မ်ားလဲကာ လူေနအိမ္ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့

သန႔္ဇင္ (NP News) - ေမ ၉

ရန္ကုန္ၿမိဳ႕တြင္ ေလျပင္းတိုက္ျခင္းႏွင့္အတူ မိုး႐ြာသြန္းမႈမ်ားေၾကာင့္ သစ္ပင္ႏွင့္ ဓာတ္တိုင္မ်ားလဲကာ လူေနအိမ္ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း ေဒသခံပရဟိတအသင္းမ်ားထံမွ သိရသည္။

ယေန႔(ေမလ ၉ ရက္)၊ မြန္းလြဲ ၂နာရီအခ်ိန္ခန႔္မွစတင္ကာ လႈိင္သာယာၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔တြင္ ေလျပင္းတိုက္ခက္ျခင္းႏွင့္ မိုး႐ြာသြန္းျခင္းမ်ားျဖစ္ေပၚခဲ့သျဖင့္ သစ္ပင္မ်ားၿပိဳလဲကာ ကားလမ္းပိတ္ဆို႔ျခင္းႏွင့္ လူေနအိမ္ထိခိုက္ပ်က္စီးျခင္းမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

“လႈိင္သာယာမွာေလျပင္းတိုက္ၿပီး မိုးသီးေႂကြတယ္။ သစ္ပင္လဲတာတာတို႔လည္းျဖစ္သြားတယ္။ တပင္ေ႐ႊထီးလမ္းေပၚမွာ ေလျပင္းတိုက္လို႔ ပိေတာက္ပင္လဲၿပီး ကားေပၚပိတာတို႔ ရပ္ကြက္ေတာ္ေတာ္မ်ားမ်ားက အိမ္ေတြလည္း သစ္ပင္ပိတာေတြျဖစ္သြားတယ္။ တပင္ေ႐ႊထီးလမ္းကေန ေအာင္ေဇယ်တံတားထိ သစ္ပင္ေတြေတာ္ေတာ္မ်ားလဲသြားတယ္” ဟု ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔ ေလျပင္းတိုက္ခတ္ျခင္းေၾကာင့္ လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္တြင္ေနထိုင္သည့္ အမ်ိဳးသားတစ္ဦးလည္း သစ္ပင္ပိ၍ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ျခင္းေၾကာင့္ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

ထို႔ျပင္ အင္းစိန္ၿမိဳ႕နယ္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္တို႔တြင္လည္း ေလျပင္းတိုက္ခက္ျခင္းေၾကာင့္ သစ္ပင္မ်ားလဲၿပိဳကာ ကားလမ္းပိတ္ဆို႔မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ အဆိုပါ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ မိုး႐ြာသြန္းျခင္းမ်ားေၾကာင့္ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အမ်ားစု၌ လွ်ပ္စစ္မီး ျပတ္ေတာက္ျခင္းမ်ားျဖစ္ေပၚေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.