အမွှေးမဲ့ ကြောင်မျိုးစိတ်ဟာ အခြားကြောင်တွေထက် သက်တမ်း ပိုတိုတယ်လို့ သုတေသနအသစ် ဖော်ပြ

1119

ရောင်နီ (NP News) - မေ ၁၀
အိမ်မွေးကြောင်တွေဟာ ပုံမှန်အားဖြင့် အသက် ၁၈ နှစ်အထိ ရှိပေမယ့် အမွှေးမရှိတဲ့ Sphynx ကြောင် မျိုးစိတ်ကတော့ ပျမ်းမျှသက်တမ်း ၆ နှစ်၊ ၈ နှစ်သာ ရှိကာ အိမ်မွေးကြောင်တွေထဲမှာ သက်တမ်းအနိမ့်ဆုံးဖြစ်တယ်လို့ သုတေသနအသစ်အရ သိရပါတယ်။
၎င်းဟာ ဗြိတိန်ရှိ Royal Veterinary College (RVC) နဲ့ ထိုင်ဝမ်ရှိ National Chung Hsing University (NCHU) တို့မှ သုတေသီတွေ ပေါင်းစပ်ဖော်ထုတ်ပြီး ဗုဒ္ဓဟူးနေ့ (မေလ ၈ ရက်) က ထုတ်ဝေတဲ့ Feline Medicine ဂျာနယ်မှာ ဖော်ပြလာတဲ့ လေ့လာမှု တစ်ခုဖြစ်ပါတယ်။
Sphynx ကြောင်တွေဟာ အမွှေးမရှိတဲ့ ကြောင်တွေဖြစ်ပြီး မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့အမွှေးအမျှင်များ မရှိခြင်းဟာ ကြောင်မွှေးအန္တရာယ် ကြောက်ရွံ့တတ်သူတွေအတွက် မွေးမြူဖို့ အသင့်တော်ဆုံးဖြစ်စေခဲ့ပါတယ်။
ကြောင်မျိုးစိတ်တွေထဲမှာ ဗမာကြောင်တွေကတော့ သက်တမ်းအရှည်ဆုံး အသက် ၁၄ နှစ်ထိ နေထိုင်နိုင်ကြပြီး ယိုးဒယားကြောင်မျိုးစိတ်တွေကတော့ ၁၇ နှစ်ထိ ရှင်သန်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ သုတေသီအဖွဲ့ရဲ့ လေ့လာမှုဟာ ဗြိတိန်မှာ တိရစ္ဆာန်ဆေးကုဆရာဝန်များ မှတ်ပုံတင်ထားတဲ့ ကြောင် ၇,၉၃၆ 7 ကောင်ရဲ့ ဆေးခန်းဒေတာတွေမှ လေ့လာတွေ့ရှိခြင်း ဖြစ်ပါတယ်။

Zawgyi Version;
အေမႊးမဲ့ ေၾကာင္မ်ိဳးစိတ္ဟာ အျခားေၾကာင္ေတြထက္ သက္တမ္း ပိုတိုတယ္လို႔ သုေတသနအသစ္ ေဖာ္ျပ
ေရာင္နီ (NP News) - ေမ ၁၀
အိမ္ေမြးေၾကာင္ေတြဟာ ပုံမွန္အားျဖင့္ အသက္ ၁၈ ႏွစ္အထိ ရွိေပမယ့္ အေမႊးမရွိတဲ့ Sphynx ေၾကာင္ မ်ိဳးစိတ္ကေတာ့ ပ်မ္းမွ်သက္တမ္း ၆ ႏွစ္၊ ၈ ႏွစ္သာ ရွိကာ အိမ္ေမြးေၾကာင္ေတြထဲမွာ သက္တမ္းအနိမ့္ဆုံးျဖစ္တယ္လို႔ သုေတသနအသစ္အရ သိရပါတယ္။
၎ဟာ ၿဗိတိန္ရွိ Royal Veterinary College (RVC) နဲ႔ ထိုင္ဝမ္ရွိ National Chung Hsing University (NCHU) တို႔မွ သုေတသီေတြ ေပါင္းစပ္ေဖာ္ထုတ္ၿပီး ဗုဒၶဟူးေန႔ (ေမလ ၈ ရက္) က ထုတ္ေဝတဲ့ Feline Medicine ဂ်ာနယ္မွာ ေဖာ္ျပလာတဲ့ ေလ့လာမႈ တစ္ခုျဖစ္ပါတယ္။
Sphynx ေၾကာင္ေတြဟာ အေမႊးမရွိတဲ့ ေၾကာင္ေတြျဖစ္ၿပီး မ်ိဳး႐ိုးဗီဇေၾကာင့္ျဖစ္တဲ့အေမႊးအမွ်င္မ်ား မရွိျခင္းဟာ ေၾကာင္ေမႊးအႏၲရာယ္ ေၾကာက္႐ြံ႕တတ္သူေတြအတြက္ ေမြးျမဴဖို႔ အသင့္ေတာ္ဆုံးျဖစ္ေစခဲ့ပါတယ္။
ေၾကာင္မ်ိဳးစိတ္ေတြထဲမွာ ဗမာေၾကာင္ေတြကေတာ့ သက္တမ္းအရွည္ဆုံး အသက္ ၁၄ ႏွစ္ထိ ေနထိုင္ႏိုင္ၾကၿပီး ယိုးဒယားေၾကာင္မ်ိဳးစိတ္ေတြကေတာ့ ၁၇ ႏွစ္ထိ ရွင္သန္ႏိုင္တယ္လို႔ သိရပါတယ္။
အဆိုပါ သုေတသီအဖြဲ႕ရဲ႕ ေလ့လာမႈဟာ ၿဗိတိန္မွာ တိရစာၦန္ေဆးကုဆရာဝန္မ်ား မွတ္ပုံတင္ထားတဲ့ ေၾကာင္ ၇,၉၃၆ 7 ေကာင္ရဲ႕ ေဆးခန္းေဒတာေတြမွ ေလ့လာေတြ႕ရွိျခင္း ျဖစ္ပါတယ္။